“စံရင်လည်းအတူ ခံရင်လည်းအတူ “ဟု ကရင်ပြည်နယ်လူထုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြော ကြား

“စံရင်လည်းအတူ  ခံရင်လည်းအတူ “ဟု ကရင်ပြည်နယ်လူထုကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြော ကြား

နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတွေနဲ့တွေ့ဆုံပွဲတွေကို ပြုလုပ်နေရခြင်းဟာ အကောင်း၊အဆိုးတွေကိုမျှဝေဖို့နဲ့ ပြည်သူတွေရဲ့ အသံကို ကြားချင်လို့ဖြစ်ပြီး ပြည်သူတွေနဲ့အတူ စံရင်လည်းအတူစံမယ်၊ခံရင်လည်းအတူခံမယ်လို့   နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် သွားရောက်ခဲ့တဲ့ ကရင်ပြည်နယ်အတွင်းရှိ ဒေသခံလူထုများနှင့်တွေ့ဆုံခဲ့စဉ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။“တကယ်တော့ ကျမတို့က ဒီလိုပြည်သူလူထုနဲ့ တွေ့ဆုံပွဲလုပ်တယ်ဆိုတာက အဓိကအားဖြင့်တော့ ပြည်သူလူထုနဲ့တွေ့ဆုံချင်လို့ပါ မျှဝေချင်လို့ပါ။ မျှဝေတယ်ဆိုတာ ကျမတို့ အကောင်း၊အဆိုး အကြောင်းအကျိုးအားလုံးကို ပြည်သူလူထုကိုမျှဝေချင်လို့ မျှဝေမှဖြစ်မယ်၊ ကောင်းတာဆိုလည်း ကောင်းတာတွေ ကိုမျှဝေချင်တယ်။ ဆိုးတာဆိုလည်းဆိုတာတွေကို  မျှဝေချင်တယ် ၊  အတူခံမယ်  အတူစံမယ်။ဒါဟာ နိုင်ငံသားတွေရဲ့တာဝန်ပဲ နိုင်ငံသားတွေရဲ့လုပ်ပိုင်ခွင့်ပဲ ကိုယ်ဟာစံရတယ်ဆိုတာကိုယ့်ရဲ့ အခွင့်အရေး  ခံရတယ်ဆိုတ ကိုယ်ရဲ့တာဝန်ပါပဲ။

ကျမတို့ တစ်တိုင်းပြည်လုံးကိုသွားပြီးတော့ ပြည်သူလူထုနဲ့တွေ့ဆုံပွဲ တွေလုပ်တယ်ဆိုတာက ဒီရည်ရွယ်ချက်နဲ့ပဲဖြစ်ပါတယ်။ ပြည်သူ တွေက တကယ်ကိုပါဝင်ပြီးတော့ တာဝန်ယူပြီးတော့ စောင့်ရှောက်သွားနိုင်တဲ့ ကာကွယ်စောင့်ရှောက်မှုမျိုးကို ကျမတို့ ထူထောင်ချင် ပါတယ်။ ဒီလိုမျိုး ထူထောင်ပြီး အစိုးရနဲ့ပြည်သူကြားမှာ ဆက်နွယ်မှုက  အမြဲတစေပဲ လိုအပ်နေပါတယ်။ဒါကြောင့်မို့ ကျမတို့ ဒီလိုတွေ့ဆုံပွဲတွေကိုလုပ်တာပါ။

အဲ့လိုတွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာကျမတို့ ကပြည်သူတွေရဲ့ အသံတွေကိုလည်းကြားချင်တယ်။ ကျမတို့ရဲ့ အဖြေတွေကိုလည်း ပြည်သူတွေကိုပြန်ပြီးတော့ ကြားစေချင်ပါတယ်” လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့တာပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကရင်ပြည်နယ်ခရီးစဉ်များသို့ သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းအချိန်က နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထူးလေယာဉ်ဖြင့် မော်လမြိုင်မြို့သို့ ထွက်ခွာခဲ့ပြီး ထိုမှတစ်ဆင့်တပ်မတော် ရဟတ်ယာဉ်များနဲ့ ကရင်ပြည်နယ်ကို ခရီးဆက်လက် ထွက်ခွာ၍ ဒေသခံလူထုများနှင့် တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂွိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကော့ကရိတ်မြို့နှင့် ကြားအင်းဆိပ်ကြီး မြို့ရှိ ဒေသခံ ပြည်သူလူထုနဲ့လည်းကောင်း၊ မနက်ဖြန် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်၊မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့ ရှိ ဒေသခံ ပြည်သူလူထုများနဲ့လည်းကောင်း တွေ့ဆုံသွားမှာဖြစ်ပါတယ်။

ပြေသိမ်း
ကော့ကရိတ်၊ဖေဖော်ဝါရီ ၂၄
ဓါတ်ပုံ - Kayin Information Committee NLD

(  Zawgyi  )

