【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရခိုင်၊ ရှုံးနိမ့်သွားတဲ့စွပ်စွဲချက်နဲ့ ရွေးကောက်ပွဲအခင်းအကျင်း

【 တစ်ပတ်အတွင်း ပြည်တွင်းသတင်း သုံးသပ်ချက် 】 ရခိုင်၊ ရှုံးနိမ့်သွားတဲ့စွပ်စွဲချက်နဲ့ ရွေးကောက်ပွဲအခင်းအကျင်း

ယခုရက်သတ္တပတ်အတွင်း သတင်းများစွာဖြစ်ခဲ့ရာမှာ အထူးသဖြင့် လာမည့်ရွေးကောက်ပွဲအတွက် အာဏာရပါတီကြီးအတွင်း ကိုယ်စားလှယ်လောင်းတွေ ရွေးကြတဲ့သတင်း၊ ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန် သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်ဘက်က ပြောခဲ့တဲ့မှတ်ချက်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကို လွှတ်တော်မှာ အတိုက်အခံ ပြည်ခိုင်ဖြိုးနဲ့ တပ်ဘက်က ကိုယ်စားလှယ်တွေပေါင်းပြီး စွဲချက်တင် ဖြုတ်ချဖို့ကြိုးစားရာမှာ မအောင်မြင်ခဲ့တဲ့သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးသတင်းတွေ ဖြစ်ခဲ့ပါတယ်။    

ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် စစ်အုပ်ချုပ်ရေး

ယခုရက်သတ္တပတ်အတွင်း သတင်းမီဒီယာတစ်ခုကို တပ်မတော်က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ထိရောက်တဲ့အုပ်ချုပ်မှု မဖော်ဆောင်နိုင်ရင် ရခိုင်ဒေသကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အုပ်ချုပ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။ဒီသတင်းကြောင့် လူမှုကွန်ရက်နဲ့ သတင်းမီဒီယာတွေမှာ ဝေဖန်မှုတွေအများကြီးထွက်လာခဲ့သလို တစ်ကယ်ဘဲဖြစ်လာနိုင်စရာရှိလားဆိုတဲ့ မေးခွန်းတွေလည်း နောက်ဆက်တွဲထွက်လာခဲ့ပါတယ်။အများစုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရည်ညွှန်းပြီး ဒါဟာ ဘယ်သူ့မှာတာဝန်အရှိဆုံးလဲဆိုတာကို ထောက်ပြခဲ့ကာ ကိုယ်သန်ရာသန်ရာ အထောက်အထားလွတ် ပြောဆိုတာတွေနဲ့ လူမှုကွန်ရက်မှာ အပြန်အလှန်ရေးသားခဲ့ကြလို့  ကာတွန်းတွေ ပို့စ်တွေနဲ့ ပွဲဆူခဲ့ပါတယ်။

ထူးခြားတာတစ်ခုက ဒီလိုပြောဆိုမှုမတိုင်မီ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ နိုင်ငံရေးပါတီတစ်ချို့နဲ့ နိုင်ငံရေးလေ့လာသုံးသူလို့ အမည်ခံထားသူအချို့က ရခိုင်မြောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ တောင်းဆိုခဲ့တာတွေ ခပ်စိပ်စိပ်ရှိသလို တချို့က ရခိုင်မြောက်ပိုင်းမှာ အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့အနေအထားမျိုး ပုံဖော်ပြောဆိုနေတာကို မြင်တွေ့ခဲ့ရပါတယ်။ဒီလိုရှိနေတဲ့အခြေအနေမှာ တိုင်းပြည်အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ကာကွယ်ရာမှာ တာဝန်အရှိဆုံး ဝန်ထမ်းအဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ဘက်က ရခိုင်အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မှုကိုထုတ်ပြောလာတဲ့အတွက် အများအမြင်မှာ ရခိုင်မြောက်ပိုင်းအခြေအနေက ထင်သလိုဖြစ်လာနေပြီလားဆိုတာ အားလုံးအတွက် စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

