COVID ကာလ အခက်အခဲကြောင့် ဖိနပ်ရောင်းနေတဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ်

COVID ကာလ အခက်အခဲကြောင့် ဖိနပ်ရောင်းနေတဲ့ သရုပ်ဆောင် စည်သူပလပ်ကျွတ်

ဟာသကာရိုက်တာမျိုးတွေကို အများဆုံးလုပ်ရင်း ပုံစံမျိုးစုံနဲ့ သရုပ်ဆောင်လေ့ရှိတဲ့ စည်သူပလပ်ကျွတ်ဟာ အခုဆိုရင် COVID ကာလ အခက်အခဲတွေကြောင့် နေရာအနှံ့ကို ကားနဲ့လိုက်ပြီး ဖိနပ်ရောင်းတဲ့အလုပ်ကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“ဒီကားက ငှားထားတာပါ၊ မတ်လ ၁၆ ရက်ကတည်းက အနုပညာအလုပ်တွေကို နားလိုက်ရ တယ်၊ အဲ့နောက်ပိုင်း တစ်လကျော်လောက်တော့ မခံနိုင်တော့ဘူးလေ၊ ဟိုက်ဂျက်လေး ငှား လိုက်ပြီးတော့ ဖိနပ်ယူရောင်းတယ်၊ ဖျော်ဖြေရေးတစ်ခုရယ်၊ စား၀တ်နေရေးတစ်ခုရယ်၊ ပေါင်းစပ်ပြီးတော့လုပ်နေပါတယ်”လို့ သရုပ်ဆောင် စည်သူပလပ်ကျွတ်က ပြောပါတယ်။ သူဟာ လောင်းကစားကိုခုံမင်ခဲ့တာကြောင့် ပိုင်ဆိုင်ခဲ့တဲ့ ဥစ္စာပစ္စည်းတွေကိုရောင်းချကာ အကြွေးဆပ် လိုက်ခဲ့ရတဲ့အပြင် သူ့စိတ်နဲ့ မိခင်ဆုံးပါးတဲ့အထိဖြစ်ခဲ့ကာ အိမ်တွေ၊ ခြံတွေ၊ ကားတွေ ရောင်းချ ရင်း အကြွေးဆပ်ခဲ့ဖူးသလို ယခုအခါ နောင်တရနေပြီး ဘ၀ကိုအခက်အခဲ ကြားကနေ ရုန်းကန် နေရတယ်လို့ သိရပါတယ်။

“ဒီတစ်ခါ ကျွန်တော် တကယ့်ကိုနောင်တရတာပါ၊ လောင်းကစားကြောင့် ကျွန်တော်ကုန်တယ်၊ ဘောလုံးပွဲ လောင်းတယ်၊ နှစ်လုံး၊ သုံးလုံး ထိုးတယ်၊ ဖဲလေး နည်းနည်းပါးပါးရိုက်တယ်၊ ကန်ထရိုက်တစ်ယောက်က ကား၀ယ်ပေးတယ်၊ ကျွန်တော် နယ်မှာ ဇာတ်ကားသွားရိုက်ရင်း ကာစီနိုရှုံးခဲ့တယ်၊ အဲ့ကားပေးပြီးဆပ်ခဲ့ရတယ်၊ လောင်းကစားကို ကုန်တယ်မရှိတော့ဘူး မဆော့ တော့ဘူးလို့ဖြစ်ပေမယ့် ပိုက်ဆံပြန်ရလိုက် ပြန်ဆော့လိုက် ဖြစ်ခဲ့တယ်၊ အရင်က မနက်ဖြန် တစ်သိန်းခွဲ၊ နှစ်သိန်းရမယ်၊ အဲ့မျှော်လင့်ချက်ရှိတယ်၊ ဒီနေ့ မျှော်လင့်ချက် မရှိတော့ဘူး၊ လောင်းကစားကတော့ ဆော့ချင်တဲ့သူဆော့ပါ၊ လောင်းကစားသမားက ဘယ်တော့မှ မကြီးပွား ဘူး၊ ဘယ်တော့မှ စိတ်မချမ်းသာဘူး၊ ဘယ်တော့မှမလုပ်ပါနဲ့တော့ ကျွန်တော်ကလည်း တကယ့် ကို နောင်တရနေပြီ”လို့ သူက ပြောပါတယ်။

အခုဆိုရင် ဆင်ခြေဖုံးရပ်ကွက်တွေပါမကျန် လှည့်လည်သွားရောက်ရင်း ဖိနပ်ရောင်းတာတွေ ပြုလုပ်နေပြီး ၀ယ်ယူသူတွေလည်းရှိတာကြောင့် ငှားရမ်းရတဲ့ ကားခ၊ ဆီဖိုး၊ စားသောက်ဖို့ စရိတ်တွေ အတွက် ပြန်လည်ကာ ၀င်ငွေရစေခဲ့တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၂၉

(  Zawgyi  )

