【 အနုပညာ 】ပွင့်လင်းတာနဲ့မတန်ဘူးဆိုတဲ့ မော်ဒယ်သရုပ်ဆောင် ရွှေအိမ်စည်

 【   အနုပညာ  】ပွင့်လင်းတာနဲ့မတန်ဘူးဆိုတဲ့ မော်ဒယ်သရုပ်ဆောင် ရွှေအိမ်စည်

ဟန်ဆောင်မှုတွေနဲ့ အမြုံတွေများတဲ့ခေတ်ကြီးထဲ ပွင့်လင်းတာနဲ့မတန်ဘူးဆိုပေမယ့် မိမိရဲ့ပွင့်လင်းတဲ့ အပြုအမူ အပြောအဆိုတွေကြောင့် ထိန်းနေရတယ်လို့ မော်ဒယ်သရုပ်ဆောင် ရွှေအိမ်စည်က ပြောပါတယ်။ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တာကြောင့်လည်း သူ့ကိုဝေဖန်တိုက်ခိုက်သူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ 
 
“လူတွေက ပွင့်လင်းတာနဲ့မတန်ဘူးအိမ်စည်တဲ့၊ အဲ့လိုပြောလာတာတွေရှိတယ်၊ ဟုတ်တယ်လေ၊ အမြုံတွေများနေတဲ့ ခေတ်ကြီးမှာ ကိုယ်ကကောင်းပေမယ့်သော်ငြားလည်း ခံရတယ်၊ ပွင့်လင်းတော့ပွင့်လင်း ပေမယ့် ကိုယ့်ရဲ့အရေးကြီးတဲ့ ကိုယ်ရေးကိုယ်တာ Information တွေ ပါသွားတဲ့အထိတော့ ပွင့်လင်းဖို့ မကောင်းတော့ဘူးလေ၊ အရာအားလုံးနဲ့ပတ်သက်ပြီး ပွင့်လင်းနေရင် နိုင်ငံခြားမှာတော့အဆင်ပြေနိုင်ချင်ရင် ပြေနိုင်ပေမယ့် ဒီမှာတော့ မပြေနိုင်ဘူး၊ အိမ်စည်ကိုယ်တိုင်လည်း ခံခဲ့ရတာလေ၊ ကိုယ့်ရဲ့ ပွင့်လင်းတဲ့ပုံစံတော့ မပြောင်းလဲဘူး၊ လူတွေက ဖောရှောဆိုပြီးအကုန်လုံးလည်း တွက်လို့မရဘူးလေ၊ ဘယ်သူနဲ့ပွင့်လင်းမယ်၊ ဘယ်သူနဲ့မပွင့်လင်းဘူး အဲ့လိုပဲပေါ့”လို့ ၎င်းက ရှင်းပြပါတယ်။
 
အခုလိုကာလမှာ ကြော်ငြာလေးတွေလည်း ရိုက်လာရသလို သူမ နှစ်သက်တဲ့ မော်ဒယ်ရှိုးလျှောက်တာတွေ၊ ပွဲလမ်းသဘင်တွေဟာ COVID ကြောင့် မလုပ်ရသေးတဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်နေတယ်လို့ သိရပါတယ်။ COVID စည်းကမ်းချက်တွေ ဖြေလျော့ကာ ခရီးသွားလာခွင့်တွေရပြီဆိုပါက တစ်လ၊ နှစ်လ အကြာ အပန်းဖြေခရီးထွက်ဖို့လည်းရှိနေတယ်လို့ ဆိုပါတယ်။ 
 
ဆက်လက်ပြီး နှစ်သစ်ဆုတောင်းစကား အနေနဲ့ ၎င်းက “နှစ်သစ်ဆုတောင်းအနေနဲ့ပြောရရင် စိတ်ဓာတ်မကျ ကြပါနဲ့လို့ ပြောချင်တယ်၊ ဒီအခြေအနေကြီးကလေ အဆင်ပြေ လာလိုက်၊ ဆိုးသွားလိုက်နဲ့ ကိုယ့်ကိုယ်ကိုတောင် ဘာမှန်းမသိဘူး၊ ရူးတောင်ရူးချင်တယ်၊ ကိုယ့်ဟာနဲ့ကိုယ် Modivation ယူပြီးတော့ တစ်ရက်ထက်တစ်ရက် အကောင်းဆုံးဖြစ်အောင် ရပ်တည်ပါ၊ အများကြီးမတွေးပါနဲ့ အဲ့ဒါလေးပဲ ပြောချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ 
 
မင်းခေတ်လင်း
(ဓာတ်ပုံ- ကိုနိုင် NG)
ရန်ကုန်၊ ဇန်နဝါရီ ၁၁ 
 
(  Zawgyi  )
 