လက်ရှိ ရခိုင်အခြေအနေက ဘယ်လိုတွေဖြစ်နေသလဲ။ဒါကို သတင်းတွေဖတ်တာထက် လူမှုကွန်ရက်မှာဖော်ပြတဲ့ သတင်းတွေကိုကြည့်ရင် သိသာနိုင်ပါတယ်။ရခိုင်မြောက်ပိုင်း ကျောက်တော်မှာ နေ့ခင်းကြောင်တောင် မြို့လယ်မှာ ရဲအရာရှိတစ်ဦးကို ဓားနှင့်ထိုးသတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု မကြာခင်ရက်ကဖြစ်ခဲ့သလို ပုဏ္ဏားကျွန်းမှာရှိတဲ့ နယ်မြေခံတပ်က အရာရှိတစ်ဦးနဲ့ တပ်သားတစ်ဦး စျေးထွက်ဝယ်ချိန်မှာ ဓားတွေနဲ့ဝင်ခုတ်ဝင်ထိုးလို့ အရာရှိထိခိုက်ဒဏ်ရာရပြီး တပ်သားကိုဖမ်းဆီးသွားတဲ့ ဖြစ်ရပ်လည်း ယခုလအတွင်းဖြစ်ခဲ့ပါတယ်။ပြည်နယ်မြို့တော် စစ်တွေမှာ ကမ္ဘောဇဘဏ်ကို ဝင်လုလို့ သိန်း ၁၈၀၀ ခန့်ပါသွားတဲ့ ဖြစ်ရပ်ကလည်း မကြာသေးပါဘူး။ဒါပေမယ့် ဖြစ်တဲ့ဖြစ်ရပ်တွေကိုကြည့်ရင် အများပြည်သူကို ဦးတည်ပြီးတိုက်ခိုက်တာထက် အုပ်ချုပ်ရေးနဲ့ လုံခြုံရေး တာဝန်ယူထားတဲ့အဖွဲ့အစည်းကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်တာကိုတွေ့ရပါတယ်။

ဒီဒေသမှာ တိုက်ပွဲတွေဖြစ်လို့ ဒီလိုအခြေအနေဖြစ်လို့ နိုင်ငံရေးပါတီအချို့နဲ့ နိုင်ငံရေးကျွမ်းကျင်သူဆိုတဲ့ လူအချို့ ယခင်က စစ်အုပ်ချုပ်ရေးတောင်းတာ သဘောတရားအားဖြင့် မှန်သယောင်ထင်ရပေမယ့်  တစ်ကယ်စဉ်းစားကြည့်ရင် ဒီလိုအခြေအနေမျိုးကို ရှမ်းမြောက်၊ ကချင်နဲ့ ကရင်သာမက မြန်မာနိုင်ငံက တချို့နေရာဒေသတွေမှာလည်း ရံဖန်ရံခါဖြစ်တာကို ကြားဖူးမှာဖြစ်ပါတယ်။ယခု ရခိုင်မြောက်ပိုင်း အထူးသဖြင့် ချင်းတောင်ပိုင်း ပလက်၀ဒေသကို အခြေပြုပြီး ရခိုင်လက်နက်ကိုင် (AA) နဲ့ တပ်မတော်တို့ကြားဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထွက်ပြေးကြ၊ အလုပ်မလုပ်နိုင်ဘဲ စစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ သွားရောက်ခိုလှုံကြရတာက ခန့်မှန်းစာရင်းတွေအရ နှစ်သိန်းခန့်ရှိသလို ကချင်ဘက်မှာ ရှမ်းမြောက်ဘက်မှာလည်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက်က သိန်းနဲ့ချီကာ စစ်ဘေးရှောင်စခန်းမှာနေရတာ လေးငါးဆယ်နှစ်မက ရှိနေပါပြီ။ဒီအခြေအနေမျိုးက ရခိုင်မှာတင်မကပါဘူး။အဲဒီကချင်နဲ့ ရှမ်းမြောက်ဒေသတွေ၊ ကရင်ဘက်တွေမှာလည်း ဖြစ်နေတာပါ။    

ဒီကာလလို ကျန်းမာရေးကပ်ဘေးဖြစ်တဲ့ကာလမှာ တပ်ဘက်က ရခိုင်မြောက်ပိုင်းနဲ့ပတ်သက်ပြီး မှတ်ချက်ထွက်လာတဲ့အတွက် အားလုံးကစိတ်ဝင်စားခဲ့ပါတယ်။