 ဟာသကာ႐ိုက္တာမ်ိဳးေတြကို အမ်ားဆုံးလုပ္ရင္း ပုံစံမ်ိဳးစုံနဲ႔ သ႐ုပ္ေဆာင္ေလ့ရွိတဲ့ စည္သူပလပ္ကြၽတ္ဟာ အခုဆိုရင္ COVID ကာလ အခက္အခဲေတြေၾကာင့္ ေနရာအႏွံ႔ကို ကားနဲ႔လိုက္ၿပီး ဖိနပ္ေရာင္းတဲ့အလုပ္ကို လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

“ဒီကားက ငွားထားတာပါ၊ မတ္လ ၁၆ ရက္ကတည္းက အႏုပညာအလုပ္ေတြကို နားလိုက္ရ တယ္၊ အဲ့ေနာက္ပိုင္း တစ္လေက်ာ္ေလာက္ေတာ့ မခံႏိုင္ေတာ့ဘူးေလ၊ ဟိုက္ဂ်က္ေလး ငွား လိုက္ၿပီးေတာ့ ဖိနပ္ယူေရာင္းတယ္၊ ေဖ်ာ္ေျဖေရးတစ္ခုရယ္၊ စား၀တ္ေနေရးတစ္ခုရယ္၊ ေပါင္းစပ္ၿပီးေတာ့လုပ္ေနပါတယ္”လို႔ သ႐ုပ္ေဆာင္ စည္သူပလပ္ကြၽတ္က ေျပာပါတယ္။ သူဟာ ေလာင္းကစားကိုခုံမင္ခဲ့တာေၾကာင့္ ပိုင္ဆိုင္ခဲ့တဲ့ ဥစၥာပစၥည္းေတြကိုေရာင္းခ်ကာ အေႂကြးဆပ္ လိုက္ခဲ့ရတဲ့အျပင္ သူ႔စိတ္နဲ႔ မိခင္ဆုံးပါးတဲ့အထိျဖစ္ခဲ့ကာ အိမ္ေတြ၊ ၿခံေတြ၊ ကားေတြ ေရာင္းခ် ရင္း အေႂကြးဆပ္ခဲ့ဖူးသလို ယခုအခါ ေနာင္တရေနၿပီး ဘ၀ကိုအခက္အခဲ ၾကားကေန ႐ုန္းကန္ ေနရတယ္လို႔ သိရပါတယ္။

“ဒီတစ္ခါ ကြၽန္ေတာ္ တကယ့္ကိုေနာင္တရတာပါ၊ ေလာင္းကစားေၾကာင့္ ကြၽန္ေတာ္ကုန္တယ္၊ ေဘာလုံးပြဲ ေလာင္းတယ္၊ ႏွစ္လုံး၊ သုံးလုံး ထိုးတယ္၊ ဖဲေလး နည္းနည္းပါးပါး႐ိုက္တယ္၊ ကန္ထ႐ိုက္တစ္ေယာက္က ကား၀ယ္ေပးတယ္၊ ကြၽန္ေတာ္ နယ္မွာ ဇာတ္ကားသြား႐ိုက္ရင္း ကာစီႏိုရႈံးခဲ့တယ္၊ အဲ့ကားေပးၿပီးဆပ္ခဲ့ရတယ္၊ ေလာင္းကစားကို ကုန္တယ္မရွိေတာ့ဘူး မေဆာ့ ေတာ့ဘူးလို႔ျဖစ္ေပမယ့္ ပိုက္ဆံျပန္ရလိုက္ ျပန္ေဆာ့လိုက္ ျဖစ္ခဲ့တယ္၊ အရင္က မနက္ျဖန္ တစ္သိန္းခြဲ၊ ႏွစ္သိန္းရမယ္၊ အဲ့ေမွ်ာ္လင့္ခ်က္ရွိတယ္၊ ဒီေန႔ ေမွ်ာ္လင့္ခ်က္ မရွိေတာ့ဘူး၊ ေလာင္းကစားကေတာ့ ေဆာ့ခ်င္တဲ့သူေဆာ့ပါ၊ ေလာင္းကစားသမားက ဘယ္ေတာ့မွ မႀကီးပြား ဘူး၊ ဘယ္ေတာ့မွ စိတ္မခ်မ္းသာဘူး၊ ဘယ္ေတာ့မွမလုပ္ပါနဲ႔ေတာ့ ကြၽန္ေတာ္ကလည္း တကယ့္ ကို ေနာင္တရေနၿပီ”လို႔ သူက ေျပာပါတယ္။

အခုဆိုရင္ ဆင္ေျခဖုံးရပ္ကြက္ေတြပါမက်န္ လွည့္လည္သြားေရာက္ရင္း ဖိနပ္ေရာင္းတာေတြ ျပဳလုပ္ေနၿပီး ၀ယ္ယူသူေတြလည္းရွိတာေၾကာင့္ ငွားရမ္းရတဲ့ ကားခ၊ ဆီဖိုး၊ စားေသာက္ဖို႔ စရိတ္ေတြ အတြက္ ျပန္လည္ကာ ၀င္ေငြရေစခဲ့တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၂၉