အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို ကူညီမည်ဟု ကတိပြု

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင်ကို ကူညီမည်ဟု ကတိပြု

ဗင်နီဇွဲလားနိုင်ငံ၏ အတိုက်အခံခေါင်းဆောင်နှင့် သမ္မတအဖြစ် ကိုယ်တိုင်ကြေညာထားသူ ဂျူအန်ဂိုင်ဒို ကို ကူညီပံ့ပိုးမှုများ ပိုမိုပေးသွားမည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယို က ပြောကြားလိုက်ပါတယ်။

ပွန်ပဲယိုနှင့် ဂိုင်ဒိုတို့သည် ဇန်နဝါရီ ၂၀ ရက်က ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့၌ ကျင်းပသည့် ဒေသတွင်း အကြမ်းဖက်တိုက်ဖျက်ရေး အစည်းအဝေး၏ သီးခြားဆွေးနွေးတွင် သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

ယမန်နှစ် ရွေးကောက်ပွဲတွင် သမ္မတ နီကိုးလတ်စ်မာဒူရို ပြန်လည် ရွေးချယ်ခံရမှုနှင့် ဥပဒေနှင့်မညီညွတ်ကြောင်း ကြေညာပြီးနောက် လွှတ်တော်အကြီးအကဲတစ်ဦးလည်းဖြစ်သူ ဂိုင်ဒို က ဗင်နီဇွဲလားသမ္မတအဖြစ် ကိုယ်တိုင် ကြေညာခဲ့ပါတယ်။

အမေရိကန်အစိုးရ အပါအဝင် အခြားနိုင်ငံပေါင်း ၅၀ ခန့်ကလည်း ဂိုင်ဒိုအား ဗင်နီဇွဲလားနိုင်ငံ၏ သမ္မတသစ်အဖြစ် လက်ခံထားပါတယ်။

“ခင်ဗျားတို့ကို သိစေချင်တာက ခင်ဗျားတို့ရဲ့ သမ္မတဟာ တိုင်းပြည်ကို မှန်ကန်တဲ့ လမ်းကြောင်းဆီကို ခေါ်ဆောင်မယ့်သူ ဆိုတာပါပဲ။လွပ်လပ်မှု၊ ဒီမိုကရေစီလမ်းကြောင်းနဲ့ နိုင်ငံရဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကို ရရှိပါစေလိမ့်မယ်” ဟု ပွန်ပဲယို က ဗင်နီဇွဲလား ပြည်သူများကို ပြောခဲ့ပါတယ်။

၎င်းတို့အနေဖြင့် အဆိုပါအခွင့်အလမ်းများကို ရရှိစေရေးအတွက်လည်း အမေရိကန်က ကူညီသွားမည်ဟု ပွန်ပဲယို က ပြောခဲ့ပါတယ်။

Linko
Ref : VOA
ဘိုဂိုတာ၊ ဇန်နဝါရီ - ၂၁
( Zawgyi )
ဗင္နီဇြဲလားႏိုင္ငံ၏ အတိုက္အခံေခါင္းေဆာင္ႏွင့္ သမၼတအျဖစ္ ကိုယ္တိုင္ေၾကညာထားသူ ဂ်ဴအန္ဂိုင္ဒို ကို ကူညီပံ့ပိုးမႈမ်ား ပိုမိုေပးသြားမည္ဟု အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပဲယို က ေျပာၾကားလိုက္ပါတယ္။

ပြန္ပဲယိုႏွင့္ ဂိုင္ဒိုတို႔သည္ ဇန္နဝါရီ ၂၀ ရက္က ကိုလံဘီယာႏိုင္ငံ၊ ဘိုဂိုတာၿမိဳ႕၌ က်င္းပသည့္ ေဒသတြင္း အၾကမ္းဖက္တိုက္ဖ်က္ေရး အစည္းအေဝး၏ သီးျခားေဆြးေႏြးတြင္ သတင္းေထာက္မ်ားႏွင့္ ေတြ႕ဆုံစဥ္ ယခုကဲ့သို႔ ေျပာၾကားလိုက္ျခင္း ျဖစ္ပါတယ္။

ယမန္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ သမၼတ နီကိုးလတ္စ္မာဒူ႐ို ျပန္လည္ ေ႐ြးခ်ယ္ခံရမႈႏွင့္ ဥပေဒႏွင့္မညီၫြတ္ေၾကာင္း ေၾကညာၿပီးေနာက္ လႊတ္ေတာ္အႀကီးအကဲတစ္ဦးလည္းျဖစ္သူ ဂိုင္ဒို က ဗင္နီဇြဲလားသမၼတအျဖစ္ ကိုယ္တိုင္ ေၾကညာခဲ့ပါတယ္။

အေမရိကန္အစိုးရ အပါအဝင္ အျခားႏိုင္ငံေပါင္း ၅၀ ခန႔္ကလည္း ဂိုင္ဒိုအား ဗင္နီဇြဲလားႏိုင္ငံ၏ သမၼတသစ္အျဖစ္ လက္ခံထားပါတယ္။

“ခင္ဗ်ားတို႔ကို သိေစခ်င္တာက ခင္ဗ်ားတို႔ရဲ႕ သမၼတဟာ တိုင္းျပည္ကို မွန္ကန္တဲ့ လမ္းေၾကာင္းဆီကို ေခၚေဆာင္မယ့္သူ ဆိုတာပါပဲ။လြပ္လပ္မႈ၊ ဒီမိုကေရစီလမ္းေၾကာင္းနဲ႔ ႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္ဖြံ႕ၿဖိဳးမႈကို ရရွိပါေစလိမ့္မယ္” ဟု ပြန္ပဲယို က ဗင္နီဇြဲလား ျပည္သူမ်ားကို ေျပာခဲ့ပါတယ္။

၎တို႔အေနျဖင့္ အဆိုပါအခြင့္အလမ္းမ်ားကို ရရွိေစေရးအတြက္လည္း အေမရိကန္က ကူညီသြားမည္ဟု ပြန္ပဲယို က ေျပာခဲ့ပါတယ္။

Linko
Ref : VOA
ဘိုဂိုတာ၊ ဇန္နဝါရီ - ၂၁