တစ်ကယ်ဘဲ ရခိုင်မြောက်ပိုင်းအခြေအနေက စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်မှဖြစ်တော့မယ့် အခြေအနေလား။ဒီရက်ထဲမှာ ထွက်လာတဲ့သတင်းတွေအရဆိုရင်လည်း တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ ရပ်ထဲရွာထဲ AA ဘက်ကရော တပ်ဘက်ကပါ ဝင်စစ်ပြီး သူ့ဘက်ကိုယ့်ဘက်လူတွေ ဖော်ထုတ်နေကြတာရှိတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို တပ်ဘက်က ဖမ်းဆီးစစ်ဆေးတာတွေရှိသလို AA ဘက်က တပ်ဘက်ကို သတင်းပေးလို့ထင်တာနဲ့ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေခဲ့ပါတယ်။ဒီအတွက် မကြာခင်က အုပ်ချုပ်ရေးမှူးရာထူးကနေ အစုလိုက်အပြုံလိုက် နုတ်ထွက်တာတွေရှိပါတယ်။ယခုလထဲ မြေပုံမြို့မြောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဖမ်းခေါ်ထားသလို မြေပုံမြို့ ရွာသစ်ကေ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အငူအုပ်စု အုပ်ချုပ်ရေးမှူးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားတာတွေရှိလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၅၈ ဦးက ဇွန် ၅ ရက်က တစ်ပြိုင်နက်နုတ်ထွက်စာတင်ထားတဲ့ကိစ္စလည်း ရှိပါသေးတယ်။ဒီမတိုင်ခင်ကလည်း ဒီလိုဖြစ်ရပ် တစ်ခါမကဖြစ်ခဲ့ဘူးတာရှိပါတယ်။

ဒီလိုအခြေအနေမှာ ရခိုင်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး ဇွန် ၁၅ ရက်က ကျင်းပတဲ့ အစိုးရ၏ လေးနှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ထွေ/အုပ်ညွှန်ချုပ်က ဒါက စိုးရိမ်မှုကြီးပြီး ပြောတာဖြစ်ပြီး အဲဒီလောက်ထိစိုးရိမ်စရာမရှိဘူးလို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ပြောတဲ့အထဲမှာ “ဒီအုပ်ချုပ်ရေးမှူးတွေအတွက် ကျွန်တော်တို့က ဒီ သူတို့လုံခြုံမှုကို ဆောင်ရွက်ပေးနိုင်ဖို့ဆိုတာကတော့ အမှန်အတိုင်းပြောရရင် ဒီလောက်ဥပဒေမဲ့ဆောင်ရွက်နေကြတဲ့ ဒေသတွေမဟုတ်ပါဘူး။တချို့ကိစ္စတွေကတော့ စိုးရိမ်ပူပန်မှုကြီးနေတာလည်း ပါပါတယ်” လို့ ပြောခဲ့သလို “အုပ်ချုပ်ရေးယန္တရားကြီး ပျက်ပြားအောင်တော့ ဒီလောက်လည်း စိုးရိမ်ပူပန်စရာမရှိပါဘ်” လို့ ရှင်းရှင်းလင်းလင်းပြောခဲ့ပါတယ်။

