【 နိုင်ငံတကာ 】 သံတမန်ဆက်ဆံရေးနှစ် ၆၀ ပြည့်အဖြစ် China Media Groupနှင့် ပြင်သစ် BFM စီးပွားရေးရုပ်သံလွှင့်ဌာနတို့ ပူးပေါင်း၍ ဆွေးနွေးပွဲအထူးအစီအစဉ် ထုတ်လွှင့်

【 နိုင်ငံတကာ 】 သံတမန်ဆက်ဆံရေးနှစ် ၆၀ ပြည့်အဖြစ် China Media Groupနှင့် ပြင်သစ် BFM စီးပွားရေးရုပ်သံလွှင့်ဌာနတို့ ပူးပေါင်း၍ ဆွေးနွေးပွဲအထူးအစီအစဉ် ထုတ်လွှင့်

ပေကျင်း၊ ဇန်နဝါရီ ၂၈ 
တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အနေဖြင့် China Media Group နှင့် ပြင်သစ် BFM စီးပွားရေးရုပ်သံလွှင့်ဌာန တို့ပူးပေါင်း၍ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် “တရုတ်-ပြင်သစ် သံတမန်ဆက်ဆံရေး နှစ် ၆၀ ပြည့်အထိမ်းအမှတ်အဆင့်မြင့်ဆွေးနွေးမှု” အထူးအစီအစဉ်ကို ထုတ်လွှင့်ပြသခဲ့ကြောင်း သိရပါတယ်။
ယင်းအစီအစဉ်တွင် တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံမှ ယဉ်ကျေးမှုနယ်ပယ်၊ ခရီးသွားလာရေးနယ်ပယ်၊ တတ်သိပညာရှင်များ၊ ကျွမ်းကျင်ပညာရှင်များက ပါဝင်ခဲ့ကြပြီး တရုတ်-ပြင်သစ် ကူးလူးဖလှယ်မှုအကြောင်း အတူဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ပြင်သစ်ဝန်ကြီးချုပ်ဟောင်း Jean-Pierre Raffarin ကတော့ တရုတ်-ပြင်သစ် နှစ်နိုင်ငံမီဒီယာ ပူးပေါင်း၍ အစီ အစဉ်စတင်ခြင်းအတွက် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခဲ့ပြီး ပြင်သစ်-တရုတ် ပူးပေါင်းဆောင်ရွက်မှုများတွင် တိုးတက်မှုအသစ်များ အဆက်မပြတ်ဖြစ်ထွန်းနေကြောင်း၊ ကူးလူးဖလှယ်ရေး မြှင့်တင်မှုများ အလွန်အရေးကြီးကြောင်း အစီအစဉ်ထုတ်လုပ်ရေးအဖွဲ့၏ အင်တာဗျူးမေးမြန်းမှုကို ဖြေကြားစဉ်တွင် ပြောကြားခဲ့ပါတယ်။
ထို့အတူ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ CMG ဥက္ကဌ Shen Haixiong ကလည်း တရုတ်-ပြင်သစ် နှစ်နိုင်ငံအကြီးအကဲများ၏ ဦးဆောင်မှုအောက်တွင် နှစ်ဦးနှစ်ဖက်သည် ယခုနှစ်အတွင်း ရုပ်မြင်သံကြား၊ အားကစား၊ ပညာရေး၊ ခရီးသွားလာရေး၊ ဒြပ်မဲ့အမွေအနှစ် စသည့်ကဏ္ဍများတွင် ကျယ်ကျယ်ပြန့်ပြန့် ကူးလူးဖလှယ်မှုများ၊ နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်မှုများ ရှိလိမ့်မည်ဟု ပြောကြားခဲ့ တယ်လို့ China Media Group သတင်းမှာ ဖော်ပြထားပါတယ်။