【 အားကစား 】 ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက် အိမ်ကွင်းမှာ ဒေါ့မွန်ကို ဘိုင်ယန် လက်စားချေမယ်

【 အားကစား 】 ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုအတွက်  အိမ်ကွင်းမှာ ဒေါ့မွန်ကို ဘိုင်ယန် လက်စားချေမယ်

ပထမဆုံး ဘိုင်ယန်အသင်း အိမ်ကွင်းရလဒ်တွေကို ပြန်ကြည့်ဖို့ လိုပါမယ်။အနီးစပ်ဆုံးကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ မိန့်ဇ်၊ ဝုလ်ဘတ်ကို ၆-၀ နဲ့ ဟာသာဘာလင်ကို ၁-၀ ၊ ရှော်ကေးကို ၃-၁ နိုင်ပြီး လီဗာပူးလ်ကို ချန်ပီယံလိဂ်မှာ ၁-၃ နဲ့ ရှုံးထားပါတယ်။

ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၇ အထိ ဘိုင်ယန်နောက်တန်းက နိုင်တဲ့အသင်းတွေဆို ဖိနိုင်ပေမယ့် ဖရိုင်းဖတ်လို အသင်းတွေက ခံကစားရင် ပိတ်ကစားရင် တစ်ဂိုးရအောင် မနည်းကစားနေရတာကို တွေ့ရပါတယ်။   

ဒီရာသီ ဘိုင်ယန်အိမ်ကွင်း ၁၃ ပွဲမှာ ၉ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးကာ ရဂိုး ၃၅ ဂိုး၊ ပေးဂိုး ၁၂ ဂိုးရှိပါတယ်။ဒီဂိုးကွာခြားမှုကိုကြည့်ရင် ဘိုင်ယန်အသင်း အိမ်ကွင်းမှာ တစ်ပွဲကို တစ်ဂိုးအောက်သာပေးနေတဲ့ အခြေအနေက အတော်လေးပါ။လက်ရှိမှာ ဒေါ့မွန်အောက် ၂ မှတ်အကွာမှာ ဘိုင်ယန်အသင်း ရပ်တည်နေလို့ ဒီလိုအိမ်ကွင်း ထိပ်တိုက်တွေ့ဆုံရတဲ့ ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် ဘိုင်ယန်အတွက် ချိုမြိန်တဲ့နိုင်ပွဲဖြစ်မှာ အမှန်ပါဘဲ။ဒါပေမယ့် ဘိုင်ယန် ရင်ဆိုင်ရမယ့် ဒေါ့မွန်က ယခင်ကလို လိုအပ်ချက်တွေရှိနေတဲ့ ဒေါ့မွန် မဟုတ်ပါဘူး။အထူးသဖြင့် ဥရောပအသင်းကြီးတွေ လိုချင်နေတဲ့ ကွင်းလယ်တိုက်စစ်သမား ဆန်ချို၊ ပြီးတော့ တိုက်စစ်သမားစစ်စစ် အယ်လ်ကဆာ တို့လို၊ ကွင်းလယ်မှာ တစ်ကျော့ပြန် ခြေစွမ်းပြနေတဲ့ မာကိုရူးစ်၊ ဒီလန်နေး တို့နဲ့ တောင့်တင်းတဲ့ စုဖွဲ့မှုကို ပိုင်ထားတဲ့ အသင်းပါ။

