စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီး အဖြူရောင်ဆေးသင်္ကန်း စတင်ကပ်လှူခြင်း အခမ်းအနား ဒီဇင်ဘာ ၁၂ ရက်နေ့ ကျင်းပမည်

စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီး အဖြူရောင်ဆေးသင်္ကန်း စတင်ကပ်လှူခြင်း အခမ်းအနား ဒီဇင်ဘာ ၁၂ ရက်နေ့ ကျင်းပမည်

စစ်ကိုင်း ကောင်းမှုတော်ဘုရား (ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်) အား အဖြူရောင်ဆေးသင်္ကန်း စတင်ကပ်လှူခြင်းကို ဒီဇင်ဘာ ၁၂ ရက်နေ့မနက် ၉ နာရီကစလို့ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဘုရားဂေါပကအဖွဲ့ဆီက သိရပါတယ်။

ဒီလုပ်ငန်းအတွက် အောင်ပြည်တန်ကုမ္ပဏီကို ရွေးလိုက်ပါတယ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ စတင်ဆောင်ရွက်သွားမှာပါ၊ မနက် ၉ နာရီမှာ အခမ်းအနားနဲ့တစ်ကွ ဆောင်ရွက်သွားမှာပါလို့ ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မျိုးလွင် က Opinion Leaders Media ကို ပြောပါတယ်။

ကောင်းမှုတော်ဘုရားအား အဖြူရောင်ဆေးသင်္ကန်း ကပ်လှူခြင်း လုပ်ငန်းကို တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့မှာ စတင်ပြုလုပ်သွားဖို့ စီစဉ်ခဲ့ပေမယ့်လည်း ပြင်ဆင်ဆောင်ရွက်စရာတွေ ကျန်နေသေးတာကြောင့် လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့ ရက်ပြောင်းရွှေ့ခဲ့တာပါ။အဲဒီနေ့ မနက် ၉ နာရီမှာ ကောင်းမှုကုသိုလ်ပြု အခမ်းအနားနဲ့တစ်ကွ စတင်ဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘာ့ဗုဒ္ဓသာသနာပြု သီတဂူ ဆရာတော်ဘုရားကြီးကိုယ်တိုင် ကြွရောက်ချီးမြှင့်တော်မူမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မနက် ၉ နာရီမှာ အခမ်းအနား စတင်ပါမယ်၊ အလှူရှင်တွေအတွက် သူတို့ရဲ့ ကုသိုလ်ကောင်းမှုတွေအပေါ် ဆရာတော်ဘုရားကြီးကိုယ်တိုင် သီလပေးမယ်၊ ပရိတ်ရွတ်ပေးမယ်၊ ကုသိုလ်တရားတွေ ပွားများပေးမယ်၊ အခမ်းအနားပြီးတာနဲ့ အဖြူရောင်းသင်္ကန်း စတင်သွားမှာပါ လို့လည်း ၎င်းက ဆိုပါတယ်။

လုပ်ငန်းအပြီးအစီးအတွက် ငွေကျပ်သိန်းလေးထောင်ကျော် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး လက်ရှိမှာတော့ ငွေကျပ်သိန်းကိုးရာကျော် အလှူခံရရှိထားပြီး ဖြစ်တယ်လို့လည်း ဥက္ကဋ္ဌ ဦးတင်မျိုးလွင် က ပြောပါတယ်။

တပေါင်းလပြည့်နေ့မတိုင်မီ အပြီးဆောင်ရွက်သွားဖို့ ဆရာတော်ဘုရားကြီးက သြဝါဒပေးထားပါတယ်၊ ဆရာတော်ဘုရားကြီးမွေးနေ့ တပေါင်းလပြည့်နေ့မှာ ဖွင့်ပွဲလုပ်နိုင်အောင် စီစဉ်သွားမှာ ဖြစ်ပါတယ်လို့ ၎င်းက ဆိုပါတယ်။

ဒုတိယအင်းဝခေတ် ညောင်ရမ်းမင်းဆက် သီရိသုဓမ္မရာဇာ မဟာဓိပတိဘွဲ့ခံ သာလွန်မင်းတရားကြီး ကောင်းမှုတော် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်ဟာ စစ်ကိုင်းမြို့ရဲ့ အနောက်မြောက်ဘက် ၅ မိုင်အကွာ မန္တလေး-မုံရွာ ကားလမ်းဘေး တည်ရှိတာဖြစ်ပြီး မြန်မာသက္ကရာဇ် ၉၉၈ ခု တော်သလင်းလဆန်း ၁၀ ရက် တနင်္လာနေ့မှာ စတင်ပန္နက်ချ တည်ထားခဲ့တာပါ။

သီရိလင်္ကာနိုင်ငံ အနုရာဓမြို့က ထူပါရုံစေတီတော်ပုံစံ နမူနာယူပြီးတည်ထားတာဖြစ်ပြီး မူလက အဖြူရောင်ထုံးသင်္ကန်းနဲ့ ဖြစ်ပါတယ်။

KT
မန္တလေး၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

စစ္ကိုင္း ေကာင္းမႈေတာ္ဘုရား (ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီေတာ္) အား အျဖဴေရာင္ေဆးသကၤန္း စတင္ကပ္လႉျခင္းကို ဒီဇင္ဘာ ၁၂ ရက္ေန႔မနက္ ၉ နာရီကစလို႔ ျပဳလုပ္သြားမွာျဖစ္တယ္လို႔ ဘုရားေဂါပကအဖြဲ႕ဆီက သိရပါတယ္။

