【 နည်းပညာ 】 Selfie သမားတွေအတွက် Xiaomi ရဲ့ Mi CC9

【 နည်းပညာ 】 Selfie သမားတွေအတွက် Xiaomi ရဲ့ Mi CC9

Xiaomi မှ လာမယ့် ဇူလိုင်လမှာတော့ ၎င်းရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတစ်ခုကို မိတ်ဆက်တော့မှာပါ။

Mi Series နဲ့ Redmi brand တွေ မဟုတ်ပဲနဲ့ CC series ကို မိတ်ဆက်လာမှာဖြစ်ပြီး Mi CC9 လို့ အမည်ပေးထားကြောင်း သိရပါတယ်။

အဆိုပါ Mi CC9 ဟာ selfie ရိုက်တဲ့လူတွေ အကြိုက်တွေ့မယ့် ဖုန်းတစ်လုံးဖြစ်လာမှာလည်း သေချာသလောက်ပါပဲ။ဘာကြောင့်လည်းဆိုရင် Mi CC9 ရဲ့ selfie ကင်မရာဟာ 32MP ထိ ပါဝင်လာမှာဖြစ်ပြီး၊ ဒါဟာ အတော်ကို စွမ်းဆောင်ရည်ကောင်းတဲ့ selfie ကင်မရာလို့ ဆိုရမှာ ဖြစ်ပါတယ်။

Mi CC9 ဟာ ယခင်ထွက်ရှိထားတဲ့ Mi 9 ပုံစံနဲ့ ဆင်တူမှာဖြစ်ပြီး မျက်နှာပြင်မှာ notch ပါဝင်မှာဖြစ်ကာ၊ နောက်ဘက် ကင်မရာသုံးလုံးကို ဒေါင်လိုက်တပ်ဆင်ထားမှာပါ။အဓိက ကင်မရာကို Sony IMX586 sensor 48MP တပ်ဆင်ပေးထားမှာ ဖြစ်တဲ့အတွက် အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာလည်း ဖြစ်ပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ Snapdragon 730 SoC ကို တပ်ဆင်မောင်းနှင်လာဖွယ်ရှိပြီး၊ 6.39-inch FHD+ AMOLED မျက်နှာပြင်ကိုပဲ တပ်ဆင်လာဖွယ် ရှိနေပါတယ်။ဘက်ထရီကိုတော့ 4,000mAh ထည့်သွင်းပေးထားနိုင်ကာ၊ Android Pie အခြေပြု MIUI 10 နဲ့ မောင်းနှင်လာဖွယ် ရှိပါတယ်။

ဒါ့အပြင် အနည်းငယ် specs ပိုနိမ့်တဲ့ Mi CC9e လည်း ထွက်ပေါ်လာနိုင်ချေ ရှိပါသေးတယ်။

အချက်အလက် အပြည့်အစုံကိုတော့ တိတိကျကျ မသိရှိရသေးပဲ ဇူလိုင်လမှာတော့ selfie သမားတွေ အကြိုက်တွေ့မယ့် Xaiomi ရဲ့ CC series ကတော့ ထွက်ပေါ်လာတော့မှာပဲ ဖြစ်ပါတယ်။

Damien

( Zawgyi )

Xiaomi မွ လာမယ့္ ဇူလိုင္လမွာေတာ့ ၎ရဲ႕ မ်ိဳးဆက္သစ္ စမတ္ဖုန္းတစ္ခုကို မိတ္ဆက္ေတာ့မွာပါ။

Mi Series နဲ႔ Redmi brand ေတြ မဟုတ္ပဲနဲ႔ CC series ကို မိတ္ဆက္လာမွာျဖစ္ၿပီး Mi CC9 လို႔ အမည္ေပးထားေၾကာင္း သိရပါတယ္။

အဆိုပါ Mi CC9 ဟာ selfie ႐ိုက္တဲ့လူေတြ အႀကိဳက္ေတြ႕မယ့္ ဖုန္းတစ္လုံးျဖစ္လာမွာလည္း ေသခ်ာသေလာက္ပါပဲ။ဘာေၾကာင့္လည္းဆိုရင္ Mi CC9 ရဲ႕ selfie ကင္မရာဟာ 32MP ထိ ပါဝင္လာမွာျဖစ္ၿပီး၊ ဒါဟာ အေတာ္ကို စြမ္းေဆာင္ရည္ေကာင္းတဲ့ selfie ကင္မရာလို႔ ဆိုရမွာ ျဖစ္ပါတယ္။

Mi CC9 ဟာ ယခင္ထြက္ရွိထားတဲ့ Mi 9 ပုံစံနဲ႔ ဆင္တူမွာျဖစ္ၿပီး မ်က္ႏွာျပင္မွာ notch ပါဝင္မွာျဖစ္ကာ၊ ေနာက္ဘက္ ကင္မရာသုံးလုံးကို ေဒါင္လိုက္တပ္ဆင္ထားမွာပါ။အဓိက ကင္မရာကို Sony IMX586 sensor 48MP တပ္ဆင္ေပးထားမွာ ျဖစ္တဲ့အတြက္ အရည္အေသြး ေကာင္းမြန္တဲ့ ဓာတ္ပုံေတြကို ႐ိုက္ကူးႏိုင္မွာလည္း ျဖစ္ပါတယ္။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ Snapdragon 730 SoC ကို တပ္ဆင္ေမာင္းႏွင္လာဖြယ္ရွိၿပီး၊ 6.39-inch FHD+ AMOLED မ်က္ႏွာျပင္ကိုပဲ တပ္ဆင္လာဖြယ္ ရွိေနပါတယ္။ဘက္ထရီကိုေတာ့ 4,000mAh ထည့္သြင္းေပးထားႏိုင္ကာ၊ Android Pie အေျချပဳ MIUI 10 နဲ႔ ေမာင္းႏွင္လာဖြယ္ ရွိပါတယ္။

ဒါ့အျပင္ အနည္းငယ္ specs ပိုနိမ့္တဲ့ Mi CC9e လည္း ထြက္ေပၚလာႏိုင္ေခ် ရွိပါေသးတယ္။

အခ်က္အလက္ အျပည့္အစုံကိုေတာ့ တိတိက်က် မသိရွိရေသးပဲ ဇူလိုင္လမွာေတာ့ selfie သမားေတြ အႀကိဳက္ေတြ႕မယ့္ Xaiomi ရဲ႕ CC series ကေတာ့ ထြက္ေပၚလာေတာ့မွာပဲ ျဖစ္ပါတယ္။

Damien