【 ပြည်တွင်း 】 မြောက်ဥက္ကလာပမြို့နယ်မှာ ခေါင်မိုးပေါ်ဖွင့်ထားတဲ့ Bar ဆိုင်တစ်ခု မီးလောင်မှုဖြစ်ပွား

【 ပြည်တွင်း 】 မြောက်ဥက္ကလာပမြို့နယ်မှာ ခေါင်မိုးပေါ်ဖွင့်ထားတဲ့ Bar ဆိုင်တစ်ခု မီးလောင်မှုဖြစ်ပွား

ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၄

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (စ) ရပ်ကွက်၊ သုဓမ္မာလမ်းမကြီးနဲ့ ဝဇီရာလမ်းထိပ်ရှိ အထပ်မြင့်တိုက် အပေါ်ဆုံးထပ်မှာ ဖွင့်ထားတဲ့ Lokal Bar ဆိုင်မှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့ ည ၁၁ နာရီ ၄၂ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အဆိုပါ ဆိုင်မှာ လူသိထင်ရှားသောဆိုင်ဖြစ်ပြီး မည်သည့်အကြောင်းကြောင့် မီးလောင်ခဲ့မှန်း မသိရသလို ထိခိုက်ပျက်စီးမှု မည်မျှရှိသည်ကိုလည်း မသိရပေ။

မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်တွင် မြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည ၁၁ နာရီ ၄၆ မိနစ်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့သာ ဖော်ပြခဲ့တာကို တွေ့ရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်ညနှင့် ဖေဖော်ဝါရီ ၁၄ ရက် မနက်အစောပိုင်းတွင် ဖြစ်ခဲ့သည့် LoKal Bar ဆိုင်မီးနှင့် ရွေပြည်သာ လိုင်းကားနှစ်စီး ဘော်ဒီပြင်နေစဉ် မီးလောင်ခြင်းများသည် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါတယ်။

ယခုရာသီတွင် သာမန်ထက် ပိုပူစပြုလာခြင်းနှင့် လျှပ်စစ်မီးရရှိချိန်နည်းလာသလို ယခုရက်ပိုင်း မီးလောင်မှုခပ်စိတ်စိတ်ဖြစ်လာသဖြင့်လည်း သတိဖြင့်နေထိုင်ရန် လိုလာကြောင်း သိရပါတယ်။

ဇိုင်းဇိုင်း
Photo Credit - Kaung Sat Thu fb