တာလတ်ပစ်ဒုံးတပ်ဖွဲ့ အာရှတွင် ဖြန့်ချထားရန် အမေရိကန် စီစဉ်မှု တရုတ်တန်ပြန်မည်ဟု ဆို

တာလတ်ပစ်ဒုံးတပ်ဖွဲ့ အာရှတွင် ဖြန့်ချထားရန် အမေရိကန် စီစဉ်မှု တရုတ်တန်ပြန်မည်ဟု ဆို

အာရှမှာ မြေပြင်အခြေပြုတာလတ်ပစ်ဒုံးတွေတပ်ဖြန့်မယ့် အမေရိကန်ရဲ့အစီအစဉ်အပေါ် တန်ပြန်မှုတွေလုပ်မယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးဌာနညွှန်ကြားရေးမှူးချုပ် မစ္စတာ Fu Congက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြား ခဲ့ပါတယ်။ မကြာခင်လပိုင်းလောက်အတွင်း အာရှမှာ မြေပြင်အခြေပြုတာလတ်ပစ်ဒုံးကျည်တွေ တပ်ဖြန့်သွားဖို့ကိစ္စ သူ့အနေနဲ့ထောက်ခံတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့က်အက်စပါက သြစတြေးလျခရီးစဉ်အတွင်း အခုလ ၃ ရက်နေ့က ပြောဆိုခဲ့ပါတယ်။

အမေရိကန်ဟာ တာလတ်ပစ်နျူကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ် (INF)နဲ့ တခြားကိစ္စတွေကို ခုတုံး လုပ်ပြီး တရုတ်ကို အသုံးချလာ ခဲ့သလို၊ တရုတ်ရဲ့ဒုံးလက်နက်ခြိမ်းခြောက်မှုကိုဗန်းပြပြီး၊ သူတို့လုပ်နေကျပုံစံ အတိုင်း သူတစ်ပါးတိုင်းပြည်အပေါ် အပြစ်လွှဲချတာလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ မစ္စ Hua Chunyingက သြဂုတ်လ ၅ ရက်နေ့မှာ တုံ့ပြန်ပြောဆိုထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန်ကန့်ကွက်ပေမဲ့ INF စာချုပ်ကနေ အမေရိကန်နုတ်ထွက်ခဲ့သလို၊ အခုတစ်ခါ အာရှမှာ ဒုံးလက်နက်တွေတပ်ဖြန့်ဖို့ကိစ္စ အလျင်အမြန်လှုပ်ရှားနေတယ်ဆိုတာနဲ့ ဒါဟာ INF စာချုပ် ကနေ အမေရိကန်နုတ်ထွက်တဲ့ ရည်ရွယ်ချက် အစစ်အမှန် ကို ပြသလိုက်တာလို့ သူက ဆိုပါတယ်။

တရုတ်က စစ်ရေးစွမ်းရည်တိုးတက်အောင်လုပ်တယ်ဆိုတာဟာ တိုင်းပြည်ကိုကာကွယ်တဲ့သဘောသာဖြစ်ပြီး၊ အခြားဘယ်နိုင်ငံကိုမှ ခြိမ်းခြောက်လိုစိတ်မရှိဘူးလို့လည်း မစ္စ Huaက ပြောပါတယ်။ တိုင်းပြည်ကာကွယ်ရေး မူဝါဒနဲ့အညီ တရုတ်နိုင်ငံနယ်နိမိတ်အတွင်းမှာလည်း မြေပြင်အခြေပြုတာတိုပစ်ဒုံးတွေ တပ်ဖြန့်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး Zhang Junကလည်း ၁၉၈၇ ခုနှစ်က ရုရှားနဲ့ချုပ်ဆိုထားတဲ့ သမိုင်းဝင်နျူကလီးယား လက်နက် ထိန်းချုပ်ရေးသဘောတူညီချက် (INF)ကနေ အမေရိကန်နုတ်ထွက်တဲ့ ကိစ္စအပေါ် မိမိတို့ စိတ်မကောင်းဖြစ်မိပါကြောင်း၊ နျူကလီးယား စာချုပ် အတွက် အမေရိကန်၊ ရုရှားတို့နဲ့ ပူးပေါင်းမယ့်ကိစ္စအပေါ်မှာလည်း သံသယဖြစ်မိတယ်လို့ မစ္စတာ Zhang Jun ကဆိုပါတယ်။

နျူလက်နက်ဖျက်သိမ်းရေးသဘောတူညီချက်မှာ တရုတ်ပါဝင်သင့်တယ်လို့ အမေရိကန်ကပြောပေမဲ့ တရုတ်နိုင်ငံဟာ အမေရိကန်၊ ရုရှားတို့နဲ့ တန်းတူအခြေအနေမရှိဘူးဆိုတာလည်း လူတိုင်းသိတယ်လို့ တရုတ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးက ခုလိုပြောဆိုသွားပါတယ်။

ရည်မွန်
Ref: china.org.cn
ဘေကျင်း၊ သြဂုတ် ၇

(  Zawgyi  )

