【 နိုင်ငံတကာ 】 ကျူးဘားတွင် ကျင်းပသည့် G-77+ တရုတ် ထိပ်သီးအစည်းအဝေးက ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်သစ်ကို တောင်းဆို

【 နိုင်ငံတကာ 】 ကျူးဘားတွင် ကျင်းပသည့် G-77+ တရုတ် ထိပ်သီးအစည်းအဝေးက ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်သစ်ကို တောင်းဆို

ဟာဗားနား၊ စက်တင်ဘာ - ၁၆

ကမ္ဘာ့လူဦးရေ၏ ၈၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့် ဖွံ့ဖြိုးဆဲနှင့် ထွန်းသစ်စနိုင်ငံများအုပ်စုဖြစ်သည့် G-77+ တရုတ်အဖွဲ့က ကမ္ဘာလုံးဆိုင်ရာအစီအစဉ်၏ “ကစားပွဲစည်းမျဉ်းများကိုပြောင်းလဲရန်” တောင်းဆိုမှုဖြင့် ကျူးဘားတွင် သောကြာနေ့က ထိပ်သီးအစည်းအဝေးကို စတင်ခဲ့ပါတယ်။

ယူကရိန်းတွင် ရုရှား၏စစ်ပွဲ၊ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ခြင်းနှင့် ကမ္ဘာ့စီးပွားရေးစနစ်အပေါ် ကျယ်ပြန့်စွာ သဘောထားကွဲပြားမှုများကြားတွင် အနောက်နိုင်ငံများဦးဆောင်သော ကမ္ဘာ့အစီအစဉ်ကို စိတ်ပျက်နေချိန်တွင် ယင်းအစည်းအဝေးဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

“မြောက်ပိုင်းက သူ့ရဲ့အကျိုးစီးပွားအရ ကမ္ဘာကိုစည်းရုံးပြီးနောက်ပိုင်း အခုကစားပွဲစည်းမျဉ်းတွေကိုပြောင်းဖို့ တောင်ပိုင်းကို ရောက်နေပြီ” ဟု ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ ကျူးဘားသမ္မတ မီဂွယ်ဒီရာ့ဇ်ကန်နယ်လ်က ပြောခဲ့ပါတယ်။

မစ္စတာဒီရာ့ဇ်ကန်နယ်လ်က ယနေ့ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ “မမျှတသော ကုန်သွယ်မှု” မှ ကမ္ဘာကြီးပူနွေးလာမှုအထိ “ဘက်ပေါင်းစုံအကျပ်အတည်း” ၏ အဓိကသားကောင်များဖြစ်နေကြတယ်လို့ ပြောခဲ့ပါတယ်။

ကုလသမဂ္ဂအကြီးအကဲ အန်တိုနီယို ဂူတာရက်စ်လည်း ဟာဗားနားတွင် နှစ်ရက်ကြာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ယင်းအစည်းအဝေးကို အာဖရိက၊ အာရှနှင့် လက်တင်အမေရိကတို့မှ နိုင်ငံ့ခေါင်းဆောင်များနှင့် အစိုးရအကြီးအကဲ ၃၀ ခန့် တက်ရောက်ခဲ့ပါတယ်။

ဆွေးနွေးပွဲဖွင့်ပွဲတွင် ဂူတာရက်စ်က “ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးလိုအပ်ချက်များကို ပိုမိုကိုယ်စားပြုပြီး တုံ့ပြန်မှုရှိသော ကမ္ဘာတစ်ခု” ကို တောင်းဆိုခဲ့ပြီး အဆိုပါနိုင်ငံများသည် “ကမ္ဘာ့အကျပ်အတည်း၏ အရှုပ်အထွေးအတွင်း ပိတ်မိနေကြောင်း” အလေးပေးပြောကြားခဲ့ပါတယ်။

အဆိုပါအဖွဲ့ကို ကမ္ဘာ့တောင်ဘက်နိုင်ငံပေါင်း ၇၇နိုင်ငံမှ ၁၉၆၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရည်ရွယ်ချက်အဖြစ် “၎င်းတို့၏ စုပေါင်းစီးပွားရေးအကျိုးစီးပွားကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ ပူးတွဲညှိနှိုင်းရေးစွမ်းရည်ကို မြှင့်တင်ရန်” ဟု အဖွဲ့၏ဝက်ဘ်ဆိုဒ်အရ သိရသည်။

Linko
Ref - Straitstimes