ဒီရာသီ ဒေါ့မွန်အသင်း ခြေစွမ်းက ခန့်မှန်းရခက်ခဲ့ပါတယ်။အထူးသဖြင့် အိမ်ကွင်းရလဒ်တွေ ကောင်းပေမယ့် အဝေးကွင်းမှာ ၂ ပွဲရှုံးပြီး ၄ ပွဲသရေကျခဲ့တဲ့အတွက် အမှတ်ဆုံးရှုံးမှုတွေရှိသလို ချန်ပီယံလိဂ်မှာလည်း အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး စပါးအသင်းကို ရှုံးခဲ့တဲ့အသင်းပါ။ဒါကြောင့် အသင်းကြီးတွေနဲ့ ယှဉ်ကစားဖို့ ဒေါ့မွန်အနေနဲ့ လိုသေးတာ အမှန်ပါဘဲ။ဒီ၂၀၁၉ ခုနှစ်အတွင်း ဒေါ့မွန်အသင်း ရှုံးခဲ့တဲ့အသင်းတွေကို ပြန်ကြည့်ရင် အော့စ်ဘတ်ကို အဝေးကွင်းမှာ ၂-၁၊ တန်းတက် နုရင်ဘတ်နဲ့ ဟောဖန်ဟိမ်း၊ ဝါဒါဘရီမင်၊ ဖရန့်ဖတ် အသင်းတွေကို အဝေးကွင်းနဲ့ အိမ်ကွင်းတွေမှာ သရေကျခဲ့တာပါ။ဒီအချိန်မှာ ဘိုင်ယန်ကတော့ လီဗာကူဆင် တစ်သင်းကိုသာ အဝေးကွင်းမှာ ရှုံးပြီး ဖရိုင်းဖတ်ကို အဝေးကွင်းမှာ နောက်ကနေလိုက်ကစားပြီး သရေကျခဲ့ပါတယ်။စွမ်းဆောင်မှုကိုကြည့်ရင် ဘိုင်ယန်က ခြေငြိမ်နေပြီး ဒေါ့မွန်ကတော့ လူငယ်တွေများတဲ့အတွက် ကစားအားကောင်းပြီး ဂိုးစောစောရရင် အခြေအနေကောင်းကာ မရရင် ယိုင်သွားတတ်တာကို တွေ့ရပါတယ်။

နှစ်သင်းစလုံး ခြေစွမ်းကိုပြန်ကြည့်ရင် ဘိုင်ယန်ရော ဒေါ့မွန်ပါ နောက်တန်းတွေ ဂိုးပေးနေရပြီး ဒေါ့မွန်က ဆန်ချို၊ ဖိလစ်၊ ဂူရီယာရို တို့ တိုက်စစ်ကို ဘိုင်ယန်နောက်တန်းက ဟမ်းမဲလ်၊ ကီမစ်ချ် တို့ ထိန်းနိုင်ပါမလား ဆိုတာရယ်၊ ခြေစွမ်းပြနေတဲ့ ဆန်ချို ကို ဘိုင်ယန်ကွင်းလယ်က အယ်လ်ကန်တာရာ၊ ရိုဒီရီဂွတ်ဇ်၊ လီယွန်ဂေါ့ဇာ ထိန်းချုပ်နိုင်ပါ့မလားဆိုတာ ပွဲအဖြေဖြစ်လာဖို့ ရှိနေပါတယ်။

 

ထွက်လာတဲ့ ပွဲကြိုစာရင်းအရ အိမ်ရှင် ဘိုင်ယန်အသင်းမှာ ဂိုး - နူအာ၊ နောက်တန်း - နစ်ကလပ်ဆူလီ၊ ဟမ်းမဲလ်၊ အယ်လ်ဘာ၊ ကီမစ်ချ်၊ အလယ်တန်း - အယ်လ်ကန်တာရာ၊ ရိုဒီရီဂွတ်ဇ်၊ မာတီနက်ဇ်၊ ဂမ်ဘာရီ၊ ကိုလ်မန်း နဲ့ ရှေ့တန်းမှာ လီဝန်ဝန်ဒေါစကီး တို့ ပွဲထွက်လာဖွယ် ရှိနေပါတယ်။

ဒေါ့မွန်အသင်းမှာ ဂိုး - ဘာရှုကီ၊ နောက်တန်း - ဇာဂါဒူး၊ မန်နူရယ်အကင်ဂျိ၊ မာရှုးစ်ဝုလ်ဖ်၊ ဂူရီယာရို၊ ကွင်းလယ် - ဒီလေနီ၊ မာကိုရူးစ်၊ ဆန်ချို၊ ဝှစ်ဆယ်လ်၊ လာဆန်၊  ရှေ့တန်း - အယ်လ်ကဆာ တို့နဲ့ ပွဲထွက်လာစရာ ရှိနေပါတယ်။

