ရွှေ့ပြောင်းသွားလာမှု စီမံခန့်ခွဲရာတွင် ပြီးပြည့်စုံသည့် အသေးစိတ်အစီအစဉ် ကမ္ဘာပေါ်တွင် မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

ရွှေ့ပြောင်းသွားလာမှု စီမံခန့်ခွဲရာတွင် ပြီးပြည့်စုံသည့် အသေးစိတ်အစီအစဉ် ကမ္ဘာပေါ်တွင် မရှိသေးကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

ရွှေ့ပြောင်းသွားလာမှုစီမံခန့်ခွဲရာတွင် ပြီးပြည့်စုံသည့် အသေးစိတ်အစီအစဉ် ကမ္ဘာပေါ်တွင် မရှိသေးကြောင်း ၊အမှန်ကန်ဆုံး (သို့မဟုတ်) စံပြဖြေရှင်းနည်းလည်းမရှိသေးကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေ က ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် အမျိုးသားလွှတ်တော်(၁၄) ကြိမ်မြောက် ပုံမှန် အစည်းအဝေး တွင် ပြောကြားခဲ့ပါတယ်။

 “ ရွှေ့ပြောင်းသွားလာမှုကို စီမံခန့်ခွဲရာမှာ ပြီးပြည့်စုံတဲ့ အသေးစိတ်အစီအစဉ်ကိုတော့ ကမ္ဘာပေါ်မှာမရှိပါဘူး၊ အမှန်ကန်ဆုံး ဒါမှမဟုတ် စံပြဖြေရှင်းနည်းလည်းမရှိပါဘူး၊ မိမိတို့ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနဲ့ မိမိတို့ရဲ့ စွမ်းရည်၊ အရင်းအနှီး၊ နည်းပညာစွမ်းဆောင်နိုင်မှုအပေါ် မူတည်၍ ချဉ်းကပ်တဲ့နည်းလမ်းများဘဲရှိပါတယ်၊ အဲ့ဒါကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ ရွှေ့ပြောင်းသွားလာမှု စီမံခန့်ခွဲမှုကို တိုးတက်ကောင်းမွန်ဖို့၊ ရွှေ့ပြောင်းအလုပ်သမားများရဲ့ အခွင့်အရေးများကို တိုးတက်ကာကွယ်ပေးနိုင်ဖို့၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက် ဖို့အတွက် ရွှေ့ပြောင်းသွားလာမှုကပေးတဲ့ အကျိုးကျေးဇူးမျာကိုမြင့်တင်ပေးဖို့နဲ့ တစ်နည်းအားဖြင့် ရွှေ့ပြောင်း သွားလာမှုကို နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများရဲ့ အစိတ်အပိုင်းအဖြစ် စနစ်တကျကြပ်မတ် စီမံ ဆောင်ရွက်လျက်ရှိတယ် “လို့ ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

ရွှေ့ပြောင်းသွားလာမှုမူဝါဒများ၊အလုပ်အကိုင် မူဝါဒများ ချမှတ်ဆောင်ရွက်လျှက်ရှိကြောင်း၊ ယင်းသို့ ဆောင် ရွက် သည့်အခါ အစိုးရတစ်ခုတည်း ဖြင့် ဆောင်ရွက်၍မရပါဘဲ တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊နိုင်ငံတကာ အဖွဲ့အစည်း များ UN အဖွဲ့အစည်း များ၊ဖွံဖြိုးရေးမိတ်ဖက်များ၏ အကူအညီဖြင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။ မြို့ပြစီမံခန့်ခွဲမှုအစီအစဉ်များကိုလည်း ဆောင်ရွက် လျက်ရှိပြီး၊ ပြောင်းရွှေ့ရောက်ရှိလာသည့် အလုပ်သမားများ ကို အလုပ်ဌာနအလိုက် မှတ်ပုံတင်ခြင်း ၊ အလုပ်သမား ကဒ်ထုတ်ပေးခြင်း များဆောင်ရွက်လျက်ရှိကြောင်း မကြာမီကာလအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နည်းပညာအသုံးပြု၍ အီးအိုင်တီလုပ်ငန်းစနစ်ကို အကောင် အထည်ဖော်ပြီး မြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးကို နံပတ်တစ်ခုစီထုတ်ပေးပြီး မှတ်ပုံတင်ရေး လုပ်ငန်း များကိုဆောင်ရွက်သွားမှာဖြစ်ပြီး ယင်းသို့ဆောင်ရွက်နိုင် မည်ဆိုပါက အလုပ်သမားများအတွက် ပြောင်းရွှေ့ခြင်း၊ နေထိုင်ခြင်း၊လုပ်ခရရှိခြင်းအစရှိတဲ့ အချက်များကိုလည်း ပြီးပြည့်စုံအောင်စီမံခန့်ခွဲနိုင်မှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

