【 နည်းပညာ 】Flagship Killer ဖြစ်လာမယ့် Redmi K20

【 နည်းပညာ 】Flagship Killer ဖြစ်လာမယ့် Redmi K20

လက်ရှိ ရက်သတ္တပတ်တွေဟာ စမတ်ဖုန်းချစ်သူတွေအတွက်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ဖြစ်ပေါ်ခဲ့တာ အားလုံးအမြင်ပါပဲ။

One Plus က ၎င်းရဲ့ flagship စမတ်ဖုန်းဖြစ်တဲ့ One Plus 7 pro နဲ့ One Plus 7 တို့ကို မိတ်ဆက်ခဲ့သလို၊ ASUS ကလည်း ၎င်းရဲ့ ZenFone 6 စမတ်ဖုန်းကို One Plus ကို ခနဲ့ကာ ကြေညာပြသွားခဲ့ပါတယ်။

ယခုတော့ Redmi ကလည်း One Plus ရဲ့ flagship ဖုန်းကို ဂုဏ်ယူစကားဆိုသလိုနဲ့ ၎င်းရဲ့ စမတ်ဖုန်းသစ် Redmi K20 ဟာ flagship killer ဖြစ်တယ်ဆိုပြီး ကြောညာပြလိုက်ပါတယ်။တကယ်ရော killer ဖြစ်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ Redmi K20 specs တွေကတော့ 6.39-inch, 1080x2340 resolution ရှိတဲ့ မျက်နှာပြင် တပ်ဆင်ထားပြီး၊ Snapdragon 855, 8GB RAM တို့ကို တပ်ဆင်မောင်းနှင်လာမှာဖြစ်ပြီး၊ နောက်ဘက်ကင်မရာ 48-megapixel နဲ့ 16-megapixel နှစ်လုံးပါဝင်ကာ၊ ရှေ့ဘက် selfie ကင်မရာကိုတော့ 32-megapixel တပ်ဆင်လာမယ်လို့ ယူဆရပါတယ်။ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး၊ မြန်နှုန်းမြှင့် အားသွင်းစနစ်လဲ ပါဝင်လာမယ်လို့ သိရပါတယ်။

လက်ရှိထွက်ပေါ်နေတဲ့ specs အရ ဆိုရင်တော့ Redmi K20 ဟာ flagship killer ဖြစ်လာမယ့်ပုံပါပဲ။ဈေးနှုန်းပိုင်းကိုတော့ သိရှိရခြင်းမရှိသေးပဲ One Plus ဖုန်းတွေက ၉သိန်းကျော်ခန့်နဲ့ ၁၂သိန်းကျော်ခန့် ရှိနေချိန်မှာ Redmi K20 က သတင်းထွက်နေတဲ့ specs အတိုင်း ထွက်လာခဲ့ရင်တော့ ပိုမိုရွေးချယ် ဝယ်ယူသင့်တဲ့ flagship killer ဖုန်း ဖြစ်ပါတယ်။

Damien

(   Zawgyi    )

 လက္ရွိ ရက္သတၱပတ္ေတြဟာ စမတ္ဖုန္းခ်စ္သူေတြအတြက္ေတာ့ ရင္ခုန္စိတ္လႈပ္ရွားစရာေတြ ျဖစ္ေပၚခဲ့တာ အားလုံးအျမင္ပါပဲ။

One Plus က ၎ရဲ႕ flagship စမတ္ဖုန္းျဖစ္တဲ့ One Plus 7 pro နဲ႔ One Plus 7 တို႔ကို မိတ္ဆက္ခဲ့သလို၊ ASUS ကလည္း ၎ရဲ႕ ZenFone 6 စမတ္ဖုန္းကို One Plus ကို ခနဲ႔ကာ ေၾကညာျပသြားခဲ့ပါတယ္။

ယခုေတာ့ Redmi ကလည္း One Plus ရဲ႕ flagship ဖုန္းကို ဂုဏ္ယူစကားဆိုသလိုနဲ႔ ၎ရဲ႕ စမတ္ဖုန္းသစ္ Redmi K20 ဟာ flagship killer ျဖစ္တယ္ဆိုၿပီး ေၾကာညာျပလိုက္ပါတယ္။တကယ္ေရာ killer ျဖစ္လာမလားဆိုတာကေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

လက္ရွိ ထြက္ေပၚေနတဲ့ သတင္းေတြအရ Redmi K20 specs ေတြကေတာ့ 6.39-inch, 1080x2340 resolution ရွိတဲ့ မ်က္ႏွာျပင္ တပ္ဆင္ထားၿပီး၊ Snapdragon 855, 8GB RAM တို႔ကို တပ္ဆင္ေမာင္းႏွင္လာမွာျဖစ္ၿပီး၊ ေနာက္ဘက္ကင္မရာ 48-megapixel နဲ႔ 16-megapixel ႏွစ္လုံးပါဝင္ကာ၊ ေရွ႕ဘက္ selfie ကင္မရာကိုေတာ့ 32-megapixel တပ္ဆင္လာမယ္လို႔ ယူဆရပါတယ္။ဘက္ထရီကေတာ့ 4,000mAh ျဖစ္ၿပီး၊ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္လဲ ပါဝင္လာမယ္လို႔ သိရပါတယ္။

လက္ရွိထြက္ေပၚေနတဲ့ specs အရ ဆိုရင္ေတာ့ Redmi K20 ဟာ flagship killer ျဖစ္လာမယ့္ပုံပါပဲ။ေဈးႏႈန္းပိုင္းကိုေတာ့ သိရွိရျခင္းမရွိေသးပဲ One Plus ဖုန္းေတြက ၉သိန္းေက်ာ္ခန႔္နဲ႔ ၁၂သိန္းေက်ာ္ခန႔္ ရွိေနခ်ိန္မွာ Redmi K20 က သတင္းထြက္ေနတဲ့ specs အတိုင္း ထြက္လာခဲ့ရင္ေတာ့ ပိုမိုေ႐ြးခ်ယ္ ဝယ္ယူသင့္တဲ့ flagship killer ဖုန္း ျဖစ္ပါတယ္။

Damien