 ဟန္ေဆာင္မႈေတြနဲ႔ အၿမဳံေတြမ်ားတဲ့ေခတ္ႀကီးထဲ ပြင့္လင္းတာနဲ႔မတန္ဘူးဆိုေပမယ့္ မိမိရဲ႕ပြင့္လင္းတဲ့ အျပဳအမူ အေျပာအဆိုေတြေၾကာင့္ ထိန္းေနရတယ္လို႔ ေမာ္ဒယ္သ႐ုပ္ေဆာင္ ေ႐ႊအိမ္စည္က ေျပာပါတယ္။ပြင့္ပြင့္လင္းလင္း ေျပာဆိုေနထိုင္တတ္တာေၾကာင့္လည္း သူ႔ကိုေဝဖန္တိုက္ခိုက္သူေတြလည္းရွိခဲ့တယ္လို႔ သိရပါတယ္။ 
 
“လူေတြက ပြင့္လင္းတာနဲ႔မတန္ဘူးအိမ္စည္တဲ့၊ အဲ့လိုေျပာလာတာေတြရွိတယ္၊ ဟုတ္တယ္ေလ၊ အၿမဳံေတြမ်ားေနတဲ့ ေခတ္ႀကီးမွာ ကိုယ္ကေကာင္းေပမယ့္ေသာ္ျငားလည္း ခံရတယ္၊ ပြင့္လင္းေတာ့ပြင့္လင္း ေပမယ့္ ကိုယ့္ရဲ႕အေရးႀကီးတဲ့ ကိုယ္ေရးကိုယ္တာ Information ေတြ ပါသြားတဲ့အထိေတာ့ ပြင့္လင္းဖို႔ မေကာင္းေတာ့ဘူးေလ၊ အရာအားလုံးနဲ႔ပတ္သက္ၿပီး ပြင့္လင္းေနရင္ ႏိုင္ငံျခားမွာေတာ့အဆင္ေျပႏိုင္ခ်င္ရင္ ေျပႏိုင္ေပမယ့္ ဒီမွာေတာ့ မေျပႏိုင္ဘူး၊ အိမ္စည္ကိုယ္တိုင္လည္း ခံခဲ့ရတာေလ၊ ကိုယ့္ရဲ႕ ပြင့္လင္းတဲ့ပုံစံေတာ့ မေျပာင္းလဲဘူး၊ လူေတြက ေဖာေရွာဆိုၿပီးအကုန္လုံးလည္း တြက္လို႔မရဘူးေလ၊ ဘယ္သူနဲ႔ပြင့္လင္းမယ္၊ ဘယ္သူနဲ႔မပြင့္လင္းဘူး အဲ့လိုပဲေပါ့”လို႔ ၎က ရွင္းျပပါတယ္။
 
အခုလိုကာလမွာ ေၾကာ္ျငာေလးေတြလည္း ႐ိုက္လာရသလို သူမ ႏွစ္သက္တဲ့ ေမာ္ဒယ္ရႈိးေလွ်ာက္တာေတြ၊ ပြဲလမ္းသဘင္ေတြဟာ COVID ေၾကာင့္ မလုပ္ရေသးတဲ့အတြက္ စိတ္ပ်က္လက္ပ်က္ ျဖစ္ေနတယ္လို႔ သိရပါတယ္။ COVID စည္းကမ္းခ်က္ေတြ ေျဖေလ်ာ့ကာ ခရီးသြားလာခြင့္ေတြရၿပီဆိုပါက တစ္လ၊ ႏွစ္လ အၾကာ အပန္းေျဖခရီးထြက္ဖို႔လည္းရွိေနတယ္လို႔ ဆိုပါတယ္။ 
 
ဆက္လက္ၿပီး ႏွစ္သစ္ဆုေတာင္းစကား အေနနဲ႔ ၎က “ႏွစ္သစ္ဆုေတာင္းအေနနဲ႔ေျပာရရင္ စိတ္ဓာတ္မက် ၾကပါနဲ႔လို႔ ေျပာခ်င္တယ္၊ ဒီအေျခအေနႀကီးကေလ အဆင္ေျပ လာလိုက္၊ ဆိုးသြားလိုက္နဲ႔ ကိုယ့္ကိုယ္ကိုေတာင္ ဘာမွန္းမသိဘူး၊ ႐ူးေတာင္႐ူးခ်င္တယ္၊ ကိုယ့္ဟာနဲ႔ကိုယ္ Modivation ယူၿပီးေတာ့ တစ္ရက္ထက္တစ္ရက္ အေကာင္းဆုံးျဖစ္ေအာင္ ရပ္တည္ပါ၊ အမ်ားႀကီးမေတြးပါနဲ႔ အဲ့ဒါေလးပဲ ေျပာခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ- ကိုႏိုင္ NG)
ရန္ကုန္၊ ဇန္နဝါရီ ၁၁