Mermaid လိုက်ဖ်အက်ရှင်ဇာတ်ကားမှာ ဟယ်ရီစတိုင်လ် ပါဝင်သရုပ်ဆောင်မယ်

Mermaid လိုက်ဖ်အက်ရှင်ဇာတ်ကားမှာ ဟယ်ရီစတိုင်လ် ပါဝင်သရုပ်ဆောင်မယ်

၁၉၈၉ခုနှစ်ကာတွန်းရုပ်ရှင် The Little Mermaid ကိုပြန်အသက်သွင်းမယ့် Mermaid လိုက်ဖ်အက်ရှင်မှာ One Directionအဖွဲ့ဝင်ဟောင်း ဟယ်ရီစတိုင်လ် ပါဝင်သရုပ်ဆောင်မယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်က သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင် Dunkirk ထွက်ခဲ့ပြီး၊ Mermaid က ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ မင်းသား အဲရစ် နေရာမှာပါဝင်သရုပ်ဆောင်ဖို့အတွက် ဒစ္စနေးက ကမ်းလှမ်းထားကြောင်း ဇူလိုင် ၁၆ ရက်မှာ Varietyက ထုတ်ပြန်ပါတယ်။ ဒီသတင်းသာအတည်ဖြစ်မယ်ဆိုရင် ဟယ်ရီဟာ ရေသူမလေး အေရီယာယ်လ်နေရာကပါဝင်မယ့် ဟယ်လီဘေလီနဲ့ တွဲဖက်သရုပ်ဆောင်ရမှာပါ။ ဒီဇာတ်လမ်းနဲ့ပတ်သက်ပြီး လူငယ်ပရိသတ်တွေသိပြီးသားဖြစ်လို့ အထူးမိတ်ဆက်ပေးဖို့ မလိုတော့ပါဘူး။

ရေသူမလေး အေရီရယ်လ်ဟာ လူမင်းသားတစ်ပါးကို ချစ်ကြိုက်မိရာက အချစ်အတွက် ရဲဝံ့စွန့်စားရဲတဲ့ ဇာတ်ကောင်ပဲ ဖြစ်ပါတယ်။ စုန်းမကြီး Ursula နေရာမှာ မယ်လစ်ဆာမက်ကာသေ ကို ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ တကယ်ပဲ ဒီဇာတ်ကားမှာ ဟယ်ရီ ပါဝင်ဖြစ် မလားဆိုတာကိုတော့ တရားဝင်အတည်ပြုတာ မရှိသေးပါဘူး။ ဟယ်ရီရဲ့ပရိသတ်တွေကတော့ ဆိုရှယ်မီဒီယာမှာ မှတ်ချက်ပေးပြောဆိုရင်း စိတ်ဝင်တစားနဲ့ သတင်းကောင်းစောင့်မျှော်နေပါတယ်။

ရည်မွန်သော်
Ref:Huffpost
နယူးယောက်၊ဇူလိုင် ၁၇

(  Zawgyi  )

 ၁၉၈၉ခုႏွစ္ကာတြန္း႐ုပ္ရွင္ The Little Mermaid ကိုျပန္အသက္သြင္းမယ့္ Mermaid လိုက္ဖ္အက္ရွင္မွာ One Directionအဖြဲ႕ဝင္ေဟာင္း ဟယ္ရီစတိုင္လ္ ပါဝင္သ႐ုပ္ေဆာင္မယ္လို႔ သတင္းထြက္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂ ႏွစ္က သူ႔ရဲ႕ပြဲဦးထြက္႐ုပ္ရွင္ Dunkirk ထြက္ခဲ့ၿပီး၊ Mermaid က ဒုတိယေျမာက္ဇာတ္ကားျဖစ္ပါတယ္။

ဒီဇာတ္ကားမွာ မင္းသား အဲရစ္ ေနရာမွာပါဝင္သ႐ုပ္ေဆာင္ဖို႔အတြက္ ဒစၥေနးက ကမ္းလွမ္းထားေၾကာင္း ဇူလိုင္ ၁၆ ရက္မွာ Varietyက ထုတ္ျပန္ပါတယ္။ ဒီသတင္းသာအတည္ျဖစ္မယ္ဆိုရင္ ဟယ္ရီဟာ ေရသူမေလး ေအရီယာယ္လ္ေနရာကပါဝင္မယ့္ ဟယ္လီေဘလီနဲ႔ တြဲဖက္သ႐ုပ္ေဆာင္ရမွာပါ။ ဒီဇာတ္လမ္းနဲ႔ပတ္သက္ၿပီး လူငယ္ပရိသတ္ေတြသိၿပီးသားျဖစ္လို႔ အထူးမိတ္ဆက္ေပးဖို႔ မလိုေတာ့ပါဘူး။

ေရသူမေလး ေအရီရယ္လ္ဟာ လူမင္းသားတစ္ပါးကို ခ်စ္ႀကိဳက္မိရာက အခ်စ္အတြက္ ရဲဝံ့စြန႔္စားရဲတဲ့ ဇာတ္ေကာင္ပဲ ျဖစ္ပါတယ္။ စုန္းမႀကီး Ursula ေနရာမွာ မယ္လစ္ဆာမက္ကာေသ ကို ရည္႐ြယ္ထားတယ္လို႔လည္း သိရပါတယ္။ တကယ္ပဲ ဒီဇာတ္ကားမွာ ဟယ္ရီ ပါဝင္ျဖစ္ မလားဆိုတာကိုေတာ့ တရားဝင္အတည္ျပဳတာ မရွိေသးပါဘူး။ ဟယ္ရီရဲ႕ပရိသတ္ေတြကေတာ့ ဆိုရွယ္မီဒီယာမွာ မွတ္ခ်က္ေပးေျပာဆိုရင္း စိတ္ဝင္တစားနဲ႔ သတင္းေကာင္းေစာင့္ေမွ်ာ္ေနပါတယ္။

ရည္မြန္ေသာ္
Ref:Huffpost
နယူးေယာက္၊ဇူလိုင္ ၁၇