Vin Diesel နေရာလူစားထိုးသည့် စတန့်မင်းသား Fast & Furious ရိုက်ကွင်းတွင် ပေ၃၀ အမြင့်မှ ပြုတ်ကျ

Vin Diesel နေရာလူစားထိုးသည့် စတန့်မင်းသား Fast & Furious ရိုက်ကွင်းတွင် ပေ၃၀ အမြင့်မှ ပြုတ်ကျ

Fast & Furious ဇာတ်ကားသစ်ရိုက်ကွင်းမှာ ခေါင်းဆောင်မင်းသား Vin Diesel နေရာလူစားထိုး သရုပ်ဆောင်တဲ့ စတန့်မင်းသား ဦးခေါင်း ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပြီး၊ သတိလစ်မေ့မြောနေပါတယ်။

ကမ္ဘာကျော် Fast & Furious ဇာတ်လမ်းတွေမှာ အခုနောက်ဆုံး Fast & Furious 9 ကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဇူလိုင် ၂၂ ရက်နေ့က Warner Bros စတူဒီယိုရိုက်ကွင်းမှာ Joe Watts ဆိုသူ အဲဒီစတန့်မင်းသားက ပေ ၃၀ကျော်အမြင့်ကနေ ပြုတ်ကျသွားခဲ့တာပါ။

ခုချိန်မှာတော့ သူ့ရဲ့အခြေအနေ တည်ငြိမ်အောင်လုပ်နိုင်ပြီး၊ အနီးကပ်စောင့်ကြည့်ကုသနေတာ ဖြစ်ပါတယ်။ ချစ်သူစတန့်မင်းသမီးကလည်း ဒီအကြောင်းတွေကို လူမှုကွန်ရက်မှာ တင်ထားပါတယ်။

‘ကျွန်မ သူ့ကို သိပ်ချစ်ပါတယ်။ ခုချိန်မှာ ကျွန်မအသည်းတွေ တစ်စစီကြေကွဲနေရပါတယ်။ သူ ဒီအခြေအနေက ကျော်ဖြတ်နိုင်ဖို့ မိသားစုနဲ့ သူငယ်ချင်းတွေအားလုံး သူ့နားမှာ အားပေးနေတယ်’လို့ ဆိုပါတယ်။

စတန့်မင်းသား Joe Watts ဟာ လူစားထိုးရိုက်ကူးနေစဉ် လုံခြုံရေးခါးပတ် ရုတ်တရက်ပြတ်သွားပြီး၊ လသာ ဆောင် ပေ ၃၀ အမြင့်ကနေ ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကိုမြင်လိုက်ရတဲ့ Vin Dieselဟာလည်း ရှော့ခ်ရပြီး၊မျက်နှာမကောင်းဖြစ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီနောက် Joe Watts ကို တော်ဝင်လန်ဒန်ဆေးရုံကို လေယာဉ်နဲ့ အရေးပေါ်ပို့ဆောင်ခဲ့ပါတယ်။ Fast & Furious 9 ဇာတ်ကားသစ်ကို လာမယ့်နှစ်အတွင်း ရုံတင်ပြသနိုင်ဖို့ အခုလိုရိုက်ကူးနေပြီး၊ ဒီဇာတ်ကားမှာ ထုံးစံအတိုင်း Vin Diesel က ခေါင်းဆောင်မင်းသားနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရည်မွန်သော်
Ref: femalefirst.co.uk
 နယူးယောက်၊ဇူလိုင် ၂၄

(  Zawgyi  )

 Fast & Furious ဇာတ္ကားသစ္႐ိုက္ကြင္းမွာ ေခါင္းေဆာင္မင္းသား Vin Diesel ေနရာလူစားထိုး သ႐ုပ္ေဆာင္တဲ့ စတန႔္မင္းသား ဦးေခါင္း ဒဏ္ရာျပင္းျပင္းထန္ထန္ရခဲ့ၿပီး၊ သတိလစ္ေမ့ေျမာေနပါတယ္။

ကမာၻေက်ာ္ Fast & Furious ဇာတ္လမ္းေတြမွာ အခုေနာက္ဆုံး Fast & Furious 9 ကို ႐ိုက္ကူးေနတာပဲ ျဖစ္ပါတယ္။ ဇူလိုင္ ၂၂ ရက္ေန႔က Warner Bros စတူဒီယို႐ိုက္ကြင္းမွာ Joe Watts ဆိုသူ အဲဒီစတန႔္မင္းသားက ေပ ၃၀ေက်ာ္အျမင့္ကေန ျပဳတ္က်သြားခဲ့တာပါ။

ခုခ်ိန္မွာေတာ့ သူ႔ရဲ႕အေျခအေန တည္ၿငိမ္ေအာင္လုပ္ႏိုင္ၿပီး၊ အနီးကပ္ေစာင့္ၾကည့္ကုသေနတာ ျဖစ္ပါတယ္။ ခ်စ္သူစတန႔္မင္းသမီးကလည္း ဒီအေၾကာင္းေတြကို လူမႈကြန္ရက္မွာ တင္ထားပါတယ္။

‘ကြၽန္မ သူ႔ကို သိပ္ခ်စ္ပါတယ္။ ခုခ်ိန္မွာ ကြၽန္မအသည္းေတြ တစ္စစီေၾကကြဲေနရပါတယ္။ သူ ဒီအေျခအေနက ေက်ာ္ျဖတ္ႏိုင္ဖို႔ မိသားစုနဲ႔ သူငယ္ခ်င္းေတြအားလုံး သူ႔နားမွာ အားေပးေနတယ္’လို႔ ဆိုပါတယ္။

စတန႔္မင္းသား Joe Watts ဟာ လူစားထိုး႐ိုက္ကူးေနစဥ္ လုံၿခဳံေရးခါးပတ္ ႐ုတ္တရက္ျပတ္သြားၿပီး၊ လသာ ေဆာင္ ေပ ၃၀ အျမင့္ကေန ျပဳတ္က်ခဲ့တာျဖစ္ပါတယ္။ ဒီျဖစ္ရပ္ကိုျမင္လိုက္ရတဲ့ Vin Dieselဟာလည္း ေရွာ့ခ္ရၿပီး၊မ်က္ႏွာမေကာင္းျဖစ္ေနတယ္လို႔ သတင္းေတြက ဆိုပါတယ္။

အဲဒီေနာက္ Joe Watts ကို ေတာ္ဝင္လန္ဒန္ေဆး႐ုံကို ေလယာဥ္နဲ႔ အေရးေပၚပို႔ေဆာင္ခဲ့ပါတယ္။ Fast & Furious 9 ဇာတ္ကားသစ္ကို လာမယ့္ႏွစ္အတြင္း ႐ုံတင္ျပသႏိုင္ဖို႔ အခုလို႐ိုက္ကူးေနၿပီး၊ ဒီဇာတ္ကားမွာ ထုံးစံအတိုင္း Vin Diesel က ေခါင္းေဆာင္မင္းသားေနရာက ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

ရည္မြန္ေသာ္
Ref: femalefirst.co.uk
 နယူးေယာက္၊ဇူလိုင္ ၂၄