ဂျာမနီရှိ တပ်ဖွဲ့များ တိုက်ခိုက်ခံရနိုင်ဟု အမေရိကန်က ထောက်လှမ်းရေးသတင်း ရရှိထား

ဂျာမနီရှိ တပ်ဖွဲ့များ တိုက်ခိုက်ခံရနိုင်ဟု အမေရိကန်က ထောက်လှမ်းရေးသတင်း ရရှိထား

ဂျာမနီရှိ မိမိတို့ တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရနိုင်သည့် ထောက်လှမ်းရေးသတင်းများအား အမေရိကန်က ရရှိထားသည့် ထုတ်ပြန်ချက်ကို နယူးစ်ဝိခ်သတင်းဌာနက တွေ့ရှိခဲ့ရပါတယ်။

တိုက်ခိုက်မည့် နေ့ရက်နှင့် အချိန်တို့ကို ဖော်ပြမထားသော်လည်း ဂရပ်ဖန်ဝါရှိ Tower Barracks သို့မဟုတ် ဒါလ်မန်ရှိ Tower Barracks တွင် ချထားသည့် အမေရိကန်တပ်ဖွဲ့များ တိုက်ခိုက်ခံရနိုင်ကြောင်း အမှတ် ၆၆ စစ်ဖက်ထောက်လှမ်းရေး တပ်ရင်းက အခြားအဖွဲ့အစည်းတစ်ခု၏ ပေးပို့သည့် သတင်းအား ရရှိခဲ့ပါတယ်။

“ဂျာမနီရှိ အမည်မသိ ဂျော်ဒန် အစွန်းရောက်အဖွဲ့တစ်ဖွဲ့က စစ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်လိမ့်မည်။ယင်းအဖွဲ့သည် ဂျော်ဒန်ဘုရင်လေးကို သစ္စာခံထားပြီး ဂျာမနီရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုအတွက် ထောက်ခံခဲ့ပါတယ်” ဟု အဆိုပါထောက်လှမ်းရေးသတင်းမှာ ဖော်ပြထားပါတယ်။

နယူးစ်ဝိခ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ဥရောပရှိ အမေရိကန်တပ်ဖွဲ့က ခြိမ်းခြောက်မှုသတင်း ရရှိထားကြောင်း  အတည်ပြုထားပြီး စုံစမ်းစစ်ဆေးရေးများကို ဆက်လက်လုပ်ဆောင်နေကြောင်း ပြန်လည်ပြောကြားပါတယ်။

“ဂျာမနီနဲ့ အမေရိကန် တာဝန်ရှိသူတွေ ဆွေးနွေးနေပါတယ်။လောလောဆယ်မှာတော့ တိုက်ခိုက်မယ့်အနေအထား မတွေ့ရသေးပါဘူး။သတိရှိရှိနေကြဖို့နဲ့ မိမိတို့ပတ်ဝန်းကျင်ကို  မျက်ခြေမပြတ်ကြဖို့ သတိပေးလိုပါတယ်” ဟု အဆိုပါတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားပါတယ်။

အခြားဥရောပနိုင်ငံများထက် ဂျာမနီသည် အမေရိကန်တပ်ဖွဲ့များကို ပိုမိုလက်ခံထားပြီး တစ်နိုင်ငံလုံးတွင် တပ်ဖွဲ့ဝင် ၃၈၆၀၀ ဦးရှိရာ ဂရပ်ဖန်ဝါရှိ အခြေစိုက်စခန်းသည် အမေရိကန်၏ ပြည်ပရှိ အကြီးဆုံး စစ်အခြေစိုက် စခန်းများအနက် တစ်ခုဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးချိန်မှစ၍ ဂျာမနီတွင် အမေရိကန်တပ်ဖွဲ့များ ချထားခဲ့ပြီး စစ်အေးခေတ်ကာလတွင် ပိုမိုများပြားလာခဲ့ပါတယ်။အရှေ့အလယ်ပိုင်း၊ အာဖဂန်နစ္စတန်နှင့် အာရှတိုက်ရှိ အခြားနယ်မြေအစိတ်အပိုင်းတွင် ပြုလုပ်သည့် စစ်ဆင်ရေးများအတွက် အဆိုပါအခြေစိုက်စခန်းကို အဓိကအသုံးပြုခဲ့ပါတယ်။

Linko
Ref : Newsweek
ဝါရှင်တန်၊ ဇန်နဝါရီ - ၂၀

( Zawgyi )

