【 အားကစား 】 ပြိုင်ဘက်တွေ ခြေချော်ချိန် လက်စတာကို အနိုင်ကစားမယ့် လီဗာပူးလ်

【 အားကစား 】 ပြိုင်ဘက်တွေ ခြေချော်ချိန် လက်စတာကို အနိုင်ကစားမယ့် လီဗာပူးလ်

ယနေ့ည ၂ နာရီခွဲမှာ ပရီးမီးယားပွဲစဉ် ၂၄ အဖြစ် အမှတ်ပေးဇယား အဆင့် ၁နေရာက လီဗာပူးလ်အသင်းနဲ့ အဆင့် ၁၀ နေရာက လက်စတာတို့ လီဗာပူးလ်ကွင်းမှာ ကစားကြမှာ ဖြစ်ပါတယ်။

ပထမဆုံးပြောချင်တာက အင်္ဂါနေ့ညကစားခဲ့တဲ့ ပွဲစဉ်တွေမှာ မန်စီးတီးက ရှုံး၊ မန်ယူက သရေကျကာ အာဆင်နယ်က အနိုင်ရခဲ့တဲ့အတွက် အမှတ်ပေးဇယားမှာ အာဆင်နယ်က သူ့အောက်က မန်ယူကို ပွဲတူအမှတ်ကွာဟချက်နဲ့ ချန်ထားခဲ့ပြီး မန်စီးတီးက နယူးကာဆယ်ကို ရှုံးခဲ့တဲ့အတွက် အမှတ်ပေးဇယား ထိပ်ဆုံးက အသင်းနှစ်သင်းကြားမှာ အမှတ်ကွာဟချက်က တစ်ပွဲလျော့ ၄ မှတ်ကွာဟခဲ့တဲ့အတွက် ဒီပွဲမှာ လီဗာပူးအတွက် အမှတ်ဖြတ်ဖို့ လက်စတာကို ဂိုးပြတ်အနိုင်ကစားမလား၊ ဒါမှမဟုတ် နိုင်တယ်ဆိုရုံလေး ကစားမလားဆိုတာ ထည့်တွက်ဖို့ လိုလာပါတယ်။

လီဗာပူးလ် ဒီရာသီကစားခဲ့တဲ အိမ်ကွင်း ၁၁ ပွဲကို ပြန်ကြည့်ရင် ၁၀ ပွဲနိုင်ပြီး ၁ ပွဲသာသရေကျထားခဲ့ပါတယ်။ရဂိုး ၃၁ ဂိုး ပေးဂိုးက ၆ ဂိုးသာ ရှိခဲ့တဲ့အတွက် တစ်ပွဲကို ၂ ဒသမ ၈ ဂိုးလောက် သွင်းခဲ့ပြီး ပေးဂိုးက နှစ်ပွဲ ကို ၁ ဂိုးနှုန်း ပေးနေရတဲ့ သဘောပါဘဲ။

လက်စတာကတော့ အဝေးကွင်း ၁၂ ပွဲမှာ ၅ ပွဲနိုင် ၂ ပွဲသရေ ၅ ပွဲရှုံး ထားခဲ့ပြီး သွင်းဂိုးက ၁၆ ဂိုး၊ ပေးဂိုးက ၁၇ ဂိုးရှိပါတယ်။တစ်ပွဲကို ၁ ဒသမ ၃ ဂိုးနှုန်း ဂိုးသွင်းယူပြီး ၁ ဒသမ ၄ ဂိုးနှုန်းလောက် ပေးနေရတဲ့ လက်စတာအသင်း အဝေးကွင်းခြေက လီဗာပူးလို အိမ်ကွင်း တိုက်စစ်အားကောင်းတဲ့ အသင်းနဲ့ တွေ့တဲ့ပွဲမှာ ဂိုးပေးရမှု ဘယ်လောက်တောင် ရှိမလဲ၊ ဒါမှမဟုတ် လီဗာပူးလ်က အိမ်ကွင်းမှာ လက်စတာကို သက်သက်ညှာညှာ နိုင်ရုံလေး ကစားမှာလားဆိုတာ ထည့်တွေးဖို့ လိုလာပါတယ်။

နောက်ဆုံးကစားစခဲ့တဲ့ ပွဲတွေဖြစ်တဲ့ ပွဲစဉ် ၂၃ မှာ လီဗာပူးလ်က ခရစ္စတယ်ပဲလေ့စ်အသင်းကို အိမ်ကွင်းမှာ အသေအလဲလိုက်ကစားခဲ့ရပြီး နောက်ဆုံးမိနစ်မှာ သွင်းတဲ့ဂိုးနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းကို ၄-၃ ရလဒ်နဲ့ အနိုင်ရခဲ့တာပါ။

