Gay ဟု စွပ်စွဲခံရသဖြင့် မိမိကိုယ်ကို သတ်သေသူ မောင်ကျော်ဇင်ဝင်းအတွက် ဆုတောင်းပွဲ ပြုလုပ်

Gay ဟု စွပ်စွဲခံရသဖြင့် မိမိကိုယ်ကို သတ်သေသူ မောင်ကျော်ဇင်ဝင်းအတွက် ဆုတောင်းပွဲ ပြုလုပ်

Gay ဟု စွပ်စွဲခံရသဖြင့် မိမိကိုယ်ကို သတ်သေသူ မောင်ကျော်ဇင်ဝင်းအတွက် ဆုတောင်းကို ယနေ့ ဇွန်လ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ Myanmar Imperial University (MIU) ကျောင်းရှေ့တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ကျောင်းရှေ့တွင် မောင်ကျော်ဇင်ဝင်းအတွက် မိမိတို့ သက်ဝင်ယုံကြည်ရာဘာသာအလိုက် ငြိမ်သက်စွာ ဆုတောင်းခြင်း၊ နှင်းဆီဖြူ ချကာ ဆုတောင်းခြင်းများပြလုပ်ခဲ့ပြီး တက်ရောက်လာသူများရဲ့ သဘောထားကို ဖတ်ကြားခဲ့ပါတယ်။

သဘောထား ဖတ်ကြားရာတွင် တက်ရောက်လာသူများ ကိုယ်စား ဦးတင်ကိုကိုက “ လူမှုကွန်ယက်စာမျက်နှာ များ နှင့် ကာယကံရှင် ၏ ဖေ့ဘုတ်စာမျက်နှာများတွင် တင်ထား သောသက်သေ သာဓကများအရ  ဤသို့ လုပ်ငန်းခွင်အတွင်း ဆိုးရွား သော ခွဲခြားဆက်ဆံခြင်း ကြောင့်ဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှု တစ်ရပ်ဖြစ် ကြောင်း မီးမောင်းထိုး ပြနေပါသည်။ကျွန်ုပ်တို့ လူမှု အသိုင်းအဝိုင်းအနေဖြင့် အခင်းဖြစ်ပွားအောင်အားပေး အားမြှောက်ပြုခဲ့သူများနှင့် ကျူးလွန်ခဲ့သူများအား အရပ်သားဖြစ်စေ (သို့မဟုတ်) ရာဇဝတ်မှုများအား ဖြစ်စေချက်ချင်းအရေးယူဆောင်ရွက် ပေးရန်နှင့် Myanmar Imperial University အနေနှင့်နောက်နောင် အလားတူကိစ္စရပ်မျိုးဖြစ်ပွားခြင်းမှ ကာကွယ်ရန် လူထုရှေ့မှောက်တွင် တရားဝင်တောင်းပန်ချက်များနှင့် ပွင့်လင်းမြင်သာသော အရေးယူ ဆောင်ရွက်ချက်များ ဆောင်ရွက်သွားရန် အထူးတောင်းဆိုအပ်ပါသည်” အစရှိတဲ့ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့ပါတယ်။

ငြိမ်းချမ်းစွာ ဆုတောင်းသူများက LGBT များအပေါ် ကြောက်ရွံ့မုန်းတီးမှုများ မြန်မာပြည်တွင် ကင်းဝေးစေရန်၊ စိတ်ချလုံခြုံသော အလုပ်ခွင်ဖြစ်ပေါ်ရေး၊တရားမျှတမှုရရှိရေးအစရှိတဲ့ဆိုင်းဘုတ်များကိုင်ဆောင်ခြင်း၊ဆုတောင်း ခဲ့ကြပါတယ်။ Myanmar Imperial University တာဝန်ရှိသူတစ်ဦးက ယခုကိစ္စရပ်အား အဖြစ်မှန်ပေါ်ပေါက်စေရန် အားလုံးနှင့်အတူ ပူးပေါင်း အဖြေရှာ သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇွန် ၂၈

(  Zawgyi  )