 ႏိုင္ငံတစ္ဝန္းရွိ ျပည္သူလူထုေတြနဲ႔ေတြ႕ဆုံပြဲေတြကို ျပဳလုပ္ေနရျခင္းဟာ အေကာင္း၊အဆိုးေတြကိုမွ်ေဝဖို႔နဲ႔ ျပည္သူေတြရဲ႕ အသံကို ၾကားခ်င္လို႔ျဖစ္ၿပီး ျပည္သူေတြနဲ႔အတူ စံရင္လည္းအတူစံမယ္၊ခံရင္လည္းအတူခံမယ္လို႔   ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ သြားေရာက္ခဲ့တဲ့ ကရင္ျပည္နယ္အတြင္းရွိ ေဒသခံလူထုမ်ားႏွင့္ေတြ႕ဆုံခဲ့စဥ္မွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။“တကယ္ေတာ့ က်မတို႔က ဒီလိုျပည္သူလူထုနဲ႔ ေတြ႕ဆုံပြဲလုပ္တယ္ဆိုတာက အဓိကအားျဖင့္ေတာ့ ျပည္သူလူထုနဲ႔ေတြ႕ဆုံခ်င္လို႔ပါ မွ်ေဝခ်င္လို႔ပါ။ မွ်ေဝတယ္ဆိုတာ က်မတို႔ အေကာင္း၊အဆိုး အေၾကာင္းအက်ိဳးအားလုံးကို ျပည္သူလူထုကိုမွ်ေဝခ်င္လို႔ မွ်ေဝမွျဖစ္မယ္၊ ေကာင္းတာဆိုလည္း ေကာင္းတာေတြ ကိုမွ်ေဝခ်င္တယ္။ ဆိုးတာဆိုလည္းဆိုတာေတြကို  မွ်ေဝခ်င္တယ္ ၊  အတူခံမယ္  အတူစံမယ္။ဒါဟာ ႏိုင္ငံသားေတြရဲ႕တာဝန္ပဲ ႏိုင္ငံသားေတြရဲ႕လုပ္ပိုင္ခြင့္ပဲ ကိုယ္ဟာစံရတယ္ဆိုတာကိုယ့္ရဲ႕ အခြင့္အေရး  ခံရတယ္ဆိုတ ကိုယ္ရဲ႕တာဝန္ပါပဲ။

က်မတို႔ တစ္တိုင္းျပည္လုံးကိုသြားၿပီးေတာ့ ျပည္သူလူထုနဲ႔ေတြ႕ဆုံပြဲ ေတြလုပ္တယ္ဆိုတာက ဒီရည္႐ြယ္ခ်က္နဲ႔ပဲျဖစ္ပါတယ္။ ျပည္သူ ေတြက တကယ္ကိုပါဝင္ၿပီးေတာ့ တာဝန္ယူၿပီးေတာ့ ေစာင့္ေရွာက္သြားႏိုင္တဲ့ ကာကြယ္ေစာင့္ေရွာက္မႈမ်ိဳးကို က်မတို႔ ထူေထာင္ခ်င္ ပါတယ္။ ဒီလိုမ်ိဳး ထူေထာင္ၿပီး အစိုးရနဲ႔ျပည္သူၾကားမွာ ဆက္ႏြယ္မႈက  အၿမဲတေစပဲ လိုအပ္ေနပါတယ္။ဒါေၾကာင့္မို႔ က်မတို႔ ဒီလိုေတြ႕ဆုံပြဲေတြကိုလုပ္တာပါ။

အဲ့လိုေတြ႕ဆုံပြဲေတြ လုပ္တဲ့အခါမွာက်မတို႔ ကျပည္သူေတြရဲ႕ အသံေတြကိုလည္းၾကားခ်င္တယ္။ က်မတို႔ရဲ႕ အေျဖေတြကိုလည္း ျပည္သူေတြကိုျပန္ၿပီးေတာ့ ၾကားေစခ်င္ပါတယ္” လို႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့တာပါ။ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္သည္ ကရင္ျပည္နယ္ခရီးစဥ္မ်ားသို႔ သြားေရာက္ရန္အတြက္ ယေန႔နံနက္ပိုင္းအခ်ိန္က ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္မွ အထူးေလယာဥ္ျဖင့္ ေမာ္လၿမိဳင္ၿမိဳ႕သို႔ ထြက္ခြာခဲ့ၿပီး ထိုမွတစ္ဆင့္တပ္မေတာ္ ရဟတ္ယာဥ္မ်ားနဲ႔ ကရင္ျပည္နယ္ကို ခရီးဆက္လက္ ထြက္ခြာ၍ ေဒသခံလူထုမ်ားႏွင့္ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂြိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔ ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ေကာ့ကရိတ္ၿမိဳ႕ႏွင့္ ၾကားအင္းဆိပ္ႀကီး ၿမိဳ႕ရွိ ေဒသခံ ျပည္သူလူထုနဲ႔လည္းေကာင္း၊ မနက္ျဖန္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔တြင္ ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕ႏွင့္ လႈိင္းဘြဲ႕ၿမိဳ႕ ရွိ ေဒသခံ ျပည္သူလူထုမ်ားနဲ႔လည္းေကာင္း ေတြ႕ဆုံသြားမွာျဖစ္ပါတယ္။

ေျပသိမ္း
ေကာ့ကရိတ္၊ေဖေဖာ္ဝါရီ ၂၄
ဓါတ္ပုံ - Kayin Information Committee NLD