ယနေ့ပြုလုပ်သည့်အမျိုးသားလွှတ်တော်အစည်းအဝေး(၁၄)မြောက်နေ့အစီအစဉ်တွင်ကယားပြည်နယ်၊မဲဆန္ဒအမှတ်(၉)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးစိုးသိမ်းမှမြန်မာနိုင်ငံအတွင်းပြည်တွင်းရွှေ့ပြောင်းမှုInternal Migration ပြဿနာအားမည်ကဲ့သို့သော အစီအမံ များဖြင့်ဆောင် ရွက်နေ သည်ကိုသိရှိလိုခြင်းမေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင်ထဲ့သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

 KO
နေပြည်တော်၊ဒီဇင်ဘာ-၁၂

(  Zawgyi  )

 ေ႐ႊ႕ေျပာင္းသြားလာမႈစီမံခန႔္ခြဲရာတြင္ ၿပီးျပည့္စုံသည့္ အေသးစိတ္အစီအစဥ္ ကမာၻေပၚတြင္ မရွိေသးေၾကာင္း ၊အမွန္ကန္ဆုံး (သို႔မဟုတ္) စံျပေျဖရွင္းနည္းလည္းမရွိေသးေၾကာင္း အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ျပည္ေထာင္စုဝန္ႀကီးဦးသိန္းေဆြ က ယေန႔ ဒီဇင္ဘာလ ၁၂ ရက္ေန႔တြင္ ျပဳလုပ္သည့္ အမ်ိဳးသားလႊတ္ေတာ္(၁၄) ႀကိမ္ေျမာက္ ပုံမွန္ အစည္းအေဝး တြင္ ေျပာၾကားခဲ့ပါတယ္။

 “ ေ႐ႊ႕ေျပာင္းသြားလာမႈကို စီမံခန႔္ခြဲရာမွာ ၿပီးျပည့္စုံတဲ့ အေသးစိတ္အစီအစဥ္ကိုေတာ့ ကမာၻေပၚမွာမရွိပါဘူး၊ အမွန္ကန္ဆုံး ဒါမွမဟုတ္ စံျပေျဖရွင္းနည္းလည္းမရွိပါဘူး၊ မိမိတို႔ျဖစ္ေပၚတိုးတက္ေျပာင္းလဲမႈမ်ားနဲ႔ မိမိတို႔ရဲ႕ စြမ္းရည္၊ အရင္းအႏွီး၊ နည္းပညာစြမ္းေဆာင္ႏိုင္မႈအေပၚ မူတည္၍ ခ်ဥ္းကပ္တဲ့နည္းလမ္းမ်ားဘဲရွိပါတယ္၊ အဲ့ဒါကိုလည္း ျပည္ေထာင္စုအစိုးရအဖြဲ႕အေနနဲ႔ ေ႐ႊ႕ေျပာင္းသြားလာမႈ စီမံခန႔္ခြဲမႈကို တိုးတက္ေကာင္းမြန္ဖို႔၊ ေ႐ႊ႕ေျပာင္းအလုပ္သမားမ်ားရဲ႕ အခြင့္အေရးမ်ားကို တိုးတက္ကာကြယ္ေပးႏိုင္ဖို႔၊ ႏိုင္ငံေတာ္ ဖြံ႕ၿဖိဳးတိုးတက္ ဖို႔အတြက္ ေ႐ႊ႕ေျပာင္းသြားလာမႈကေပးတဲ့ အက်ိဳးေက်းဇူးမ်ာကိုျမင့္တင္ေပးဖို႔နဲ႔ တစ္နည္းအားျဖင့္ ေ႐ႊ႕ေျပာင္း သြားလာမႈကို ႏိုင္ငံရဲ႕ဖြံ႕ၿဖိဳးတိုးတက္မႈ မဟာဗ်ဴဟာမ်ားရဲ႕ အစိတ္အပိုင္းအျဖစ္ စနစ္တက်ၾကပ္မတ္ စီမံ ေဆာင္႐ြက္လ်က္ရွိတယ္ “လို႔ ေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