ပထမအကျော့ ဒေါ့မွန်ကွင်းမှာ ဒေါ့မွန်က ၃-၂ နဲ့ အနိုင်ရထားလို့ ဒီပွဲမှာ အိမ်ရှင်ဘိုင်ယန်အတွက် တစ်ဂိုးရရင် ပိတ်ကစားဖို့ ရှိနေတာကို သတိထားဖို့ လိုနေပါတယ်။

ဒီပွဲမှာတိုက်စစ်ခြင်း၊ ကွင်းလယ်ခြင်း၊ ခံစစ်ခြင်း စတဲ့ နေရာစုံမှာ သိပ်မကွာကြပါဘူး။ဒါပေမယ့် ဘိုင်ယန်အသင်းဘက်က ဖောင်ဖျက်ကစားလာမှာ သေချာနေပါတယ်။

ဒီပွဲကို ဘွတ်ကီဒိုင်တွေက ဘိုင်ယန်အသင်းဘက်ကနေ တစ်လုံး ၂၅ ပြားအရှုံး အကျောပေးထားပြီး ဂိုးပေါင်းကိုတော့ နှစ်သင်းပေါင်း သုံးလုံး ပြား ၆၀ အရှုံး ကြေးပေါက်နေတဲ့အတွက် အိမ်ရှင်ဘိုင်ယန်နဲ့ ဂိုးအပေါ်ကိုသာ ပိုအကြိုက်တွေ့မိပါကြောင်း။

KON (SPORT)
ဧပြီ - ၆

( Zawgyi )

ပထမဆုံး ဘိုင္ယန္အသင္း အိမ္ကြင္းရလဒ္ေတြကို ျပန္ၾကည့္ဖို႔ လိုပါမယ္။အနီးစပ္ဆုံးကစားခဲ့တဲ့ အိမ္ကြင္းပြဲစဥ္ေတြမွာ မိန႔္ဇ္၊ ဝုလ္ဘတ္ကို ၆-၀ နဲ႔ ဟာသာဘာလင္ကို ၁-၀ ၊ ေရွာ္ေကးကို ၃-၁ ႏိုင္ၿပီး လီဗာပူးလ္ကို ခ်န္ပီယံလိဂ္မွာ ၁-၃ နဲ႔ ရႈံးထားပါတယ္။

ၿပီးခဲ့တဲ့ ဘြန္ဒက္စ္လီဂါ ပြဲစဥ္ ၂၇ အထိ ဘိုင္ယန္ေနာက္တန္းက ႏိုင္တဲ့အသင္းေတြဆို ဖိႏိုင္ေပမယ့္ ဖ႐ိုင္းဖတ္လို အသင္းေတြက ခံကစားရင္ ပိတ္ကစားရင္ တစ္ဂိုးရေအာင္ မနည္းကစားေနရတာကို ေတြ႕ရပါတယ္။   

