【 ပြည်တွင်း 】 ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူများလာသဖြင့် လက်ခံမည့် အရေအတွက်ကို ကန့်သတ်

【 ပြည်တွင်း 】 ထိုင်းသံရုံးမှာ ဗီဇာလျှောက်ထားသူများလာသဖြင့် လက်ခံမည့် အရေအတွက်ကို ကန့်သတ်

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၅

ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ ယခုလတ်တလောတွင် ထိုင်းပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ များပြားလာကြောင်း သိရပါတယ်။

ထိုကဲ့သို့ ဗီဇာလျှောက်ထားသူ များလာတဲ့အတွက် ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးမှာ တစ်ရက်ကို ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူ လေးရာသာ လက်ခံတော့မယ်လို့ ထိုင်းသံရုံးက ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ထိုင်းပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားသူများအတွက် တန်းစီစနစ် ကျင့်သုံးပြီးတော့ ရုံးချိန် မနက် ၈ နာရီခွဲမတိုင်ခင်မှာ တိုကင်ဝေပေးသွားမှာဖြစ်ပြီး တိုကင်ကို လွှဲပြောင်းရယူတာ၊ အတုလုပ်တာတွေရှိခဲ့ရင်လည်း အမည်ပျက်စာရင်းသွင်းမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗီဇာတွေကို မနက် ၉ နာရီကစလို့ ထိုင်းသံရုံးမှာ လက်ခံပေးမှာဖြစ်ပြီး တိုကင်စာရင်းပေးထားသူနဲ့ လျှောက်လွှာတင်မယ့်သူရဲ့ ပတ်စ်ပို့ ကိုက်ညီမှု ရှိ၊ မရှိကို စစ်ဆေးမယ်လို့ သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က တက္ကသိုလ်ကျောင်းလခ ဈေးသက်သာတဲ့ ဗုဒ္ဓတက္ကသိုလ်မှာလည်း လျှောက်ထားသူ များလာတဲ့အတွက် မြန်မာနိုင်ငံက လျှောက်လွှာတွေကို လက်မခံတော့ဘူးလို့ ဖေဖော်ဝါရီလ ၁၄ ရက်မှာပဲ ထုတ်ပြန်ထားပါသေးတယ်။

အောင်အောင်