【နိုင်ငံတကာ】ရုရှား မဟာဗျူဟာ ကျဆုံးပြီးနောက် ထိုင်ဝမ်အပေါ် အင်အားသုံးမည့် ဆုံးဖြတ်ချက်ကို တရုတ် ပြန်လည်စဉ်းစားနိုင်ကြောင်း CIA အကြီးအကဲဆို

【နိုင်ငံတကာ】ရုရှား မဟာဗျူဟာ ကျဆုံးပြီးနောက် ထိုင်ဝမ်အပေါ် အင်အားသုံးမည့် ဆုံးဖြတ်ချက်ကို တရုတ် ပြန်လည်စဉ်းစားနိုင်ကြောင်း CIA အကြီးအကဲဆို

တရုတ်နိုင်ငံမှ ထိုင်ဝမ်အပေါ် အင်အားသုံးဖို့ ဆုံးဖြတ်ထားပေမယ့် ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှု ဖြစ်ပေါ်လာတဲ့အခါ ပေကျင်းရဲ့ ထိန်းချုပ်နိုင်ရေး တွက်ချက်မှုများအပေါ် ထိခိုက်စေခဲ့တယ်လို့ CIA အကြီးအကဲမှ ပြောကြားခဲ့ပါတယ်။ ဗဟိုထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာ ဝီလီယမ် ဘန်းစ်မှ ယခုနှစ်နှောင်းပိုင်း ကွန်မြူနစ်ပါတီရဲ့ အဓိကအစည်းအဝေးအပြီး တရုတ် သမ္မတ ရှီကျင့်ဖျိန်မှ ထိုင်ဝမ်အပေါ် အင်အားသုံးမည့် ထင်ကြေးပေးမှုများအပေါ် ငြင်းဆန်ကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ Aspen လုံခြုံရေးဖိုရမ်မှာ ပြောကြားခဲ့ပါတယ်။

"ဆုံးရှုံးမှုတွေ ပိုကြီးမားလာနိုင်တယ်လို့ ကျနော်တို့မြင်ပါတယ်" ဟု ဘန်းစ် က ဆိုပါတယ်။ "တစ်ပတ်အတွင်း ကိယက်ဗ်အစိုးရကို ဖြုတ်ချနိုင်မယ်လို့ မျှော်လင့်ခဲ့တဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ငါးလကြာမြင့်ပြီဖြစ်တဲ့ ယူကရိန်းအကျပ်အ တည်း မဟာဗျူဟာကျရှုံးမှုကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံအတွက် အင်အားသုံးလို့ အဆင်ပြေလာနိုင်စရာ မရှိပါဘူး" လို့ ဘန်းစ် က ပြောကြားခဲ့ပါတယ်။ "ထိုင်ဝမ်ကို ထိန်းချုပ်ဖို့ တရုတ်ခေါင်းဆောင်တွေရဲ့ အင်အားသုံးလာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေဟာ မဖြစ်နိုင်သေးပါဘူး၊ သူတို့လုပ်နိုင်တယ်ဆိုပေမယ့် ဘယ်လိုအချိန် ဘယ်လိုပုံစံမျိုး ပြုလုပ်မှာလဲ" ဟု ဘန်းစ်က ဆိုပါတယ်။

"အင်အားသုံးပြီး မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား အောင်ပွဲမရနိုင်ဘူးလို့ ယူကရိန်းစစ်ပွဲကနေ တရုတ်ဘက်က သတိပြုမိပုံရတယ်" လို့လည်း ဘန်းစ် က ပြောပါတယ်။ တရုတ်ဘက်က အာကာသ သတင်းအချက်အလက်များကို ထိန်းချုပ်ပြီး၊ ဖြစ်ပေါ်လာနိုင်တဲ့ ပိတ်ဆို့အရေးယူမှုများကို တွန်းလှန်နိုင်ရန်အတွက် နိုင်ငံ့စီးပွားရေးကို တတ်နိုင်သမျှ မြှင့်တင်လာဖွယ်ရှိတယ်လို့လည်း ဗဟိုထောက်လှမ်းရေးအေဂျင်စီ ဒါရိုက်တာ ဝီလီယမ် ဘန်းစ်မှ ပြောကြားခဲ့ပါတယ်။

Linko

Ref - TRTWorld

ဝါရှင်တန်၊ဇူလိုင် ၂၁