ဒီရာသီ ဘိုင္ယန္အိမ္ကြင္း ၁၃ ပြဲမွာ ၉ ပြဲႏိုင္ ၃ ပြဲသေရ ၁ ပြဲရႈံးကာ ရဂိုး ၃၅ ဂိုး၊ ေပးဂိုး ၁၂ ဂိုးရွိပါတယ္။ဒီဂိုးကြာျခားမႈကိုၾကည့္ရင္ ဘိုင္ယန္အသင္း အိမ္ကြင္းမွာ တစ္ပြဲကို တစ္ဂိုးေအာက္သာေပးေနတဲ့ အေျခအေနက အေတာ္ေလးပါ။လက္ရွိမွာ ေဒါ့မြန္ေအာက္ ၂ မွတ္အကြာမွာ ဘိုင္ယန္အသင္း ရပ္တည္ေနလို႔ ဒီလိုအိမ္ကြင္း ထိပ္တိုက္ေတြ႕ဆုံရတဲ့ ပြဲမွာသာ အႏိုင္ရခဲ့မယ္ဆိုရင္ ဘိုင္ယန္အတြက္ ခ်ိဳၿမိန္တဲ့ႏိုင္ပြဲျဖစ္မွာ အမွန္ပါဘဲ။ဒါေပမယ့္ ဘိုင္ယန္ ရင္ဆိုင္ရမယ့္ ေဒါ့မြန္က ယခင္ကလို လိုအပ္ခ်က္ေတြရွိေနတဲ့ ေဒါ့မြန္ မဟုတ္ပါဘူး။အထူးသျဖင့္ ဥေရာပအသင္းႀကီးေတြ လိုခ်င္ေနတဲ့ ကြင္းလယ္တိုက္စစ္သမား ဆန္ခ်ိဳ၊ ၿပီးေတာ့ တိုက္စစ္သမားစစ္စစ္ အယ္လ္ကဆာ တို႔လို၊ ကြင္းလယ္မွာ တစ္ေက်ာ့ျပန္ ေျခစြမ္းျပေနတဲ့ မာကို႐ူးစ္၊ ဒီလန္ေနး တို႔နဲ႔ ေတာင့္တင္းတဲ့ စုဖြဲ႕မႈကို ပိုင္ထားတဲ့ အသင္းပါ။

ဒီရာသီ ေဒါ့မြန္အသင္း ေျခစြမ္းက ခန႔္မွန္းရခက္ခဲ့ပါတယ္။အထူးသျဖင့္ အိမ္ကြင္းရလဒ္ေတြ ေကာင္းေပမယ့္ အေဝးကြင္းမွာ ၂ ပြဲရႈံးၿပီး ၄ ပြဲသေရက်ခဲ့တဲ့အတြက္ အမွတ္ဆုံးရႈံးမႈေတြရွိသလို ခ်န္ပီယံလိဂ္မွာလည္း အိမ္ကြင္း အေဝးကြင္း ႏွစ္ေက်ာ့စလုံး စပါးအသင္းကို ရႈံးခဲ့တဲ့အသင္းပါ။ဒါေၾကာင့္ အသင္းႀကီးေတြနဲ႔ ယွဥ္ကစားဖို႔ ေဒါ့မြန္အေနနဲ႔ လိုေသးတာ အမွန္ပါဘဲ။ဒီ၂၀၁၉ ခုႏွစ္အတြင္း ေဒါ့မြန္အသင္း ရႈံးခဲ့တဲ့အသင္းေတြကို ျပန္ၾကည့္ရင္ ေအာ့စ္ဘတ္ကို အေဝးကြင္းမွာ ၂-၁၊ တန္းတက္ ႏုရင္ဘတ္နဲ႔ ေဟာဖန္ဟိမ္း၊ ဝါဒါဘရီမင္၊ ဖရန႔္ဖတ္ အသင္းေတြကို အေဝးကြင္းနဲ႔ အိမ္ကြင္းေတြမွာ သေရက်ခဲ့တာပါ။ဒီအခ်ိန္မွာ ဘိုင္ယန္ကေတာ့ လီဗာကူဆင္ တစ္သင္းကိုသာ အေဝးကြင္းမွာ ရႈံးၿပီး ဖ႐ိုင္းဖတ္ကို အေဝးကြင္းမွာ ေနာက္ကေနလိုက္ကစားၿပီး သေရက်ခဲ့ပါတယ္။စြမ္းေဆာင္မႈကိုၾကည့္ရင္ ဘိုင္ယန္က ေျခၿငိမ္ေနၿပီး ေဒါ့မြန္ကေတာ့ လူငယ္ေတြမ်ားတဲ့အတြက္ ကစားအားေကာင္းၿပီး ဂိုးေစာေစာရရင္ အေျခအေနေကာင္းကာ မရရင္ ယိုင္သြားတတ္တာကို ေတြ႕ရပါတယ္။

