တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချစ်ကြည်ရေးခရီးစဉ် လာရောက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး ပူးပေါင်းလုပ်ဆောင်သွားဖို့ ဆွေးနွေးညှိနှိုင်းမှု ရှိလာနိုင်

 တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချစ်ကြည်ရေးခရီးစဉ် လာရောက် တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် စီးပွားရေး ပူးပေါင်း လုပ်ဆောင်သွားဖို့ ဆွေးနွေးညှိနှိုင်းမှု ရှိလာနိုင်

တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ် အနေနဲ့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က ချစ်ကြည်ရေးခရီးအဖြစ် လာမယ့် ဇန်နဝါရီလ ၁၇ရက်မှာ လာရောက်လည်ပတ်မှာပဲ ဖြစ်ပါတယ်။ နှစ်ရက်တာ ကြာမြင့်မယ့် အဆိုပါ ချစ်ကြည်ရေးခရီးစဉ်က နှစ်ပေါင်း ၂၀ အတွင်း တရုတ်နိုင်ငံသမ္မတ အနေနဲ့ မြန်မာနိုင်ငံကို ပထမဦးဆုံး လာရောက်လည်ပတ်ခြင်းဖြစ်ပြီး ၂၀၂၀ ခုနစ်အတွက်  သမ္မတရှီရဲ့ ပထမဆုံးခရီးစဉ်လဲဖြစ်ပါတယ်။

၂၀၁၆ ခုနစ်  ရွေးကောက်ပွဲမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရှိပြီးတဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံး နိုင်ငံတော် ချစ်ကြည်ရေးခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်ခဲ့ပြီး နှစ်နိုင်ငံကြား သံတမန်ရေး ဆက်ဆံရေး အရသာမက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ အတွက်ပါ ဆွေးနွေးခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စီးပွားရေး မဟာဗျူဟာဖြစ်တဲ့ ပိုးလမ်းမသစ် စီမံကိန်းကို အကောင်အထည်ဖော်နိုင်ဖို့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးက အရေးပါတဲ့အနေအထားမှာ ရှိတဲ့အတွက်  ခရီးစဉ်အတွင်း သမ္မတ ရှီအနေနဲ့ မြန်မာ နိုင်ငံတော်ခေါင်းဆောင်များကို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသ အငြင်းပွားမှုကိစ္စရပ်များ ကို ငြိမ်းချမ်းရေးဘက်ကချဉ်းကပ်ပြီး ထည့်သွင်းဆွေးနွေး သွားဖွယ်ရာ ရှိနေပါတယ်။ ဒါ့အပြင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံအကောင်အထည်ဖော်မှု၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စတဲ့ ကိစ္စရပ်တွေ ကိုလည်း ထည့်သွင်းဆွေးနွေးသွားဖွယ်ရာရှိနေတာပဲဖြစ်ပါတယ်။

ဖြိုးသီ                                                                   
 Ref:CGTN 

ဘေကျင်း ၊ ဇန်နဝါရီ ၁၆

 

(   Zawgyi   )

  တ႐ုတ္-ျမန္မာ သံတမန္ဆက္ဆံေရး ႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ အေနနဲ႔ တ႐ုတ္ႏိုင္ငံ သမၼတ ရွီက်င့္ဖိန္ က ခ်စ္ၾကည္ေရးခရီးအျဖစ္ လာမယ့္ ဇန္နဝါရီလ ၁၇ရက္မွာ လာေရာက္လည္ပတ္မွာပဲ ျဖစ္ပါတယ္။ ႏွစ္ရက္တာ ၾကာျမင့္မယ့္ အဆိုပါ ခ်စ္ၾကည္ေရးခရီးစဥ္က ႏွစ္ေပါင္း ၂၀ အတြင္း တ႐ုတ္ႏိုင္ငံသမၼတ အေနနဲ႔ ျမန္မာႏိုင္ငံကို ပထမဦးဆုံး လာေရာက္လည္ပတ္ျခင္းျဖစ္ၿပီး ၂၀၂၀ ခုနစ္အတြက္  သမၼတရွီရဲ႕ ပထမဆုံးခရီးစဥ္လဲျဖစ္ပါတယ္။

၂၀၁၆ ခုနစ္  ေ႐ြးေကာက္ပြဲမွာ  အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အႏိုင္ရရွိၿပီးတဲ့ေနာက္ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ပထမဆုံး ႏိုင္ငံေတာ္ ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံကို သြားေရာက္ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား သံတမန္ေရး ဆက္ဆံေရး အရသာမက စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈေတြ အတြက္ပါ ေဆြးေႏြးခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရး မဟာဗ်ဴဟာျဖစ္တဲ့ ပိုးလမ္းမသစ္ စီမံကိန္းကို အေကာင္အထည္ေဖာ္ႏိုင္ဖို႔ ျမန္မာႏိုင္ငံနဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံလုံးက အေရးပါတဲ့အေနအထားမွာ ရွိတဲ့အတြက္  ခရီးစဥ္အတြင္း သမၼတ ရွီအေနနဲ႔ ျမန္မာ ႏိုင္ငံေတာ္ေခါင္းေဆာင္မ်ားကို ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္ေဒသ အျငင္းပြားမႈကိစၥရပ္မ်ား ကို ၿငိမ္းခ်မ္းေရးဘက္ကခ်ဥ္းကပ္ၿပီး ထည့္သြင္းေဆြးေႏြး သြားဖြယ္ရာ ရွိေနပါတယ္။ ဒါ့အျပင္ တ႐ုတ္-ျမန္မာ စီးပြားေရး စႀကႍအေကာင္အထည္ေဖာ္မႈ၊ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စတဲ့ ကိစၥရပ္ေတြ ကိုလည္း ထည့္သြင္းေဆြးေႏြးသြားဖြယ္ရာရွိေနတာပဲျဖစ္ပါတယ္။

ၿဖိဳးသီ                                                                   
 Ref:CGTN

ေဘက်င္း ၊ ဇန္နဝါရီ ၁၆