လက်စတာကတော့ ပွဲစဉ် ၂၃ မှာ ဝုဗ်အသင်းကို အဝေးကွင်းမှာ ၄-၃ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲ ရလဒ်တွေကို ပြန်ထည့်တွက်မယ်ဆိုရင် လီဗာပူးလ်က အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ်ကို ၄-၃၊ အာဆင်နယ်ကို ၅-၁၊ နယူးကာဆယ်ကို ၄-ဝ၊ မန်ယူကို ၃-၁၊ နာပိုလီကို ၁-၀ နဲ့ အနိုင်ရထားပြီး လက်စတာကတော့ အဝေးကွင်းမှာ ဝုဗ်ကို ၄-၃၊ နယူးပို့စ်ကို ၂-၁၊ အဲဗာတန်ကို ၁-ဝ၊ ချယ်လ်ဆီးကို ၁-ဝ၊ ခရစ္စတယ်ပဲလေ့စ်ကို ၁-၀ နဲ့ ရှုံးထားခဲ့ပါတယ်။

နှစ်သင်းထိပ်တိုက်တွေ့မှုကိုပြန်ကြည့်ရင် လီဗာပူးလ်ကွင်းမှာ လက်စတာအသင်း  ၂၀၁၅ ခုနှစ်ကသာ သရေရလဒ်ရခဲ့ပြီး ကျန်တွေ့ဆုံမှုတွေမှာ ၁-ဝ၊ ၄-၁၊ ၂-၁ တွေနဲ့ လီဗာပူးလ် အနိုင်ရထားခဲ့ပါတယ်။

 

ပွဲကြိုလူစာရင်းအရ လီဗာပူးလ်အသင်းမှာ ဂိုး - အယ်လီဆန်၊ နောက်တန်း - ဖာဘင်ဟို၊ မာတစ်၊ ဗန်ဒစ်ချ်၊ ရောဘတ်ဆန်၊ အလယ်တန်း - ဟန်ဒါဆင်၊ ကီတာ၊ ဖာမီနို၊ မာနေး၊ ဝိုင်နယ်လ်ဒယ်၊ ရှေ့တန်း - ဆာလာ နဲ့ ပွဲထွက်လာဖွယ်ရှိနေပြီး၊

လက်စတာအသင်းကလည်း ဂိုး - ရှမိုက်ကယ်၊ နောက်တန်း - ဘန်ချီ ဝဲလ်၊ မက်ဂွီရီ၊ ဂျွန်နီအီဗန့်စ်၊ ဒန်နီဆင်ပဆင်၊၊ အလယ်တန်း - ချောက်ဒဟရီ၊ အန်ဒီဒီ၊ မန်ဒီ၊ ရှေ့တန်း - ဂရေး၊ ဗာဒီ၊ ပီရီရား တို့နဲ့  ပွဲထွက်လာဖို့ များပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက လီဗာပူးလ်ဘက်ကနေ နှစ်လုံးအသာနဲ့နိုင်ရင် ပြား ၇၀ အနိုင်ပေးထားသလို ဂိုးပေါင်းသုံးလုံးကို ပြား ၃၀ အရှုံးပေးထားပါတယ်။

ဒီပွဲကို သူတစ်ပြန် ကိုယ်တစ်ပြန် ဖွင့်ကစားလာမယ်လို့ တွက်ဆထားပြီး ဒီရာသီ လီဗာပူးလ်ရဲ့ အိမ်ကွင်းသွင်းဂိုးက  အနည်းဆုံး ၂ ဂိုးအထက်ရှိနေလို့ အစဉ်အလာအတိုင်း အိမ်ကွင်းမှာ လက်စတာကို ဂိုးပြတ်သွင်းပြီး အနိုင်ယူမလားဆိုတာ တွက်ဆစရာပါ။

ယခုပွဲမှာ အရှုံးဆက်နေတဲ့ လက်စတာကြောင့်  လီဗာပူးလ် ကစားရခက်နေပေမယ့် လိုအပ်တဲ့ ရလဒ်ကို အရယူသွားမယ့် အိမ်ရှင် လီဗာပူးလ်နဲ့ ဂိုးအပေါ်ကိုသာ အာရုံကျမိပါကြောင်း....။

KON (SPORT)
ဇန်နဝါရီ - ၃၀

( Zawgyi )

