ထိုင်းနှင့် နယ်စပ်စခန်း ၈ ခုမှ လေးလကျော်အတွင်း ကန်ဒေါ်လာ တစ်ဘီလျံကျော် ကုန်သွယ်ခဲ့

ထိုင်းနှင့် နယ်စပ်စခန်း ၈ ခုမှ လေးလကျော်အတွင်း ကန်ဒေါ်လာ တစ်ဘီလျံကျော် ကုန်သွယ်ခဲ့

မြန်မာ - ထိုင်း နှစ်နိုင်ငံကြားနယ်စပ်ကုန်သွယ်ရေးစခန်း ၈ ခုမှ ကုန်သွယ်မှုပမာဏမှာ ကန်ဒေါ်လာ တစ်ဘီလျံကျော်  ရှိခဲ့ပြီး ယခင် ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ ၃၅ သန်း ပိုမိုလာခဲ့တယ်လို့ ကုန်သွယ်ရေး ဦးစီး ဌာနက ထုတ်ပြန်သည့်  နယ်စခန်းများ အလိုက်ပို့ကုန်သွင်းကုန်ကုန်သွယ်မှု အခြေအနေနိူင်းယှဉ်စာရင်း အရသိရပါတယ်။

ယခုဘဏ္ဍာနှစ်သစ် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဖေဖေါ်ဝါရီ ၇  ရက်အထိ ကျိုင်းတုံ၊ တာချီလိတ်၊ မြ၀တီ၊ကော့သောင်း၊မြိတ်၊ ထီးခီး၊ မောတောင် ၊မယ်စဲ့ စသည့် ထိုင်း -မြန်မာနယ်စပ်ရှိ ကုန်သွယ်ရေးစခန်း ခုနှစ်ခုမှ ကုန်သွယ်မှု တန်ဖိုးမှာ ကန်ဒေါ်လာ ၁၃၁၇ဒသမ ၃၃၈ သန်း ရှိခဲ့ပြီးမြန်မာဘက်မှ ထိုင်းဘက်သို့ ပို့ကုန် ကန်ဒေါ်လာ၉၀၈ ဒသမ ၂၀၇ သန်းတင်ပို့ခဲ့ကာ ထိုင်းဘက်မှ မြန်မာဘက်သို့ ကုန်ပစ္စည်း တန်ဖိုး ကန်ဒေါ် လာ၄၀၉ ဒသမ ၁၃၁  သန်းပြန်လည်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
        
“ ကုန်အတင်အချတော့ များလာတယ်။ဒီအချိန်က ပွင့်လင်းချိန်လေ။ဟိုဘက်က ရာဘာပြန်ဆွဲလာတယ်။ တခြား ကုန်တွေလည်းပါတယ်။ လျှပ်စစ်ပစ္စည်းကျတော့ ဒီဘက်က တင်သွင်းတာ အရင်ကတည်းကရှိပြီးသား။ အခုက ပိုပြီးလမ်းကောင်းလာတော့ တွင်ကျယ်လာတယ်။ ယာဉ်တွေ တင်သွင်းတာလည်းရှိတယ်။ လယ်ယာထွက်ကုန်နဲ့ရေထွက်ပစ္စည်းက ထီးခီးဘက်က ပိုတွင်ကျယ်တယ်  ”လို့ မော်လမြိုင် အခြေစိုက် ကုန်သည် တစ်ဦးကဆိုပါတယ်။

၂၀၁၉ခုနှစ်အောက်တိုဘာမှ၂၀၁၉ခုနှစ် ဇန်နဝါရီ၁၀ ရက်အထိ  လေးလကျော်ကာလအတွင်း ကျိုင်းတုံနယ် စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၉၄၉ သန်း၊ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ  ၄၄  ဒသမ ၈၇၉  သန်း၊  မြ၀တီနယ်စပ် ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ၃၉၀  ဒသမ ၀၀၈ သန်း၊ ကော့သောင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ ၁၃၁ ဒသမ ၈၃၀ သန်း၊ မြိတ်နယ်စပ် ကုန်သွယ်ရေး စခန်းမှကန်ဒေါ်လာ ၆၈  ဒသမ ၆၄၆  သန်း၊  ထီးခီးနယ် စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၆၆၈ ဒသမ ၆၄၆ သန်း၊ မောတောင် နယ် စပ် ကုန်သွယ်ရေးစခန်းမှကန်ဒေါ်လာ ၉ဒသမ ၂၇၇သန်း နှင့် မယ်စဲ့ နယ် စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁ ဒသမ၆၄၉ သန်း ကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ ဖေဖေါ်ဝါရီ ၁၈

(  Zawgyi  )

