【 နိုင်ငံတကာ 】 မြောက်ကိုရီးယားသို့ လာရောက်ရန် ကင်ဂျုံအန်၏ ဖိတ်ကြားချက် ရုရှားသမ္မတ ပူတင် လက်ခံ

【 နိုင်ငံတကာ 】 မြောက်ကိုရီးယားသို့ လာရောက်ရန် ကင်ဂျုံအန်၏ ဖိတ်ကြားချက် ရုရှားသမ္မတ ပူတင် လက်ခံ

ပြုံးယမ်း၊ စက်တင်ဘာ - ၁၄

နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးမှုအတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်အား ၎င်း၏နိုင်ငံသို့ ဖိတ်ကြားခဲ့ပြီး ပူတင်က ဖိတ်ကြားချက်ကို လက်ခံခဲ့ကြောင်း ပြုံယမ်း၏ နိုင်ငံပိုင်မီဒီယာ KCNA တွင် ဖော်ပြခဲ့ပါတယ်။

ရုရှားအရှေ့ဖျား၌ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်တစ်ခုသို့ ပို့ဆောင်ခဲ့တယ်လို့ ကင်က ပူတင်အား ပြောကြားခဲ့ပြီး နောင်နှစ်ပေါင်း ၁၀၀ အထိ တည်ငြိမ်သော အနာဂတ်ကို ဦးတည်သော ဆက်ဆံရေးဖြစ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့  KCNA က ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပါတယ်။

နှစ်ဖက်စလုံးက “စစ်ရေးခြိမ်းခြောက်မှု၊ ရန်စမှုတွေနဲ့ နယ်ချဲ့သမားတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှု” ကို ရင်ဆိုင်ရာမှာ မဟာဗျူဟာနဲ့ နည်းဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအောင်လုပ်ဖို့ သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ၌ တွေ့ဆုံမှုအပြီးမှာ “ကင်ဂျုံအန်က ပူတင်ကို အဆင်ပြေသည့်အချိန်တွင် DPRK သို့ လာရောက်လည်ပတ်ရန် လှိုက်လှဲစွာ ဖိတ်ကြားခဲ့တယ်” လို့ ၎င်း၏တရားဝင်အမည်ကို ကိုးကား၍ KCNA က ဖော်ပြခဲ့ပါတယ်။

ပူတင်က ဖိတ်ကြားချက်ကို ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီး ရုရှား- မြောက်ကိုရီးယား ချစ်ကြည်ရေးရဲ့ သမိုင်းကြောင်းနဲ့ အစဉ်အလာကို အမြဲမပြတ် ဆက်လက်သယ်ဆောင်သွားမယ့် သူ့ရဲ့ဆန္ဒကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

ကင်သည် ၎င်း၏ cosmodrome သို့ သွားရောက်လည်ပတ်စဉ် ရုရှားအာကာသယာဉ်များအကြောင်း နည်းပညာဆိုင်ရာ အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သော်လည်း  လက်နက်ထောက်ပံ့မှု၊ လက်နက်ရောင်းဝယ်မှု (သို့မဟုတ်) လက်နက်အစီအစဉ်များအတွက် နည်းပညာအကူအညီ တစ်စုံတရာဖော်ပြထားခြင်းမရှိပေ။

ယူကရိန်းမှာ ၁၈ လကျော်ကြာ စစ်ပွဲအတွင်း သိုလှောင်လက်ကျန်ကုန်သည်အထိ အများအပြားသုံးစွဲခဲ့ရာ ကင်ဂျုံအန်က  ရုရှားသို့ လက်နက်နှင့် ခဲယမ်းမီးကျောက်များ ပံ့ပိုးပေးနိုင်မည်ကို အမေရိကန်နှင့် တောင်ကိုရီးယား တာဝန်ရှိသူများက စိုးရိမ်နေကြောင်း ဖော်ပြခဲ့ကြပါတယ်။

မော်စကိုနှင့် ပြုံယမ်းတို့က ယင်းရည်ရွယ်ချက်များကို ငြင်းဆိုထားပါတယ်။

ဗုဒ္ဓဟူးနေ့တွင် ပူတင်က စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အရိပ်အမြွက်အများအပြားပေးခဲ့သော်လည်း အသေးစိတ်အချက်အလက် အနည်းငယ်သာ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါဆွေးနွေးပွဲသို့ ကာကွယ်ရေးဝန်ကြီး ဆာဂိုင်းရှိုးဂူ တက်ရောက်ခဲ့ပါတယ်။ကရင်မလင်က အိမ်နီးနားချင်းတွေကြား ထိရှလွယ်တဲ့ ဆွေးနွေးမှုတွေဟာ သီးသန့်ကိစ္စတွေဖြစ်တယ်လို့ ဆိုပါတယ်။

Linko
Ref - TRT