ယေန႔ည ၂ နာရီခြဲမွာ ပရီးမီးယားပြဲစဥ္ ၂၄ အျဖစ္ အမွတ္ေပးဇယား အဆင့္ ၁ေနရာက လီဗာပူးလ္အသင္းနဲ႔ အဆင့္ ၁၀ ေနရာက လက္စတာတို႔ လီဗာပူးလ္ကြင္းမွာ ကစားၾကမွာ ျဖစ္ပါတယ္။

ပထမဆုံးေျပာခ်င္တာက အဂၤါေန႔ညကစားခဲ့တဲ့ ပြဲစဥ္ေတြမွာ မန္စီးတီးက ရႈံး၊ မန္ယူက သေရက်ကာ အာဆင္နယ္က အႏိုင္ရခဲ့တဲ့အတြက္ အမွတ္ေပးဇယားမွာ အာဆင္နယ္က သူ႔ေအာက္က မန္ယူကို ပြဲတူအမွတ္ကြာဟခ်က္နဲ႔ ခ်န္ထားခဲ့ၿပီး မန္စီးတီးက နယူးကာဆယ္ကို ရႈံးခဲ့တဲ့အတြက္ အမွတ္ေပးဇယား ထိပ္ဆုံးက အသင္းႏွစ္သင္းၾကားမွာ အမွတ္ကြာဟခ်က္က တစ္ပြဲေလ်ာ့ ၄ မွတ္ကြာဟခဲ့တဲ့အတြက္ ဒီပြဲမွာ လီဗာပူးအတြက္ အမွတ္ျဖတ္ဖို႔ လက္စတာကို ဂိုးျပတ္အႏိုင္ကစားမလား၊ ဒါမွမဟုတ္ ႏိုင္တယ္ဆို႐ုံေလး ကစားမလားဆိုတာ ထည့္တြက္ဖို႔ လိုလာပါတယ္။

လီဗာပူးလ္ ဒီရာသီကစားခဲ့တဲ အိမ္ကြင္း ၁၁ ပြဲကို ျပန္ၾကည့္ရင္ ၁၀ ပြဲႏိုင္ၿပီး ၁ ပြဲသာသေရက်ထားခဲ့ပါတယ္။ရဂိုး ၃၁ ဂိုး ေပးဂိုးက ၆ ဂိုးသာ ရွိခဲ့တဲ့အတြက္ တစ္ပြဲကို ၂ ဒသမ ၈ ဂိုးေလာက္ သြင္းခဲ့ၿပီး ေပးဂိုးက ႏွစ္ပြဲ ကို ၁ ဂိုးႏႈန္း ေပးေနရတဲ့ သေဘာပါဘဲ။

လက္စတာကေတာ့ အေဝးကြင္း ၁၂ ပြဲမွာ ၅ ပြဲႏိုင္ ၂ ပြဲသေရ ၅ ပြဲရႈံး ထားခဲ့ၿပီး သြင္းဂိုးက ၁၆ ဂိုး၊ ေပးဂိုးက ၁၇ ဂိုးရွိပါတယ္။တစ္ပြဲကို ၁ ဒသမ ၃ ဂိုးႏႈန္း ဂိုးသြင္းယူၿပီး ၁ ဒသမ ၄ ဂိုးႏႈန္းေလာက္ ေပးေနရတဲ့ လက္စတာအသင္း အေဝးကြင္းေျခက လီဗာပူးလို အိမ္ကြင္း တိုက္စစ္အားေကာင္းတဲ့ အသင္းနဲ႔ ေတြ႕တဲ့ပြဲမွာ ဂိုးေပးရမႈ ဘယ္ေလာက္ေတာင္ ရွိမလဲ၊ ဒါမွမဟုတ္ လီဗာပူးလ္က အိမ္ကြင္းမွာ လက္စတာကို သက္သက္ညႇာညႇာ ႏိုင္႐ုံေလး ကစားမွာလားဆိုတာ ထည့္ေတြးဖို႔ လိုလာပါတယ္။

ေနာက္ဆုံးကစားစခဲ့တဲ့ ပြဲေတြျဖစ္တဲ့ ပြဲစဥ္ ၂၃ မွာ လီဗာပူးလ္က ခရစၥတယ္ပဲေလ့စ္အသင္းကို အိမ္ကြင္းမွာ အေသအလဲလိုက္ကစားခဲ့ရၿပီး ေနာက္ဆုံးမိနစ္မွာ သြင္းတဲ့ဂိုးနဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းကို ၄-၃ ရလဒ္နဲ႔ အႏိုင္ရခဲ့တာပါ။

