Amazfit Bip Lite ကို ထပ်မံမိတ်ဆက်လိုက်တဲ့ Huami

 
Amazfit Bip Lite ကို ထပ်မံမိတ်ဆက်လိုက်တဲ့ Huami

Xaiomi ရဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Huami မှ Amazfit Bip Lite ကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။ အဆိုပါ စမတ်နာရီဟာ တစ်ကြိမ်အားသွင်းထားရုံနဲ့ ၄၅ ရက်ကြာ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။ အခြားသော စမတ်နာရီများလိုပဲ နှလုံးခုန်နှုန်း တိုင်းတာတဲ့ အာရုံခံကိရိယာ၊ စက်ဘီးစီးခြင်းနဲ့ လမ်းလျှောက်ခြင်းတို့လို တစ်နေ့တာ လုပ်ဆောင်မှုတွေကိုလည်း အကဲဖြတ် စောင့်ကြည့်ပေးမှာ ဖြစ်ပါတယ်။ Huami Amazfit Bip Lite ဟာ Android နဲ့ IOS စမတ်ဖုန်းတွေနဲ့ အဆင်ပြေစွာ အသုံးပြုနိုင်မှာဖြစ်ပြီး၊ အချိန်နဲ့တစ်ပြေးညီ app notifications တွေကိုလည်း နာရီမှာ ပြသပေးမှာလည်း ဖြစ်ပါတယ်။

Huami Amazfit Bip Lite ရဲ့ specs ကတော့ 1.28-inch ရှိတဲ့ always-on မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ PPG sensor က နှလုံးခုန်နှုန်း တိုင်းတာပေးဖို့အတွက် ကူညီပေးမှာပါ။ဒါ့အပြင် three-axis accelerometer, barometer, နဲ့ compass တို့လို အာရုံခံကိရိယာတွေလည်း ပါဝင်ပြီး သုံးစွဲသူရဲ့ တစ်နေ့တာ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပေးမှာ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ထားပါက ဖုန်းအဝင်နဲ့၊ ဖုန်းမက်ဆေ့တွေကို ပြသပေးမှာလည်း ဖြစ်ပါတယ်။ ရေအောက်အနက် 30 metres အထိ ယူဆောင်သွားမှာဖြစ်ပြီး၊ အလေးချိန်ကတော့ 32 grams ပဲ ရှိပါတယ်။ Huami Amazfit Bip Lite ကို ဇူလိုင် ၁၅ ရက်နေ့မှာ တင်ရောင်းချသွား မှာဖြစ်ပြီး၊ မြန်မာကျပ်ငွေ ၉၀,၀၀၀ ခန့် ကျသင့်မှာလည်း ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 Xaiomi ရဲ႕ ကုမၸဏီခြဲတစ္ခုျဖစ္တဲ့ Huami မွ Amazfit Bip Lite ကို အိႏၵိယမွာ မိတ္ဆက္လိုက္ၿပီပဲ ျဖစ္ပါတယ္။ အဆိုပါ စမတ္နာရီဟာ တစ္ႀကိမ္အားသြင္းထား႐ုံနဲ႔ ၄၅ ရက္ၾကာ အသုံးျပဳႏိုင္မွာလည္း ျဖစ္ပါတယ္။ အျခားေသာ စမတ္နာရီမ်ားလိုပဲ ႏွလုံးခုန္ႏႈန္း တိုင္းတာတဲ့ အာ႐ုံခံကိရိယာ၊ စက္ဘီးစီးျခင္းနဲ႔ လမ္းေလွ်ာက္ျခင္းတို႔လို တစ္ေန႔တာ လုပ္ေဆာင္မႈေတြကိုလည္း အကဲျဖတ္ ေစာင့္ၾကည့္ေပးမွာ ျဖစ္ပါတယ္။ Huami Amazfit Bip Lite ဟာ Android နဲ႔ IOS စမတ္ဖုန္းေတြနဲ႔ အဆင္ေျပစြာ အသုံးျပဳႏိုင္မွာျဖစ္ၿပီး၊ အခ်ိန္နဲ႔တစ္ေျပးညီ app notifications ေတြကိုလည္း နာရီမွာ ျပသေပးမွာလည္း ျဖစ္ပါတယ္။

Huami Amazfit Bip Lite ရဲ႕ specs ကေတာ့ 1.28-inch ရွိတဲ့ always-on မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ PPG sensor က ႏွလုံးခုန္ႏႈန္း တိုင္းတာေပးဖို႔အတြက္ ကူညီေပးမွာပါ။ဒါ့အျပင္ three-axis accelerometer, barometer, နဲ႔ compass တို႔လို အာ႐ုံခံကိရိယာေတြလည္း ပါဝင္ၿပီး သုံးစြဲသူရဲ႕ တစ္ေန႔တာ လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ေပးမွာ ျဖစ္ပါတယ္။

စမတ္ဖုန္းေတြနဲ႔ ခ်ိတ္ဆက္ထားပါက ဖုန္းအဝင္နဲ႔၊ ဖုန္းမက္ေဆ့ေတြကို ျပသေပးမွာလည္း ျဖစ္ပါတယ္။ ေရေအာက္အနက္ 30 metres အထိ ယူေဆာင္သြားမွာျဖစ္ၿပီး၊ အေလးခ်ိန္ကေတာ့ 32 grams ပဲ ရွိပါတယ္။ Huami Amazfit Bip Lite ကို ဇူလိုင္ ၁၅ ရက္ေန႔မွာ တင္ေရာင္းခ်သြား မွာျဖစ္ၿပီး၊ ျမန္မာက်ပ္ေငြ ၉၀,၀၀၀ ခန႔္ က်သင့္မွာလည္း ျဖစ္ပါတယ္။

Damien