【 အားကစား 】 မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာတော့မယ့် ရက်ဖ် ရန်နစ်ခ်

【 အားကစား 】 မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာတော့မယ့် ရက်ဖ် ရန်နစ်ခ်

ဂျာမန်ကလပ်အသင်း လိုက်ပ်ဇစ်ရဲ့ နည်းပြဟောင်းဖြစ်သူ ရက်ဖ် ရန်နစ်ခ်ဟာ မန်ယူအသင်းကို ကိုင်တွယ်ဖို့အတွက် သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မန်ယူအသင်း ယာယီနည်းပြဖြစ်တဲ့ မိုက်ကယ် ကာရစ်ဟာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်ကို ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပြီး ထို့နောက်မှာတော့ ရန်နစ်ခ် က မန်ယူအသင်းကို ကိုင်တွယ်သွားတော့မှာဖြစ်ပါတယ်။

ဂျာမန်ဘောလုံးလောကမှာ "The Godfather" လို့ နာမည်ကျော်တဲ့ ရက်ဖ် ရန်နစ်ခ်ဟာ အခြားသော ဂျာမန်သားနည်းပြတွေဖြစ်တဲ့ ချဲလ်ဆီး နည်းပြ တူချယ်လ်နဲ့ လီဗာပူးလ် နည်းပြ ကလော့ပ်တို့ရဲ့ အထင်ကြီးလေးစားမှုကို ခံရသူဖြစ်ပါတယ်။

ဂျာမန်သားနည်းပြကြီးဟာ ဖိအားပေးကစားမှုနည်းဗျူဟာကြောင့် နာမည်ကျော်ပြီး၊ ၎င်းအသင်းရဲ့ တိုက်စစ်မှူးများကို တစ်ဖက်အသင်းရဲ့ နောက်တန်းများအား မပြတ်ဖိအားပေးတိုက်စစ်ဆင်ကာ တစ်ဖက်အသင်း ကစားကွက်တည်ဆောက်ဖို့ အချိန်မပေးဘဲ ပြင်းပြင်းထန်ထန်ကစားတဲ့ နည်း‌ဗျူဟာကို ကျင့်သုံးတာဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့် ရန်နစ်ခ်ဟာ ပုံမှန်အားဖြင့် အသင်းကို ၄-၄-၂ ကစားကွက်နဲ့  ဖွဲ့စည်းထားပြီး၊ ‌ဘောလုံးဆုံးရှုံးတဲ့အခါမှာ မြန်နိုင်သမျှ မြန်အောင် ဘောလုံးကို ပြန်လည်ရယူခိုင်းလေ့ရှိပါတယ်။ထို့အတွက် မန်ယူအသင်းရဲ့ ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေဟာ လုပ်အားနှုန်းကို ပိုမိုအသုံးပြုပြီး လီဗာပူးလ်အသင်းကဲ့သို့ high pressing ကစားကွက်ကို ကျင့်သုံးလာရဖွယ်ရှိနေပါတယ်။

ရန်နစ်ခ်သာ ကိုင်တွယ်လာခဲ့ရင်တော့ မန်ယူအသင်းရဲ့ ကစားကွက်ဟာ လုံးဝကို ကွဲပြားခြားနားသွားမှာဖြစ်ပါတယ်။ဒါပေမယ့် မန်ယူအသင်းရဲ့ အဓိက ကစားသမားဖြစ်သူ စီရော်နယ်လ်ဒိုအတွက်တော့ အခက်အခဲဖြစ်လာဖွယ်ရှိပါတယ်။စီရော်နယ်လ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပေမယ့် ဖိအားပေးကစားတဲ့ နည်းဗျူဟာကို ကျွမ်းဝင်မှုမရှိပါဘူး၊ အသက်အရွယ်အရလည်း ကစားသမားဘဝ နောက်ဆုံးအချိန်ကို နီးကပ်‌လာနေပြီဖြစ်တဲ့အတွက် ဖိအားပေးကစားတဲ့အခါ လုပ်အားနှုန်းကို ပိုမိုအသုံးပြုရတဲ့အတွက် အခက်အခဲတွေ ကြုံလာရဖွယ်ရှိနေပါတယ်။

နည်းပြကြီး ရန်နစ်ခ်ဘက်ကတော့ အဓိက ကစားသမားဖြစ်သူ စီရော်နယ်လ်ဒို ကို ခြွင်းချက်အဖြစ်ထားပြီး မန်ယူအသင်းကို ကစားဟန်ကို ပြောင်းလဲလာဖွယ်ရှိနေပါတယ်။

Linko
နိုဝင်ဘာ - ၂၆