【 ပြည်တွင်း 】 ကျောက်ပန်းတောင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ၍ သေဆုံး

【 ပြည်တွင်း 】 ကျောက်ပန်းတောင်းမှ ကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ပစ်ခံရ၍ သေဆုံး

ကျောက်ပန်းတောင်း၊ မတ် - ၂၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ သပြေကိုင်းကျေးရွာမှာ အုပ်ချုပ်ရေးမှူးဖြစ်သူ သေနတ်ဖြင့် ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ လူမှုကွန်ရက်မှာ ဖော်ပြချက်အရ သိရပါတယ်။

အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမောင်တင်စိန် (အသက် ၅၉ နှစ်) ဟာ နေအိမ်မှာရှိနေစဉ် မတ်လ ၂၄ ရက် နံနက်ပိုင်းက အမည်မသိအမျိုးသားများ ဆိုင်ကယ်ဖြင့်ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားတာကြောင့် သေဆုံးသွားကြောင်း၊ မတ်လ ၂၃ ရက်ကလည်း မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့က ရွေစကာကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးသန်းမြင့်နိုင်ဆိုသူကိုလည်း သေနတ်ဖြင့် ပစ်ခတ်သွားတာကြောင့် သေဆုံးသွားတဲ့ဖြစ်ရပ်မျိုး ကြုံခဲ့ရတယ်လို့ သိရပါတယ်။

ထို မတ်လ ၂၄ ရက်မှာပင် ကျိုက်ထိုမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်လည်းဖြစ်သူ တောင်ကလေးကျေးရွာ၏ ယာယီအုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသူ ဦးစံလွင် (အသက် ၅၇ နှစ်) ဆိုသူမှာလည်း ယင်းကျေးရွာအတွင်း ဆိုင်ကယ်ဖြင့် သွားလာနေစဉ် အနောက်မှ လိုက်ပါလာသည့် ဆိုင်ကယ်တစ်စီးဖြင့် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် အနီးကပ်ပစ်ခတ်သွားခြင်းကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

စီစီ