【 ပြည်တွင်း 】 သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း အကောင်ထည်ဖော်နေ

【 ပြည်တွင်း 】 သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း အကောင်ထည်ဖော်နေ

ရန်ကုန်၊ မတ် - ၂၄
 
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် သဘာဝဆေးဖက်ဝင် အပင်မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်းကို စတင်အကောင်ထည်ဖော်နေကြောင်း သိရပါတယ်။
 
စီမံကိန်းသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စီမံကိန်းတစ်ခုဖြစ်ပြီး စီမံကိန်းကာလ ၂၀၂၃ အောက်တိုဘာလမှ ၂၀၂၅ စက်တင်ဘာလအထိ နှစ်နှစ်ကြာမြင့်မည်ဖြစ်ကြောင်း သိရပါတယ်။
 
အဆိုပါစီမံကိန်းကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းခရိုင်နှင့် ကျိုင်းတုံခရိုင်များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
 
စီမံကိန်းဧရိယာအတွင်းရှိ ဆေးဖက်ဝင် အပင်မျိုးစုံမျိုးကွဲများကို သုတေသနပြု လေ့လာဖော်ထုတ် ခြင်း၊ ဌာနေတိုင်းရင်းသားလူမျိုးစုများ အသုံးပြုသော သဘာဝဆေးဖက်ဝင် အပင်များကို လေ့လာမှတ်တမ်းပြုစုခြင်း၊ ရှားပါး၍ မျိုးသုဉ်းရန်အန္တရာယ်ရှိသော မျိုးစိတ်များ၊ ဒေသရင်းမျိုးစိတ်များ၊ စီးပွားရေးအရ အရေးပါသော မျိုးစိတ်များကို ကာကွယ်ထိန်းသိမ်းခြင်း၊ သုတေသနတွေ့ရှိချက် ရလဒ်များကို မဲခေါင်မြစ်ဝှမ်းဒေသ နိုင်ငံများနှင့် အာဆီယံနိုင်ငံများသို့ ဖလှယ်ရန်အတွက် Database စနစ်တစ်ခု တည်ထောင်ခြင်းလုပ် ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။
 
ယခုစီမံကိန်းကို ဌာနေတိုင်းရင်းသားလူမျိုးစုများ၊ သစ်တောဝန်ထမ်းများ၊ သုတေသနပညာရှင်များ၊ ဆက်စပ်ဌာနများ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး သုတေသနတွေ့ရှိချက်များကို အခြေခံ၍ သဘာဝဆေးဖက်ဝင် အပင်များ စနစ်တကျစီမံအုပ်ချုပ်နိုင်မည့် သင့်တော်သောထိန်းသိမ်းကာကွယ်ခြင်း နည်းလမ်းများကိုလည်းဌာနေတိုင်းရင်းသားလူမျိုးစုများအား ဖြန့်ဝေသွားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
 
အောင်အောင်