【 ပြည်တွင်း 】 ထိုင်းနိုင်ငံမှာ အချုပ်ကျနေသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော် နေရပ်ပြန်ပို့ပေးခဲ့

【 ပြည်တွင်း 】 ထိုင်းနိုင်ငံမှာ အချုပ်ကျနေသည့် မြန်မာနိုင်ငံသား ၂၀၀ ကျော် နေရပ်ပြန်ပို့ပေးခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၄

ထိုင်းနိုင်ငံ၊ ရနောင်းမြို့တွင် အချုပ်ကျနေသည့် မြန်မာနိုင်ငံသား ၂၀၆ ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က နေရပ်ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံသားများဟာ ထိုင်းနိုင်တောင်ပိုင်းက အချုပ်တွေမှ ပြစ်ဒဏ်ကျခံပြီးတာကြောင့် ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။

ယင်းထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား၂၀၀ ကျော်ဟာ ၂၀၂၃ ခုနှစ် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံတွင် တရားမဝင် ခိုးဝင်လာမှုနှင့် ဖမ်းဆီးခံထားရသူများဖြစ်ပြီး ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်ကျခံထားရသူများဖြစ်ကြောင်း သိရပါတယ်။

သူတို့ကို ရနောင်းမြို့ကနေ စက်လှေများနှင့် ကော့သောင်းမြို့ကို ပြန်ပို့ခဲ့ခြင်းဖြစ်ပါတယ်။၎င်းနေရပ်ပြန်ပို့ခံရသူများထဲတွင် အမျိုးသမီး ၄၆ ဦးက အမျိုးသား ၁၀၆ ဦး ပါဝင်တယ်လို့ သိရပါတယ်။ယင်းအပြင် ကော့သောင်းမြို့ကို ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများကို ဒေသအာဏာပိုင်များက၊ ကိုဗစ်နိုင်တင်း စစ်ဆေးတာ၊ ကိုယ်ရေးအချက်အလက်စစ်ဆေးတာ၊ အသိပညာပေးတာတွေလုပ်ပြီး သတ်မှတ်ထားသည့် ရောဂါပိုးတွေ့ရှိသူများကို အသွားအလာစောင့်ကြည့်ရေးစင်တာမှာ ထားရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်နှစ်ကလည်း မြန်မာအချုပ်သားများကို လွှဲပြောင်းပေးရန် ကြန့်ကြာနေသည့်အတွက် ရနောင်းအချုပ်ထောင်တွင် ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး မြန်မာတာဝန်ရှိသူများက သွားရောက်ညှိနှိုင်းကာ ၂၀၀ ဦးခန့် ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ကြောင်း သိရပါတယ်။

နေနေ