လက္စတာကေတာ့ ပြဲစဥ္ ၂၃ မွာ ဝုဗ္အသင္းကို အေဝးကြင္းမွာ ၄-၃ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲ ရလဒ္ေတြကို ျပန္ထည့္တြက္မယ္ဆိုရင္ လီဗာပူးလ္က အိမ္ကြင္းမွာ ခရစၥတယ္ပဲေလ့စ္ကို ၄-၃၊ အာဆင္နယ္ကို ၅-၁၊ နယူးကာဆယ္ကို ၄-ဝ၊ မန္ယူကို ၃-၁၊ နာပိုလီကို ၁-၀ နဲ႔ အႏိုင္ရထားၿပီး လက္စတာကေတာ့ အေဝးကြင္းမွာ ဝုဗ္ကို ၄-၃၊ နယူးပို႔စ္ကို ၂-၁၊ အဲဗာတန္ကို ၁-ဝ၊ ခ်ယ္လ္ဆီးကို ၁-ဝ၊ ခရစၥတယ္ပဲေလ့စ္ကို ၁-၀ နဲ႔ ရႈံးထားခဲ့ပါတယ္။

ႏွစ္သင္းထိပ္တိုက္ေတြ႕မႈကိုျပန္ၾကည့္ရင္ လီဗာပူးလ္ကြင္းမွာ လက္စတာအသင္း  ၂၀၁၅ ခုႏွစ္ကသာ သေရရလဒ္ရခဲ့ၿပီး က်န္ေတြ႕ဆုံမႈေတြမွာ ၁-ဝ၊ ၄-၁၊ ၂-၁ ေတြနဲ႔ လီဗာပူးလ္ အႏိုင္ရထားခဲ့ပါတယ္။

ပြဲႀကိဳလူစာရင္းအရ လီဗာပူးလ္အသင္းမွာ ဂိုး - အယ္လီဆန္၊ ေနာက္တန္း - ဖာဘင္ဟို၊ မာတစ္၊ ဗန္ဒစ္ခ်္၊ ေရာဘတ္ဆန္၊ အလယ္တန္း - ဟန္ဒါဆင္၊ ကီတာ၊ ဖာမီႏို၊ မာေနး၊ ဝိုင္နယ္လ္ဒယ္၊ ေရွ႕တန္း - ဆာလာ နဲ႔ ပြဲထြက္လာဖြယ္ရွိေနၿပီး၊

လက္စတာအသင္းကလည္း ဂိုး - ရွမိုက္ကယ္၊ ေနာက္တန္း - ဘန္ခ်ီ ဝဲလ္၊ မက္ဂြီရီ၊ ဂြၽန္နီအီဗန႔္စ္၊ ဒန္နီဆင္ပဆင္၊၊ အလယ္တန္း - ေခ်ာက္ဒဟရီ၊ အန္ဒီဒီ၊ မန္ဒီ၊ ေရွ႕တန္း - ဂေရး၊ ဗာဒီ၊ ပီရီရား တို႔နဲ႔  ပြဲထြက္လာဖို႔ မ်ားပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက လီဗာပူးလ္ဘက္ကေန ႏွစ္လုံးအသာနဲ႔ႏိုင္ရင္ ျပား ၇၀ အႏိုင္ေပးထားသလို ဂိုးေပါင္းသုံးလုံးကို ျပား ၃၀ အရႈံးေပးထားပါတယ္။

ဒီပြဲကို သူတစ္ျပန္ ကိုယ္တစ္ျပန္ ဖြင့္ကစားလာမယ္လို႔ တြက္ဆထားၿပီး ဒီရာသီ လီဗာပူးလ္ရဲ႕ အိမ္ကြင္းသြင္းဂိုးက  အနည္းဆုံး ၂ ဂိုးအထက္ရွိေနလို႔ အစဥ္အလာအတိုင္း အိမ္ကြင္းမွာ လက္စတာကို ဂိုးျပတ္သြင္းၿပီး အႏိုင္ယူမလားဆိုတာ တြက္ဆစရာပါ။

ယခုပြဲမွာ အရႈံးဆက္ေနတဲ့ လက္စတာေၾကာင့္  လီဗာပူးလ္ ကစားရခက္ေနေပမယ့္ လိုအပ္တဲ့ ရလဒ္ကို အရယူသြားမယ့္ အိမ္ရွင္ လီဗာပူးလ္နဲ႔ ဂိုးအေပၚကိုသာ အာ႐ုံက်မိပါေၾကာင္း....။

KON (SPORT)
ဇန္နဝါရီ - ၃၀