တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံမှု ယခင်နှစ်ထက်များစွာလျော့ကျလာ

တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံမှု ယခင်နှစ်ထက်များစွာလျော့ကျလာ

ပြည်ပနိုင်ငံများမှ မေလအတွင်း လာရောက်ရင်းနှီးမြုပ်နှံမှု ပမာဏ ကန်ဒေါ်လာ ၈၆ ဒသမ ၁၂၈ သန်းရှိရာမှာ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှ အမေရိကန်ဒေါ်လာ ၂၅သန်း ကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)ကမေလ အတွင်းထုတ်ပြန်သောစာရင်းအချက်အလက်များအရသိရပါတယ်။

အဆိုပါအချက်အလက်များအရ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှာ လအလိုက် ကျသွားပြီး မတ်လအတွင်း ပမာဏမှာကန်ဒေါ်လာ ၈၄ဒသမ၈၂၄ သန်း၊ ဧပြီလတွင် ကန်ဒေါ်လာ ၅၂ ဒသမ ၅၆၅ သန်းရှိခဲ့ရာမှ မေလတွင်  ကန်ဒေါ်လာ ၂၇ ဒသမ ၅၈၈ သန်းသာ ဝင်ရောက်ခဲ့ တာဖြစ် ပါတယ်။

ဇွန်လစတုတ္ထအပတ်ကထုတ်ပြန်ခဲ့သည့် DICA ၏ မတ်လအတွက် Yearly Approved Amount of Foreign Investment(By Country )စာရင်းအရ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် သစ် ကာလအတွင်း အောက် တို ဘာလတွင် ကန်ဒေါ်လာ ၂ဒသမ ၀၈၃ သန်း၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၅၁ ဒသမ ၉၁၈ သန်း ၊ ဒီဇင် ဘာ လတွင် ကန်ဒေါ်လာ ၅၁ ဒသမ ၉၁၈ သန်းနှင့် ဇန်နဝါရီ လတွင် ကန်ဒေါ်လာ ၁၈ ဒသမ ၆၀၄ သန်း၊ ဖေဖေါ်ဝါရီ လတွင် ကန်ဒေါ်လာ ၆ ဒသမ ၀၅၂ သန်း၊မတ်လတွင် ကန်ဒေါ်လာ ၈၄ ဒသမ ၈၂၄ သန်း၊ဧပြီလတွင် ကန်ဒေါ် လာ ၅၂ ဒသမ ၅၆၅ သန်း၊မေလတွင်  ကန်ဒေါ်လာ ၂၇ ဒသမ ၅၈၈ သန်းအသီးသီးလာရောက်ရင်းနှီးမြုပ်နှံခဲ့ရာ ယခုဘဏ္ဍာနှစ် ၈ လတာအတွင်းကန်ဒေါ်လာ ၃၂၃ ဒသမ ၂၈၂ သန်းတရုတ်ဘက်မှ လာရောက်ရင်းနှီးမြုပ် နှံခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ ထုတ်ပြန်ချက်အရ တရုတ် နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံမှုမှာအရပ်သားအစိုးရစတင်တာဝန်ယူသည့်၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် တွင်အ မေရိကန်ဒေါ်လာ ၃၃၂၃ဒသမ၈၅၃သန်း၊၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင်အမေရိကန်ဒေါ်လာ ၄၈၂ဒသမ ၅၉၁ သန်း၊၂၀၁၇ -၂၀၁၈ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၉၅ဒသမ၂၁၉သန်း အသီးသီးနှင့် ၂၀၁၈ ကာလတို ဘတ်ဂျက်ကာလတွင် ကန်ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်း တရုတ်နိုင်ငံကလာရောက်ရင်းနှီး မြုပ်နှံခဲ့ရာ လက်ရှိတွင် မြန်မာနိုင်ငံ အတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာဘီလျံ ၂၀ကျော် ( အမေရိကန်ဒေါ်လာ၂၀၅၆၆ ဒသမ၀၉၉ သန်း)ရှိပြီးထိုပမာဏမှာလာရောက် ရင်းနှီး မြုပ်နှံသည့်နိုင်ငံ ၄၉ နိုင်ငံထဲ ဒုတိယ အများ ဆုံးဖြစ်ကြောင်း သိရပါတယ်။

PWA
ရန်ကုန် ၊ ဇွန် ၃၀

(  Zawgyi  )

 ျပည္ပႏိုင္ငံမ်ားမွ ေမလအတြင္း လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈ ပမာဏ ကန္ေဒၚလာ ၈၆ ဒသမ ၁၂၈ သန္းရွိရာမွာ တ႐ုတ္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ ပမာဏမွ အေမရိကန္ေဒၚလာ ၂၅သန္း ေက်ာ္ရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံ မႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA)ကေမလ အတြင္းထုတ္ျပန္ေသာစာရင္းအခ်က္အလက္မ်ားအရသိရပါတယ္။