ဒီလုပ္ငန္းအတြက္ ေအာင္ျပည္တန္ကုမၸဏီကို ေ႐ြးလိုက္ပါတယ္၊ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ စတင္ေဆာင္႐ြက္သြားမွာပါ၊ မနက္ ၉ နာရီမွာ အခမ္းအနားနဲ႔တစ္ကြ ေဆာင္႐ြက္သြားမွာပါလို႔ ေဂါပကအဖြဲ႕ ဥကၠ႒ ဦးတင္မ်ိဳးလြင္ က Opinion Leaders Media ကို ေျပာပါတယ္။

ေကာင္းမႈေတာ္ဘုရားအား အျဖဴေရာင္ေဆးသကၤန္း ကပ္လႉျခင္း လုပ္ငန္းကို တန္ေဆာင္မုန္းလျပည့္ေက်ာ္ တစ္ရက္ေန႔မွာ စတင္ျပဳလုပ္သြားဖို႔ စီစဥ္ခဲ့ေပမယ့္လည္း ျပင္ဆင္ေဆာင္႐ြက္စရာေတြ က်န္ေနေသးတာေၾကာင့္ လာမယ့္ ဒီဇင္ဘာ ၁၂ ရက္ေန႔ ရက္ေျပာင္းေ႐ႊ႕ခဲ့တာပါ။အဲဒီေန႔ မနက္ ၉ နာရီမွာ ေကာင္းမႈကုသိုလ္ျပဳ အခမ္းအနားနဲ႔တစ္ကြ စတင္ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ကမာၻ႔ဗုဒၶသာသနာျပဳ သီတဂူ ဆရာေတာ္ဘုရားႀကီးကိုယ္တိုင္ ႂကြေရာက္ခ်ီးျမႇင့္ေတာ္မူမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

မနက္ ၉ နာရီမွာ အခမ္းအနား စတင္ပါမယ္၊ အလႉရွင္ေတြအတြက္ သူတို႔ရဲ႕ ကုသိုလ္ေကာင္းမႈေတြအေပၚ ဆရာေတာ္ဘုရားႀကီးကိုယ္တိုင္ သီလေပးမယ္၊ ပရိတ္႐ြတ္ေပးမယ္၊ ကုသိုလ္တရားေတြ ပြားမ်ားေပးမယ္၊ အခမ္းအနားၿပီးတာနဲ႔ အျဖဴေရာင္းသကၤန္း စတင္သြားမွာပါ လို႔လည္း ၎က ဆိုပါတယ္။

လုပ္ငန္းအၿပီးအစီးအတြက္ ေငြက်ပ္သိန္းေလးေထာင္ေက်ာ္ ကုန္က်မယ္လို႔ ခန႔္မွန္းထားၿပီး လက္ရွိမွာေတာ့ ေငြက်ပ္သိန္းကိုးရာေက်ာ္ အလႉခံရရွိထားၿပီး ျဖစ္တယ္လို႔လည္း ဥကၠ႒ ဦးတင္မ်ိဳးလြင္ က ေျပာပါတယ္။

တေပါင္းလျပည့္ေန႔မတိုင္မီ အၿပီးေဆာင္႐ြက္သြားဖို႔ ဆရာေတာ္ဘုရားႀကီးက ၾသဝါဒေပးထားပါတယ္၊ ဆရာေတာ္ဘုရားႀကီးေမြးေန႔ တေပါင္းလျပည့္ေန႔မွာ ဖြင့္ပြဲလုပ္ႏိုင္ေအာင္ စီစဥ္သြားမွာ ျဖစ္ပါတယ္လို႔ ၎က ဆိုပါတယ္။

ဒုတိယအင္းဝေခတ္ ေညာင္ရမ္းမင္းဆက္ သီရိသုဓမၼရာဇာ မဟာဓိပတိဘြဲ႕ခံ သာလြန္မင္းတရားႀကီး ေကာင္းမႈေတာ္ ရာဇမဏိစူဠာ ေကာင္းမႈေတာ္ေစတီေတာ္ဟာ စစ္ကိုင္းၿမိဳ႕ရဲ႕ အေနာက္ေျမာက္ဘက္ ၅ မိုင္အကြာ မႏၲေလး-မုံ႐ြာ ကားလမ္းေဘး တည္ရွိတာျဖစ္ၿပီး ျမန္မာသကၠရာဇ္ ၉၉၈ ခု ေတာ္သလင္းလဆန္း ၁၀ ရက္ တနလၤာေန႔မွာ စတင္ပႏၷက္ခ် တည္ထားခဲ့တာပါ။

သီရိလကၤာႏိုင္ငံ အႏုရာဓၿမိဳ႕က ထူပါ႐ုံေစတီေတာ္ပုံစံ နမူနာယူၿပီးတည္ထားတာျဖစ္ၿပီး မူလက အျဖဴေရာင္ထုံးသကၤန္းနဲ႔ ျဖစ္ပါတယ္။

KT
မႏၲေလး၊ ဒီဇင္ဘာ - ၁၀