ဂ်ာမနီရွိ မိမိတို႔ တပ္ဖြဲ႕ဝင္မ်ား တိုက္ခိုက္ခံရႏိုင္သည့္ ေထာက္လွမ္းေရးသတင္းမ်ားအား အေမရိကန္က ရရွိထားသည့္ ထုတ္ျပန္ခ်က္ကို နယူးစ္ဝိခ္သတင္းဌာနက ေတြ႕ရွိခဲ့ရပါတယ္။

တိုက္ခိုက္မည့္ ေန႔ရက္ႏွင့္ အခ်ိန္တို႔ကို ေဖာ္ျပမထားေသာ္လည္း ဂရပ္ဖန္ဝါရွိ Tower Barracks သို႔မဟုတ္ ဒါလ္မန္ရွိ Tower Barracks တြင္ ခ်ထားသည့္ အေမရိကန္တပ္ဖြဲ႕မ်ား တိုက္ခိုက္ခံရႏိုင္ေၾကာင္း အမွတ္ ၆၆ စစ္ဖက္ေထာက္လွမ္းေရး တပ္ရင္းက အျခားအဖြဲ႕အစည္းတစ္ခု၏ ေပးပို႔သည့္ သတင္းအား ရရွိခဲ့ပါတယ္။

“ဂ်ာမနီရွိ အမည္မသိ ေဂ်ာ္ဒန္ အစြန္းေရာက္အဖြဲ႕တစ္ဖြဲ႕က စစ္အေျခစိုက္စခန္းတစ္ခုကို တိုက္ခိုက္လိမ့္မည္။ယင္းအဖြဲ႕သည္ ေဂ်ာ္ဒန္ဘုရင္ေလးကို သစၥာခံထားၿပီး ဂ်ာမနီရွိ အေမရိကန္တပ္ဖြဲ႕မ်ားကို တိုက္ခိုက္မႈအတြက္ ေထာက္ခံခဲ့ပါတယ္” ဟု အဆိုပါေထာက္လွမ္းေရးသတင္းမွာ ေဖာ္ျပထားပါတယ္။

နယူးစ္ဝိခ္သတင္းဌာနက ဆက္သြယ္ေမးျမန္းရာတြင္ ဥေရာပရွိ အေမရိကန္တပ္ဖြဲ႕က ၿခိမ္းေျခာက္မႈသတင္း ရရွိထားေၾကာင္း  အတည္ျပဳထားၿပီး စုံစမ္းစစ္ေဆးေရးမ်ားကို ဆက္လက္လုပ္ေဆာင္ေနေၾကာင္း ျပန္လည္ေျပာၾကားပါတယ္။

“ဂ်ာမနီနဲ႔ အေမရိကန္ တာဝန္ရွိသူေတြ ေဆြးေႏြးေနပါတယ္။ေလာေလာဆယ္မွာေတာ့ တိုက္ခိုက္မယ့္အေနအထား မေတြ႕ရေသးပါဘူး။သတိရွိရွိေနၾကဖို႔နဲ႔ မိမိတို႔ပတ္ဝန္းက်င္ကို  မ်က္ေျခမျပတ္ၾကဖို႔ သတိေပးလိုပါတယ္” ဟု အဆိုပါတပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားထားပါတယ္။

အျခားဥေရာပႏိုင္ငံမ်ားထက္ ဂ်ာမနီသည္ အေမရိကန္တပ္ဖြဲ႕မ်ားကို ပိုမိုလက္ခံထားၿပီး တစ္ႏိုင္ငံလုံးတြင္ တပ္ဖြဲ႕ဝင္ ၃၈၆၀၀ ဦးရွိရာ ဂရပ္ဖန္ဝါရွိ အေျခစိုက္စခန္းသည္ အေမရိကန္၏ ျပည္ပရွိ အႀကီးဆုံး စစ္အေျခစိုက္ စခန္းမ်ားအနက္ တစ္ခုျဖစ္ပါတယ္။

ဒုတိယကမာၻစစ္ၿပီးခ်ိန္မွစ၍ ဂ်ာမနီတြင္ အေမရိကန္တပ္ဖြဲ႕မ်ား ခ်ထားခဲ့ၿပီး စစ္ေအးေခတ္ကာလတြင္ ပိုမိုမ်ားျပားလာခဲ့ပါတယ္။အေရွ႕အလယ္ပိုင္း၊ အာဖဂန္နစၥတန္ႏွင့္ အာရွတိုက္ရွိ အျခားနယ္ေျမအစိတ္အပိုင္းတြင္ ျပဳလုပ္သည့္ စစ္ဆင္ေရးမ်ားအတြက္ အဆိုပါအေျခစိုက္စခန္းကို အဓိကအသုံးျပဳခဲ့ပါတယ္။

Linko
Ref : Newsweek
ဝါရွင္တန္၊ ဇန္နဝါရီ - ၂၀