Positive လူနာများတွေ့ချိန် နေမကောင်းချင်သလိုဖြစ်တာကြောင့် စိုးရိမ်ပြီး အပြင်မထွက်တော့တဲ့ သရုပ်ဆောင် ရွှေသမီး

Positive လူနာများတွေ့ချိန် နေမကောင်းချင်သလိုဖြစ်တာကြောင့် စိုးရိမ်ပြီး အပြင်မထွက်တော့တဲ့ သရုပ်ဆောင် ရွှေသမီး

ပြည်တွင်းမှာ ယခုအခါ COVID 19 နဲ့ပတ်သက်တဲ့ Positive လူနာတွေကို တွေ့ရှိလာတယ်လို့ သတင်းထုတ်ပြန်ချိန်မှာ တိုက်တိုက် ဆိုင်ဆိုင်ပဲ နေမကောင်းချင်သလိုဖြစ်နေတဲ့အတွက် အပြင်မထွက်ရဲတော့ဘဲ နေအိမ်မှာပဲနေနေတယ်လို့ သရုပ်ဆောင် ရွှေသမီးက ပြောပါတယ်။

“ကိုယ်ကလည်း ဒီအချိန်ကျမှ ဖျားချင်သလိုလိုဖြစ်နေတာ ကိုယ်တွေလက်တွေလည်းကိုက်ခဲနေတာလေ၊ ခရီးပန်းတာ ဖြစ်မှာပါ၊ အခုလိုအချိန်မှာ ဒါမျိုးဖြစ်နေတော့ ဘယ်ပွဲမှမသွားဖြစ်တော့ဘူး၊ ဟိုဟိုဒီဒီလည်း သွားလဲမသွားရဲတော့ဘူး၊ အိမ်ထဲမှာပဲ ကြောက်ပြီး နေနေတာ”လို့ သူမက ဆက်သွယ်မေးမြန်းမှုအပေါ် ရှင်းပြပါတယ်။ မကြာသေးခင်က ပြည်တွင်းမှာ အပန်းဖြေခရီးတွေထွက်ခွာရင်း ခရီးပန်းပြီး ပင်ပန်းတာကြောင့် လက်ရှိမှာ အနားယူနေတယ်လို့ သိရပါတယ်။

“ကိုယ်က အစားသမားလေ၊ အပြင်ထွက်ပြီး ဟိုဟိုဒီဒီသွားပြီး မုန့်တွေစားတတ်တယ်၊ ဒီအချိန်မှာတော့ ကြောက်တယ်လေ၊ မသွားတော့ ဘူး၊ အိမ်ထဲမှာနေနေတာပေါ့၊ ပျင်းတော့လည်း ပျင်းတာပေါ့နော် ဘာမှမှ မတတ်နိုင်တာပဲလေ၊ အိမ်ထဲမှာက အန္တရာယ်ကင်းတယ်လေ၊ လုံခြုံစိတ်ချရတာပေါ့နော်၊ တစ်ခါတလေတော့ သီချင်း နားထောင်တာတွေလုပ်တယ်၊ အပျင်းပြေအောင်”လို့ သူမက ရှင်းပြပါတယ်။ သူမဟာ အရင်ကဆိုရင် ဖိတ်ကြားလာတဲ့ ပွဲတွေတော်တော်များများကို တက်ရောက်ဖြစ်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ ပြင်ဆင် ထားတာတွေ ရှိပေမယ့် ယခုအချိန်မှာ နားနေတဲ့အခြေအနေမျိုးရှိနေတယ်လို့ သိရပါတယ်။  

မင်းခေတ်လင်း
ရန်ကုန်၊ မတ် ၂၅

(  Zawgyi  )

 ျပည္တြင္းမွာ ယခုအခါ COVID 19 နဲ႔ပတ္သက္တဲ့ Positive လူနာေတြကို ေတြ႕ရွိလာတယ္လို႔ သတင္းထုတ္ျပန္ခ်ိန္မွာ တိုက္တိုက္ ဆိုင္ဆိုင္ပဲ ေနမေကာင္းခ်င္သလိုျဖစ္ေနတဲ့အတြက္ အျပင္မထြက္ရဲေတာ့ဘဲ ေနအိမ္မွာပဲေနေနတယ္လို႔ သ႐ုပ္ေဆာင္ ေ႐ႊသမီးက ေျပာပါတယ္။

“ကိုယ္ကလည္း ဒီအခ်ိန္က်မွ ဖ်ားခ်င္သလိုလိုျဖစ္ေနတာ ကိုယ္ေတြလက္ေတြလည္းကိုက္ခဲေနတာေလ၊ ခရီးပန္းတာ ျဖစ္မွာပါ၊ အခုလိုအခ်ိန္မွာ ဒါမ်ိဳးျဖစ္ေနေတာ့ ဘယ္ပြဲမွမသြားျဖစ္ေတာ့ဘူး၊ ဟိုဟိုဒီဒီလည္း သြားလဲမသြားရဲေတာ့ဘူး၊ အိမ္ထဲမွာပဲ ေၾကာက္ၿပီး ေနေနတာ”လို႔ သူမက ဆက္သြယ္ေမးျမန္းမႈအေပၚ ရွင္းျပပါတယ္။ မၾကာေသးခင္က ျပည္တြင္းမွာ အပန္းေျဖခရီးေတြထြက္ခြာရင္း ခရီးပန္းၿပီး ပင္ပန္းတာေၾကာင့္ လက္ရွိမွာ အနားယူေနတယ္လို႔ သိရပါတယ္။

“ကိုယ္က အစားသမားေလ၊ အျပင္ထြက္ၿပီး ဟိုဟိုဒီဒီသြားၿပီး မုန႔္ေတြစားတတ္တယ္၊ ဒီအခ်ိန္မွာေတာ့ ေၾကာက္တယ္ေလ၊ မသြားေတာ့ ဘူး၊ အိမ္ထဲမွာေနေနတာေပါ့၊ ပ်င္းေတာ့လည္း ပ်င္းတာေပါ့ေနာ္ ဘာမွမွ မတတ္ႏိုင္တာပဲေလ၊ အိမ္ထဲမွာက အႏၲရာယ္ကင္းတယ္ေလ၊ လုံၿခဳံစိတ္ခ်ရတာေပါ့ေနာ္၊ တစ္ခါတေလေတာ့ သီခ်င္း နားေထာင္တာေတြလုပ္တယ္၊ အပ်င္းေျပေအာင္”လို႔ သူမက ရွင္းျပပါတယ္။ သူမဟာ အရင္ကဆိုရင္ ဖိတ္ၾကားလာတဲ့ ပြဲေတြေတာ္ေတာ္မ်ားမ်ားကို တက္ေရာက္ျဖစ္ခဲ့ၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီး ႐ိုက္ကူးဖို႔ ျပင္ဆင္ ထားတာေတြ ရွိေပမယ့္ ယခုအခ်ိန္မွာ နားေနတဲ့အေျခအေနမ်ိဳးရွိေနတယ္လို႔ သိရပါတယ္။  

မင္းေခတ္လင္း
ရန္ကုန္၊ မတ္ ၂၅