 ျမန္မာ - ထိုင္း ႏွစ္ႏိုင္ငံၾကားနယ္စပ္ကုန္သြယ္ေရးစခန္း ၈ ခုမွ ကုန္သြယ္မႈပမာဏမွာ ကန္ေဒၚလာ တစ္ဘီလ်ံေက်ာ္  ရွိခဲ့ၿပီး ယခင္ ဘ႑ာႏွစ္ ကာလတူထက္ ကန္ေဒၚလာ ၃၅ သန္း ပိုမိုလာခဲ့တယ္လို႔ ကုန္သြယ္ေရး ဦးစီး ဌာနက ထုတ္ျပန္သည့္  နယ္စခန္းမ်ား အလိုက္ပို႔ကုန္သြင္းကုန္ကုန္သြယ္မႈ အေျခအေနႏိူင္းယွဥ္စာရင္း အရသိရပါတယ္။

ယခုဘ႑ာႏွစ္သစ္ ၂၀၁၉-၂၀၂၀ ဘ႑ာႏွစ္ ေဖေဖၚဝါရီ ၇  ရက္အထိ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ ျမ၀တီ၊ေကာ့ေသာင္း၊ၿမိတ္၊ ထီးခီး၊ ေမာေတာင္ ၊မယ္စဲ့ စသည့္ ထိုင္း -ျမန္မာနယ္စပ္ရွိ ကုန္သြယ္ေရးစခန္း ခုႏွစ္ခုမွ ကုန္သြယ္မႈ တန္ဖိုးမွာ ကန္ေဒၚလာ ၁၃၁၇ဒသမ ၃၃၈ သန္း ရွိခဲ့ၿပီးျမန္မာဘက္မွ ထိုင္းဘက္သို႔ ပို႔ကုန္ ကန္ေဒၚလာ၉၀၈ ဒသမ ၂၀၇ သန္းတင္ပို႔ခဲ့ကာ ထိုင္းဘက္မွ ျမန္မာဘက္သို႔ ကုန္ပစၥည္း တန္ဖိုး ကန္ေဒၚ လာ၄၀၉ ဒသမ ၁၃၁  သန္းျပန္လည္တင္သြင္းခဲ့တယ္လို႔ သိရပါတယ္။
        
“ ကုန္အတင္အခ်ေတာ့ မ်ားလာတယ္။ဒီအခ်ိန္က ပြင့္လင္းခ်ိန္ေလ။ဟိုဘက္က ရာဘာျပန္ဆြဲလာတယ္။ တျခား ကုန္ေတြလည္းပါတယ္။ လွ်ပ္စစ္ပစၥည္းက်ေတာ့ ဒီဘက္က တင္သြင္းတာ အရင္ကတည္းကရွိၿပီးသား။ အခုက ပိုၿပီးလမ္းေကာင္းလာေတာ့ တြင္က်ယ္လာတယ္။ ယာဥ္ေတြ တင္သြင္းတာလည္းရွိတယ္။ လယ္ယာထြက္ကုန္နဲ႔ေရထြက္ပစၥည္းက ထီးခီးဘက္က ပိုတြင္က်ယ္တယ္  ”လို႔ ေမာ္လၿမိဳင္ အေျခစိုက္ ကုန္သည္ တစ္ဦးကဆိုပါတယ္။

၂၀၁၉ခုႏွစ္ေအာက္တိုဘာမွ၂၀၁၉ခုႏွစ္ ဇန္နဝါရီ၁၀ ရက္အထိ  ေလးလေက်ာ္ကာလအတြင္း က်ိဳင္းတုံနယ္ စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၂ ဒသမ ၉၄၉ သန္း၊ တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ  ၄၄  ဒသမ ၈၇၉  သန္း၊  ျမ၀တီနယ္စပ္ ကုန္သြယ္ေရးစခန္းမွကန္ေဒၚလာ၃၉၀  ဒသမ ၀၀၈ သန္း၊ ေကာ့ေသာင္း နယ္စပ္ကုန္သြယ္ေရးစခန္းမွကန္ေဒၚလာ ၁၃၁ ဒသမ ၈၃၀ သန္း၊ ၿမိတ္နယ္စပ္ ကုန္သြယ္ေရး စခန္းမွကန္ေဒၚလာ ၆၈  ဒသမ ၆၄၆  သန္း၊  ထီးခီးနယ္ စပ္ ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၆၆၈ ဒသမ ၆၄၆ သန္း၊ ေမာေတာင္ နယ္ စပ္ ကုန္သြယ္ေရးစခန္းမွကန္ေဒၚလာ ၉ဒသမ ၂၇၇သန္း ႏွင့္ မယ္စဲ့ နယ္ စပ္ ကုန္သြယ္ေရးစခန္းမွ ကန္ေဒၚလာ ၁ ဒသမ၆၄၉ သန္း ကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ ေဖေဖၚဝါရီ ၁၈