ေ႐ႊ႕ေျပာင္းသြားလာမႈမူဝါဒမ်ား၊အလုပ္အကိုင္ မူဝါဒမ်ား ခ်မွတ္ေဆာင္႐ြက္လွ်က္ရွိေၾကာင္း၊ ယင္းသို႔ ေဆာင္ ႐ြက္ သည့္အခါ အစိုးရတစ္ခုတည္း ျဖင့္ ေဆာင္႐ြက္၍မရပါဘဲ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အစိုးရမ်ား၊ အရပ္ဖက္အဖြဲ႕အစည္းမ်ား၊ႏိုင္ငံတကာ အဖြဲ႕အစည္း မ်ား UN အဖြဲ႕အစည္း မ်ား၊ဖြံၿဖိဳးေရးမိတ္ဖက္မ်ား၏ အကူအညီျဖင့္ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ဆိုပါတယ္။ ၿမိဳ႕ျပစီမံခန႔္ခြဲမႈအစီအစဥ္မ်ားကိုလည္း ေဆာင္႐ြက္ လ်က္ရွိၿပီး၊ ေျပာင္းေ႐ႊ႕ေရာက္ရွိလာသည့္ အလုပ္သမားမ်ား ကို အလုပ္ဌာနအလိုက္ မွတ္ပုံတင္ျခင္း ၊ အလုပ္သမား ကဒ္ထုတ္ေပးျခင္း မ်ားေဆာင္႐ြက္လ်က္ရွိေၾကာင္း မၾကာမီကာလအတြင္း ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးတြင္ နည္းပညာအသုံးျပဳ၍ အီးအိုင္တီလုပ္ငန္းစနစ္ကို အေကာင္ အထည္ေဖာ္ၿပီး ျမန္မာႏိုင္ငံအတြင္း ေနထိုင္သူအားလုံးကို နံပတ္တစ္ခုစီထုတ္ေပးၿပီး မွတ္ပုံတင္ေရး လုပ္ငန္း မ်ားကိုေဆာင္႐ြက္သြားမွာျဖစ္ၿပီး ယင္းသို႔ေဆာင္႐ြက္ႏိုင္ မည္ဆိုပါက အလုပ္သမားမ်ားအတြက္ ေျပာင္းေ႐ႊ႕ျခင္း၊ ေနထိုင္ျခင္း၊လုပ္ခရရွိျခင္းအစရွိတဲ့ အခ်က္မ်ားကိုလည္း ၿပီးျပည့္စုံေအာင္စီမံခန႔္ခြဲႏိုင္မွာျဖစ္ပါတယ္လို႔ ဆိုပါတယ္။

ယေန႔ျပဳလုပ္သည့္အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝး(၁၄)ေျမာက္ေန႔အစီအစဥ္တြင္ကယားျပည္နယ္၊မဲဆႏၵအမွတ္(၉)အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးစိုးသိမ္းမွျမန္မာႏိုင္ငံအတြင္းျပည္တြင္းေ႐ႊ႕ေျပာင္းမႈInternal Migration ျပႆနာအားမည္ကဲ့သို႔ေသာ အစီအမံ မ်ားျဖင့္ေဆာင္ ႐ြက္ေန သည္ကိုသိရွိလိုျခင္းေမးျမန္းမႈအေပၚ ျပန္လည္ေျဖၾကားရာတြင္ထဲ့သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

 KO
ေနျပည္ေတာ္၊ဒီဇင္ဘာ-၁၂