ႏွစ္သင္းစလုံး ေျခစြမ္းကိုျပန္ၾကည့္ရင္ ဘိုင္ယန္ေရာ ေဒါ့မြန္ပါ ေနာက္တန္းေတြ ဂိုးေပးေနရၿပီး ေဒါ့မြန္က ဆန္ခ်ိဳ၊ ဖိလစ္၊ ဂူရီယာ႐ို တို႔ တိုက္စစ္ကို ဘိုင္ယန္ေနာက္တန္းက ဟမ္းမဲလ္၊ ကီမစ္ခ်္ တို႔ ထိန္းႏိုင္ပါမလား ဆိုတာရယ္၊ ေျခစြမ္းျပေနတဲ့ ဆန္ခ်ိဳ ကို ဘိုင္ယန္ကြင္းလယ္က အယ္လ္ကန္တာရာ၊ ႐ိုဒီရီဂြတ္ဇ္၊ လီယြန္ေဂါ့ဇာ ထိန္းခ်ဳပ္ႏိုင္ပါ့မလားဆိုတာ ပြဲအေျဖျဖစ္လာဖို႔ ရွိေနပါတယ္။

ထြက္လာတဲ့ ပြဲႀကိဳစာရင္းအရ အိမ္ရွင္ ဘိုင္ယန္အသင္းမွာ ဂိုး - ႏူအာ၊ ေနာက္တန္း - နစ္ကလပ္ဆူလီ၊ ဟမ္းမဲလ္၊ အယ္လ္ဘာ၊ ကီမစ္ခ်္၊ အလယ္တန္း - အယ္လ္ကန္တာရာ၊ ႐ိုဒီရီဂြတ္ဇ္၊ မာတီနက္ဇ္၊ ဂမ္ဘာရီ၊ ကိုလ္မန္း နဲ႔ ေရွ႕တန္းမွာ လီဝန္ဝန္ေဒါစကီး တို႔ ပြဲထြက္လာဖြယ္ ရွိေနပါတယ္။

ေဒါ့မြန္အသင္းမွာ ဂိုး - ဘာရႈကီ၊ ေနာက္တန္း - ဇာဂါဒူး၊ မန္ႏူရယ္အကင္ဂ်ိ၊ မာရႈးစ္ဝုလ္ဖ္၊ ဂူရီယာ႐ို၊ ကြင္းလယ္ - ဒီေလနီ၊ မာကို႐ူးစ္၊ ဆန္ခ်ိဳ၊ ဝွစ္ဆယ္လ္၊ လာဆန္၊  ေရွ႕တန္း - အယ္လ္ကဆာ တို႔နဲ႔ ပြဲထြက္လာစရာ ရွိေနပါတယ္။

ပထမအေက်ာ့ ေဒါ့မြန္ကြင္းမွာ ေဒါ့မြန္က ၃-၂ နဲ႔ အႏိုင္ရထားလို႔ ဒီပြဲမွာ အိမ္ရွင္ဘိုင္ယန္အတြက္ တစ္ဂိုးရရင္ ပိတ္ကစားဖို႔ ရွိေနတာကို သတိထားဖို႔ လိုေနပါတယ္။

ဒီပြဲမွာတိုက္စစ္ျခင္း၊ ကြင္းလယ္ျခင္း၊ ခံစစ္ျခင္း စတဲ့ ေနရာစုံမွာ သိပ္မကြာၾကပါဘူး။ဒါေပမယ့္ ဘိုင္ယန္အသင္းဘက္က ေဖာင္ဖ်က္ကစားလာမွာ ေသခ်ာေနပါတယ္။

ဒီပြဲကို ဘြတ္ကီဒိုင္ေတြက ဘိုင္ယန္အသင္းဘက္ကေန တစ္လုံး ၂၅ ျပားအရႈံး အေက်ာေပးထားၿပီး ဂိုးေပါင္းကိုေတာ့ ႏွစ္သင္းေပါင္း သုံးလုံး ျပား ၆၀ အရႈံး ေၾကးေပါက္ေနတဲ့အတြက္ အိမ္ရွင္ဘိုင္ယန္နဲ႔ ဂိုးအေပၚကိုသာ ပိုအႀကိဳက္ေတြ႕မိပါေၾကာင္း။

KON (SPORT)
ဧၿပီ - ၆