မကြာခင် ရွေးကောက်ပွဲကာလကို ရောက်တော့မှာပါ။အစိုးရက ရခိုင်မြောက်ပိုင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကြိုးစားနေသလို ဒေသခံတိုင်းရင်းသားပါတီတွေကလည်း  မဖြစ်မနေကျင်းပစေချင်တဲ့ စိတ်ဆန္ဒရှိတာကို ထုတ်ပြောခဲ့တာလည်းရှိပါတယ်။ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ ဒေသတည်ငြိမ်အေးချမ်းဖို့ လိုပါတယ်။ဒီအတွက် အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်း ၄ ဖွဲ့နဲ့ ဆွေးနွေးဖို့ မေလကုန်ပိုင်းကတည်းက ကမ်းလှမ်းထားတာရှိသလို အရေးကြီးတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လထဲကျင်းပနိုင်ဖို့ လုံးပမ်းနေတာလည်းရှိပါတယ်။ဒါပေမယ့်  တိုက်ပွဲတွေ ရခိုင်မြောက်ပိုင်းမှာ ပြင်းထန်သလို စစ်ဘေးရှောင်တွေများလာတာ၊ စစ်ဘောင်ကျယ်လာတာတွေကြောင့် သုံးသပ်သူတွေက ရခိုင်မှာ ရွေးကောက်ပွဲ လုပ်ဖြစ်၊ မဖြစ်နဲ့ မြောက်ပိုင်း ၄ ဖွဲ့ လှုပ်ရှားရာ တိုင်းရင်းသားဒေသတွေမှာ ရွေးကောက်ပွဲ လုပ်ဖြစ်၊ မဖြစ်ဆိုတာ မသေချာဘဲ စောင့်ကြည့်ရဦးမယ့်အခြေအနေမှာဘဲ ရှိနေသေးတယ်ဆိုပါတယ်။ဒီအတွက် ဒေသအေးချမ်းဖို့ နိုင်ငံရေးစားပွဲဝိုင်းကနေ စွမ်းဆောင်နိုင်မလား၊ တိုက်ပွဲတွေကနေ စွမ်းဆောင်နိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ပြင်းထန်လာတဲ့ ရွေးကောက်ပွဲအကြို ပြင်ဆင်မှု

ယခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖွယ်ရှိတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲက ယခုရက်ပိုင်းတွေ့ရတဲ့ ပြင်ဆင်မှုသတင်းတွေအရဆိုရင် အတော်လေးကို ပြင်းထန်မယ့်အနေအထားရှိနေပါတယ်။ဒီရက်ထဲမှာ အာဏာရပါတီဘက်က မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေ လုပ်နေတာကိုတွေ့ရသလို အတိုက်အခံဘက်ကလည်း ယခင်သမ္မတဟောင်း ဦးသိန်းစိန်ကပါ ပါဝင်မဲဆွယ်ပေးမယ်ဆိုတဲ့အသံတွေ ထွက်လာခဲ့ပါတယ်။

ပါတီဘက်က ပြင်ဆင်မှုတွေကို ယခုအပတ်ထဲ ထွက်လာတဲ့သတင်းတွေအရ ကြည့်မယ်ဆိုရင် အာဏာရပါတီဘက်က ယခင်လိုမဟုတ်ဘဲ ပြည်သူတွေ၊ အောက်ခြေပါတီဝင်တွေက တင်လာတဲ့သူတွေကို ဦးစားပေးရွေးချယ်မှုတွေလုပ်မှာ မြင်ရသလို ပါတီရဲ့ လွှတ်တော်တွင်းတိုက်ပွဲတွေမှာ ဦးဆောင်ခဲ့တဲ့ ဦးအောင်ကြည်ညွန့်လို၊ ဦးမြတ်ဉာဏစိုးလို၊ ပြည်နယ်နှင့် တိုင်းမှာ တာဝန်ယူနေဆဲ ဝန်ကြီးချုပ်အချို့ကိုလည်း ပြန်လည်နေရာချထားဖို့အတွက် ရွေးချယ်ခဲ့တာကိုတွေ့ရပါတယ်။တရားဝင်ထုတ်ပြန်မှုတွေမရှိတဲ့ သတင်းတွေအရ ရန်ကုန်မှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လှည်းကူးကနေ ပြန်ပြီးရွေးကောက်ပွဲ ဝင်၊ မဝင် မသေချာပေမယ့်  နေပြည်တော် ဒု-မြို့တော်ဝန်ကနေ ရန်ကုန်စီးပွားရေးဝန်ကြီးအဖြစ် တာဝန်ယူတဲ့ ဦးရဲမင်းဦးလို လူလတ်ပိုင်း ထက်မြက်တဲ့သူတစ်ဦးက ဒဂုံကနေ ရွေးကောက်ပွဲဝင်ဖို့ စီစဉ်လာတာကိုတွေ့ရပါတယ်။
ဒဂုံမဲဆန္ဒနယ်က ယခုနှစ်မှာ အရေးပါတဲ့နယ်မြေပါ။

