【 အနုပညာ 】စိုင်းစိုင်းခမ်းလှိုင်ပြောတဲ့ " သင်္ကြန်အငွေ့အသက်တွေနဲ့ ပိတောက်ကတဲ့ဂီတည"

လာမယ့် သင်္ကြန်ပွဲတော်အတွက် အထိမ်းအမှတ်တစ်ခုလည်း ဖြစ်အောင် သင်္ကြန်အငွေ့အသက်တွေ ပါတဲ့ “ပိတောက်ကတဲ့ ဂီတည” ရုပ်ရှင် ဇာတ်ကားကို စီစဉ်ရိုက်ကူးခဲ့တာဖြစ်ပြီး လာမယ့် မတ်လ ၅ ရက်မှာ ရုံတင် ပြသတော့မယ်လို့ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ဖေဖော်ဝါရီ ၂၆ ရက် ညက ပြောကြားခဲ့ပါတယ်။

“သင်္ကြန်ပွဲတော်အတွက် ရည်ရွယ်ပြီးတော့ စီစဉ်တဲ့ ကားလေးလည်းဖြစ်ပါတယ်၊ သင်္ကြန်မတိုင်ခင်မှာ ရုံတင်ခွင့် ရချင်ခဲ့တာ အခုတော့ ရုံတင်ခွင့်ရခဲ့ပါပြီ၊ ဒီကားလေးဟာ ကျွန်တော့်အနေနဲ့ ပထမဆုံး ပရိုဂျူဆာ လုပ်ပြီးတော့ ရိုက်ထားတဲ့ကားလေးလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့ Frenzo Production ကနေ ပထမဆုံး ထုတ်တဲ့ ကားလေးပါ၊ အဂ္ဂါစိုင်း ဆိုတဲ့ ဇာတ်ကောင်နေရာက သရုပ်ဆောင် ထားပါတယ်၊ သင်္ကြန်ပွဲတော်အငွေ့ အသက်များနဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်၊ ထူးခြားတာက တေးဂီတပေါင်းစုံပါဝင်တာ ဖြစ်ပါတယ်”လို့ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ရှင်းပြပါတယ်။

အဆိုပါ ဇာတ်ကားမှာ စိုင်းစိုင်းခမ်းလှိုင်၊ ကျော်သူ၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ ပိုးမမှီသာ၊ မေသဉ္ဇာဦး၊ စိုးမြတ်သူဇာ၊ ချိုပြုံး တို့နဲ့ သရုပ်ဆောင် များစွာ ပါဝင်ထားပြီး ဇာတ်လမ်း နေနော်၊ ဇာတ်ညွှန်း နေနော်နဲ့ အင်ကြင်းဟန်၊ ဒါရိုက်တာ မီးပွား က ရိုက်ကူးပုံ ဖော်ထား တာ ဖြစ်သလို ဖေဖော်ဝါရီ ၂၆ ရက် ညမှာ ရန်ကုန်မြို့က သမ္မတ ရုပ်ရှင်ရုံမှာ အထူးပွဲအဖြစ် ပြသခဲ့ပါတယ်။

 “ဒီမှာပါတဲ့ ဂီတွေကို ကျေနပ်တယ်၊ ဂီတအမျိုးအစားစုံအောင်ပါတယ်၊ ကျေလည်းကျေနပ်တယ်၊ ရုပ်ရှင်တစ်ကား ဆိုတာထက် သီချင်း ရုပ်ရှင်ဖြစ်တယ်၊ ဇာတ်ကားထဲမှာက ကောင်မလေးကို အရမ်းချစ်ပြီး အရမ်း romantic အရမ်းဆန်တယ်၊ ကျွန်တော်က တစ်နှစ်မှာ တစ်ကား လောက်ပဲ ရိုက်ဖြစ်ပါတယ်၊ ဒါဟာလည်း အနုပညာအရည်အသွေးကို အကောင်းဆုံး ဖြစ်စေချင်တဲ့အတွက် ကြောင့်ပါ”လို့ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ဆက်လက်ရှင်းပြပါတယ်။

သူဟာ “ကြာတော့သည်လဲ မောင့်စကား” လို့ နာမည်ရတဲ့ ရုပ်ရှင်ရိုက်ကူးပြီးတဲ့နောက် ၁၅လ အကြာမှာ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ကို ရိုက်ကူးခဲ့တာဖြစ်ပြီး မန္တလေးသင်္ကြန် အငွေ့အသက်တွေ ပါဝင်တဲ့ ရုပ်ရှင်ကားဖြစ်သလို သီချင်းအပုဒ်ရေ ၂၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။ အဆိုပါ ရုပ်ရှင်ကားကို ၂၀၁၉ ခုနှစ် သြဂုတ်လက မန္တလေးမြို့နဲ့ အနီးတစ်ဝိုက်ဒေသများ၊ တောင်သမန်တံတား၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)၊ မြို့မတီးဝိုင်း၊ ကုသိုလ်တော်ဘုရား စတဲ့ နေရာတွေမှာ ရိုက်ကူးခဲ့ပြီး လာမယ့် ဖေဖော်ဝါရီ ၂၉ ရက်မှာ မန္တလေးမြို့က JCGV မှာ အထူးပွဲပြသကာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

(  Zawgyi  )