【 ပြည်တွင်း 】 တာချီလိတ်မြို့တွင် ငွေကျပ် ၂၃၁၁.၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 တာချီလိတ်မြို့တွင် ငွေကျပ် ၂၃၁၁.၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် - ၂၃
 
တာချီလိတ်မြို့တွင် ငွေကျပ် ၂၃၁၁.၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။
 
ဖြစ်စဉ်မှာ မတ်လ ၂၂ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် လမ်းလျှောက်လာသူ စိုင်းသူရထွန်း(ခ)အာကြီး (၄၁) နှစ်အား စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂.၁ ကီလို (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် သိန်း ၂၃၁၀) အား တွေ့ရှိသိမ်းဆည်းရမိခဲ့ တယ်လို့ သိရပါတယ်။
 
ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ ညနေ ၄ နာရီ ၅၀ အချိန် ဖြိုးဝေအောင်(ခ)ကိုဖြိုး (၂၃) နှစ်အား တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်၊ လပ်ကီးလမ်းတွင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြား (ဒေသကာလပေါက်ဈေး တန်ဖိုး ငွေကျပ် ၁.၄ သိန်း) နှင့်အတူ ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။
 
အဆိုပါဖမ်းမိသူတွေကို ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုများရေးဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဆက်လက်ဖော်ထုတ်လျက်ရှိတယ်လို့ သိရပါတယ်။
 
ဇိုင်းဇိုင်း
Photo - CCDAC MYANMAR