 Gay ဟု စြပ္စြဲခံရသျဖင့္ မိမိကိုယ္ကို သတ္ေသသူ ေမာင္ေက်ာ္ဇင္ဝင္းအတြက္ ဆုေတာင္းကို ယေန႔ ဇြန္လ ၂၈ ရက္ မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕ ဒဂုံၿမိဳ႕နယ္ရွိ Myanmar Imperial University (MIU) ေက်ာင္းေရွ႕တြင္ က်င္းပျပဳလုပ္ခဲ့ပါတယ္။

အဆိုပါ ေက်ာင္းေရွ႕တြင္ ေမာင္ေက်ာ္ဇင္ဝင္းအတြက္ မိမိတို႔ သက္ဝင္ယုံၾကည္ရာဘာသာအလိုက္ ၿငိမ္သက္စြာ ဆုေတာင္းျခင္း၊ ႏွင္းဆီျဖဴ ခ်ကာ ဆုေတာင္းျခင္းမ်ားျပလုပ္ခဲ့ၿပီး တက္ေရာက္လာသူမ်ားရဲ႕ သေဘာထားကို ဖတ္ၾကားခဲ့ပါတယ္။

သေဘာထား ဖတ္ၾကားရာတြင္ တက္ေရာက္လာသူမ်ား ကိုယ္စား ဦးတင္ကိုကိုက “ လူမႈကြန္ယက္စာမ်က္ႏွာ မ်ား ႏွင့္ ကာယကံရွင္ ၏ ေဖ့ဘုတ္စာမ်က္ႏွာမ်ားတြင္ တင္ထား ေသာသက္ေသ သာဓကမ်ားအရ  ဤသို႔ လုပ္ငန္းခြင္အတြင္း ဆိုး႐ြား ေသာ ခြဲျခားဆက္ဆံျခင္း ေၾကာင့္ျဖစ္ၿပီး လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ တစ္ရပ္ျဖစ္ ေၾကာင္း မီးေမာင္းထိုး ျပေနပါသည္။ကြၽန္ုပ္တို႔ လူမႈ အသိုင္းအဝိုင္းအေနျဖင့္ အခင္းျဖစ္ပြားေအာင္အားေပး အားေျမႇာက္ျပဳခဲ့သူမ်ားႏွင့္ က်ဴးလြန္ခဲ့သူမ်ားအား အရပ္သားျဖစ္ေစ (သို႔မဟုတ္) ရာဇဝတ္မႈမ်ားအား ျဖစ္ေစခ်က္ခ်င္းအေရးယူေဆာင္႐ြက္ ေပးရန္ႏွင့္ Myanmar Imperial University အေနႏွင့္ေနာက္ေနာင္ အလားတူကိစၥရပ္မ်ိဳးျဖစ္ပြားျခင္းမွ ကာကြယ္ရန္ လူထုေရွ႕ေမွာက္တြင္ တရားဝင္ေတာင္းပန္ခ်က္မ်ားႏွင့္ ပြင့္လင္းျမင္သာေသာ အေရးယူ ေဆာင္႐ြက္ခ်က္မ်ား ေဆာင္႐ြက္သြားရန္ အထူးေတာင္းဆိုအပ္ပါသည္” အစရွိတဲ့ သေဘာထားထုတ္ျပန္ခ်က္ကို ဖတ္ၾကားခဲ့ပါတယ္။

ၿငိမ္းခ်မ္းစြာ ဆုေတာင္းသူမ်ားက LGBT မ်ားအေပၚ ေၾကာက္႐ြံ႕မုန္းတီးမႈမ်ား ျမန္မာျပည္တြင္ ကင္းေဝးေစရန္၊ စိတ္ခ်လုံၿခဳံေသာ အလုပ္ခြင္ျဖစ္ေပၚေရး၊တရားမွ်တမႈရရွိေရးအစရွိတဲ့ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ျခင္း၊ဆုေတာင္း ခဲ့ၾကပါတယ္။ Myanmar Imperial University တာဝန္ရွိသူတစ္ဦးက ယခုကိစၥရပ္အား အျဖစ္မွန္ေပၚေပါက္ေစရန္ အားလုံးႏွင့္အတူ ပူးေပါင္း အေျဖရွာ သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇြန္ ၂၈