ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ပေါ်မှ အမျိုးသမီး ၁ ဦး သံလွင်မြစ်အတွင်းခုန်ချ

ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ပေါ်မှ အမျိုးသမီး ၁ ဦး သံလွင်မြစ်အတွင်းခုန်ချ

မွန်ပြည်နယ် မော်လမြိုင်မြို့ ရှိ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီလူးကျွန်း) ပေါ်မှ အမျိုးသမီး ၁ ဦး သံလွင်မြစ်အတွင်းခုန်ချမှု ယနေ့ အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ အေးမြကြည်လင် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ ယနေ့ အောက်တိုဘာလ ၃၀ ရက် နံနက် ၆ နာရီခွဲ အချိန်ခန့်တွင် အမျိုးသမီး ၁ ဦးသည် အနက်ရောင်ဆိုင်ကယ်ကို စီးနင်းကာ ဗိုလ်ချုပ်အောင်ဆန်းတံတား (ဘီးလူးကျွန်း) ပေါ်ရှိ RP-2 ရေလယ်တိုင်အနီးတွင် ရပ်တန့်ကာ တံတားပေါ်မှ သံလွင်မြစ်အတွင်းသို့ ခုန်ချခဲ့တယ်လို့ ဆိုပါတယ်။

ခုန်ချခဲ့သည့် အမျိုးသမီးအား သံလွင်မြစ်အတွင်း ငါးဖမ်းနေသည့် လှေသားများက ဆယ်ယူကယ်တင်ခဲ့ပြီး တံတားပေါ်တွင် လမ်းလျှောက်နေသူများက တံတားပေါ်မှ အမျိုးသမီးတစ်ဦး ခုန်ချကြောင်း တွေ့မြင်သဖြင့် ဖုန်းဆက်အကြောင်းကြားမှုကြောင့် ရောက်ရှိလာသည့်  အေးမြကြည်လင် အရေးပေါ်အဖွဲ့ထံသို့ ပို့ဆောင်ပေးခဲ့ရာ အေးမြကြည်လင် အရေးပေါ်အဖွဲ့က ရှေးဦးသူနာပြုစုခြင်းများ ပြုလုပ်ပေးခဲ့ပြီး မော်လမြိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
မော်လမြိုင်၊ အောက်တိုဘာ - ၃၀

( Zawgyi )

မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ ရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတား (ဘီလူးကြၽန္း) ေပၚမွ အမ်ိဳးသမီး ၁ ဦး သံလြင္ျမစ္အတြင္းခုန္ခ်မႈ ယေန႔ ေအာက္တိုဘာလ ၃၀ ရက္ နံနက္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ ေအးျမၾကည္လင္ အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မွ သတင္းထုတ္ျပန္ထားပါတယ္။

ျဖစ္စဥ္မွာ ယေန႔ ေအာက္တိုဘာလ ၃၀ ရက္ နံနက္ ၆ နာရီခြဲ အခ်ိန္ခန႔္တြင္ အမ်ိဳးသမီး ၁ ဦးသည္ အနက္ေရာင္ဆိုင္ကယ္ကို စီးနင္းကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းတံတား (ဘီးလူးကြၽန္း) ေပၚရွိ RP-2 ေရလယ္တိုင္အနီးတြင္ ရပ္တန႔္ကာ တံတားေပၚမွ သံလြင္ျမစ္အတြင္းသို႔ ခုန္ခ်ခဲ့တယ္လို႔ ဆိုပါတယ္။

ခုန္ခ်ခဲ့သည့္ အမ်ိဳးသမီးအား သံလြင္ျမစ္အတြင္း ငါးဖမ္းေနသည့္ ေလွသားမ်ားက ဆယ္ယူကယ္တင္ခဲ့ၿပီး တံတားေပၚတြင္ လမ္းေလွ်ာက္ေနသူမ်ားက တံတားေပၚမွ အမ်ိဳးသမီးတစ္ဦး ခုန္ခ်ေၾကာင္း ေတြ႕ျမင္သျဖင့္ ဖုန္းဆက္အေၾကာင္းၾကားမႈေၾကာင့္ ေရာက္ရွိလာသည့္  ေအးျမၾကည္လင္ အေရးေပၚအဖြဲ႕ထံသို႔ ပို႔ေဆာင္ေပးခဲ့ရာ ေအးျမၾကည္လင္ အေရးေပၚအဖြဲ႕က ေရွးဦးသူနာျပဳစုျခင္းမ်ား ျပဳလုပ္ေပးခဲ့ၿပီး ေမာ္လၿမိဳင္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့တယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေမာ္လၿမိဳင္၊ ေအာက္တိုဘာ - ၃၀