အဆိုပါအခ်က္အလက္မ်ားအရ တ႐ုတ္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံသည့္ ပမာဏမွာ လအလိုက္ က်သြားၿပီး မတ္လအတြင္း ပမာဏမွာကန္ေဒၚလာ ၈၄ဒသမ၈၂၄ သန္း၊ ဧၿပီလတြင္ ကန္ေဒၚလာ ၅၂ ဒသမ ၅၆၅ သန္းရွိခဲ့ရာမွ ေမလတြင္  ကန္ေဒၚလာ ၂၇ ဒသမ ၅၈၈ သန္းသာ ဝင္ေရာက္ခဲ့ တာျဖစ္ ပါတယ္။

ဇြန္လစတုတၳအပတ္ကထုတ္ျပန္ခဲ့သည့္ DICA ၏ မတ္လအတြက္ Yearly Approved Amount of Foreign Investment(By Country )စာရင္းအရ၂၀၁၈-၂၀၁၉ ဘ႑ာေရးႏွစ္ သစ္ ကာလအတြင္း ေအာက္ တို ဘာလတြင္ ကန္ေဒၚလာ ၂ဒသမ ၀၈၃ သန္း၊ ႏိုဝင္ဘာလတြင္ ကန္ေဒၚလာ ၅၁ ဒသမ ၉၁၈ သန္း ၊ ဒီဇင္ ဘာ လတြင္ ကန္ေဒၚလာ ၅၁ ဒသမ ၉၁၈ သန္းႏွင့္ ဇန္နဝါရီ လတြင္ ကန္ေဒၚလာ ၁၈ ဒသမ ၆၀၄ သန္း၊ ေဖေဖၚဝါရီ လတြင္ ကန္ေဒၚလာ ၆ ဒသမ ၀၅၂ သန္း၊မတ္လတြင္ ကန္ေဒၚလာ ၈၄ ဒသမ ၈၂၄ သန္း၊ဧၿပီလတြင္ ကန္ေဒၚ လာ ၅၂ ဒသမ ၅၆၅ သန္း၊ေမလတြင္  ကန္ေဒၚလာ ၂၇ ဒသမ ၅၈၈ သန္းအသီးသီးလာေရာက္ရင္းႏွီးျမဳပ္ႏွံခဲ့ရာ ယခုဘ႑ာႏွစ္ ၈ လတာအတြင္းကန္ေဒၚလာ ၃၂၃ ဒသမ ၂၈၂ သန္းတ႐ုတ္ဘက္မွ လာေရာက္ရင္းႏွီးျမဳပ္ ႏွံခဲ့ေၾကာင္းသိရပါတယ္။

ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန (DICA)၏ ထုတ္ျပန္ခ်က္အရ တ႐ုတ္ ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမဳပ္ႏွံမႈမွာအရပ္သားအစိုးရစတင္တာဝန္ယူသည့္၂၀၁၅-၂၀၁၆ဘ႑ာႏွစ္ တြင္အ ေမရိကန္ေဒၚလာ ၃၃၂၃ဒသမ၈၅၃သန္း၊၂၀၁၆-၂၀၁၇ဘ႑ာႏွစ္တြင္အေမရိကန္ေဒၚလာ ၄၈၂ဒသမ ၅၉၁ သန္း၊၂၀၁၇ -၂၀၁၈ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၃၉၅ဒသမ၂၁၉သန္း အသီးသီးႏွင့္ ၂၀၁၈ ကာလတို ဘတ္ဂ်က္ကာလတြင္ ကန္ေဒၚလာ ၁၇၆၄ ဒသမ ၇၀၁ သန္း တ႐ုတ္ႏိုင္ငံကလာေရာက္ရင္းႏွီး ျမဳပ္ႏွံခဲ့ရာ လက္ရွိတြင္ ျမန္မာႏိုင္ငံ အတြင္း တ႐ုတ္ႏိုင္ငံ၏ ရင္းႏွီးျမဳပ္ႏွံမႈပမာဏမွာ အေမရိကန္ေဒၚလာဘီလ်ံ ၂၀ေက်ာ္ ( အေမရိကန္ေဒၚလာ၂၀၅၆၆ ဒသမ၀၉၉ သန္း)ရွိၿပီးထိုပမာဏမွာလာေရာက္ ရင္းႏွီး ျမဳပ္ႏွံသည့္ႏိုင္ငံ ၄၉ ႏိုင္ငံထဲ ဒုတိယ အမ်ား ဆုံးျဖစ္ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္ ၊ ဇြန္ ၃၀