 အာရွမွာ ေျမျပင္အေျချပဳတာလတ္ပစ္ဒုံးေတြတပ္ျဖန႔္မယ့္ အေမရိကန္ရဲ႕အစီအစဥ္အေပၚ တန္ျပန္မႈေတြလုပ္မယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန လက္နက္ထိန္းခ်ဳပ္ေရးဌာနၫႊန္ၾကားေရးမႉးခ်ဳပ္ မစၥတာ Fu Congက မေန႔ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကား ခဲ့ပါတယ္။ မၾကာခင္လပိုင္းေလာက္အတြင္း အာရွမွာ ေျမျပင္အေျချပဳတာလတ္ပစ္ဒုံးက်ည္ေတြ တပ္ျဖန႔္သြားဖို႔ကိစၥ သူ႔အေနနဲ႔ေထာက္ခံတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီး မာ့က္အက္စပါက ၾသစေၾတးလ်ခရီးစဥ္အတြင္း အခုလ ၃ ရက္ေန႔က ေျပာဆိုခဲ့ပါတယ္။

အေမရိကန္ဟာ တာလတ္ပစ္န်ဴကလီးယားလက္နက္ထိန္းခ်ဳပ္ေရးစာခ်ဳပ္ (INF)နဲ႔ တျခားကိစၥေတြကို ခုတုံး လုပ္ၿပီး တ႐ုတ္ကို အသုံးခ်လာ ခဲ့သလို၊ တ႐ုတ္ရဲ႕ဒုံးလက္နက္ၿခိမ္းေျခာက္မႈကိုဗန္းျပၿပီး၊ သူတို႔လုပ္ေနက်ပုံစံ အတိုင္း သူတစ္ပါးတိုင္းျပည္အေပၚ အျပစ္လႊဲခ်တာလို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာခြင့္ရ မစၥ Hua Chunyingက ၾသဂုတ္လ ၅ ရက္ေန႔မွာ တုံ႔ျပန္ေျပာဆိုထားပါတယ္။

ႏိုင္ငံတကာအသိုင္းအဝိုင္းက ျပင္းျပင္းထန္ထန္ကန႔္ကြက္ေပမဲ့ INF စာခ်ဳပ္ကေန အေမရိကန္ႏုတ္ထြက္ခဲ့သလို၊ အခုတစ္ခါ အာရွမွာ ဒုံးလက္နက္ေတြတပ္ျဖန႔္ဖို႔ကိစၥ အလ်င္အျမန္လႈပ္ရွားေနတယ္ဆိုတာနဲ႔ ဒါဟာ INF စာခ်ဳပ္ ကေန အေမရိကန္ႏုတ္ထြက္တဲ့ ရည္႐ြယ္ခ်က္ အစစ္အမွန္ ကို ျပသလိုက္တာလို႔ သူက ဆိုပါတယ္။

တ႐ုတ္က စစ္ေရးစြမ္းရည္တိုးတက္ေအာင္လုပ္တယ္ဆိုတာဟာ တိုင္းျပည္ကိုကာကြယ္တဲ့သေဘာသာျဖစ္ၿပီး၊ အျခားဘယ္ႏိုင္ငံကိုမွ ၿခိမ္းေျခာက္လိုစိတ္မရွိဘူးလို႔လည္း မစၥ Huaက ေျပာပါတယ္။ တိုင္းျပည္ကာကြယ္ေရး မူဝါဒနဲ႔အညီ တ႐ုတ္ႏိုင္ငံနယ္နိမိတ္အတြင္းမွာလည္း ေျမျပင္အေျချပဳတာတိုပစ္ဒုံးေတြ တပ္ျဖန႔္ထားတယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီး Zhang Junကလည္း ၁၉၈၇ ခုႏွစ္က ႐ုရွားနဲ႔ခ်ဳပ္ဆိုထားတဲ့ သမိုင္းဝင္န်ဴကလီးယား လက္နက္ ထိန္းခ်ဳပ္ေရးသေဘာတူညီခ်က္ (INF)ကေန အေမရိကန္ႏုတ္ထြက္တဲ့ ကိစၥအေပၚ မိမိတို႔ စိတ္မေကာင္းျဖစ္မိပါေၾကာင္း၊ န်ဴကလီးယား စာခ်ဳပ္ အတြက္ အေမရိကန္၊ ႐ုရွားတို႔နဲ႔ ပူးေပါင္းမယ့္ကိစၥအေပၚမွာလည္း သံသယျဖစ္မိတယ္လို႔ မစၥတာ Zhang Jun ကဆိုပါတယ္။

န်ဴလက္နက္ဖ်က္သိမ္းေရးသေဘာတူညီခ်က္မွာ တ႐ုတ္ပါဝင္သင့္တယ္လို႔ အေမရိကန္ကေျပာေပမဲ့ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္၊ ႐ုရွားတို႔နဲ႔ တန္းတူအေျခအေနမရွိဘူးဆိုတာလည္း လူတိုင္းသိတယ္လို႔ တ႐ုတ္ႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီးက ခုလိုေျပာဆိုသြားပါတယ္။

ရည္မြန္
Ref: china.org.cn
ေဘက်င္း၊ ၾသဂုတ္ ၇