ဘာကြောင့်ဆို အမျိုးသားဒီမိုကရေစီအဖွဲချုပ်ကနေ ခွဲထွက်တဲ့ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးက ဒီမြို့နယ်ကနေ ပါဝင်ယှဉ်ပြိုင်မှာဖြစ်တဲ့အတွက် ဒီမြို့နယ် အနိုင်အရှုံးက အာဏာရပါတီရဲ့ ဂုဏ်သိက္ခာအတွက် အရေးပါလာမယ့်သဘောရှိနေလို အများပြည်သူအကြား စိတ်ဝင်စားမှုများတဲ့ မဲဆန္ဒနယ်လည်း ဖြစ်လာနိုင်ပါ တယ်။ဇွန် ၁၄ ရက်က မီဒီယာတစ်ခုနဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ အာဏာရပါတီရဲ့ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဖြစ်တဲ့  မုံရွာ (ဦး) အောင်ရှင် က “အစိုးရပိုင်း တာဝန်ယူထားတဲ့ ခေါင်းဆောင်ပိုင်းတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် တာဝန်ယူထားတဲ့ ဝန်ကြီးချုပ်တွေကတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြန်ပါလာနိုင်ဖို့တော့ များပါတယ်” လို့ ပြောခဲ့တာရှိပါတယ်။

အာဏာရပါတီဘက်ကနေ ပါဝင်ယှဉ်ပြိုင်ဖို့ အောက်ခြေကနေဝင်ပြိုင်ရမှာ အရပ်သားအစိုးရလက်ထက် လူသိများခဲ့တဲ့ တက်ကြွလှုပ်ရှားသူတွေ။စစ်ဘက် ရဲဘက်က ထင်ရှားသူတွေလည်း ပါဝင်အရွေးခံခဲ့ကြတာကိုလည်း တွေ့ရပါတယ်။အင်းဒင်ကျေးရွာ လူသတ်မှုနှင့်ပတ်သက်ပြီး ရိုက်တာသတင်းထောက်နှစ်ဦးနဲ့ တွေ့ဆုံခဲ့လို့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင်ဒဏ်ကျခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်၊ အခြေခံဥပဒေပြင်ဆင်ရေး လက်မှတ်ထိုးရာကနေ အရေးယူခံခဲ့ရတဲ့ ဗိုလ်မှူးဟောင်း ကျော်စွာဝင်းတို့ပါ ပါလာခဲ့တာတွေရှိသလို အောက်ခြေက လူငယ်အတော်များများ ပါဝင်လာခဲ့တာကို တွေ့ခဲ့ရပါတယ်။

မြို့နယ်ရွေးချယ်ပွဲတွေမှာ အောက်ခြေက တင်တဲ့သူတွေကိုသာ ယူတဲ့မူအရ ကမောက်ကမရလဒ်အချို့ ထွက်လာတာကိုလည်း တွေ့ရပါတယ်။အခြေခံဥပဒေပြင်ဆင်ရေးကို ဦးဆောင်တဲ့ ဦးအောင်ကြည်ညွန့်လို ပါတီထိပ်တန်းတာဝန်ရှိသူတောင် သက်ဆိုင်ရာမြို့နယ်မှာ ဒုတိယဦးစားပေးနေရာသာရခဲ့သလို ဒုရဲမှူးဟောင်း မိုးရန်နိုင်လည်း အောက်ခြေမှာဘဲကျန်ခဲ့တာကို တွေ့ရပါတယ်။ဒီလိုရွေးချယ်ရာမှာ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေ ဦးစားပေးရွေးချယ်မှုထဲ မပါခဲ့တာကိုလည်း တွေ့ရသလို ရန်ကုန်ဝန်ကြီးချုပ်လည်း ရွေးကောက်ပွဲမဝင်တော့ဘူးဆိုတဲ့ သတင်းတွေထွက်လာတာလည်းရှိပါတယ်။လက်ရှိသမ္မတ ဦးဝင်းမြင့် က တာမွေကနေဝင်ဖို့ သေချာသလောက်ရှိကာ နိုင်ငံတော်အတိုင်ပင်ခံကလည်း ယခင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကော့မှူးကနေ ဝင်၊ မဝင် မသေချာသေးတဲ့အသံတွေ ထွက်ခဲ့ပါတယ်။ယခုထိ သေသေချာချာ ဘယ်သူတွေ ဘယ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ကျမယ်ဆိုတာ မသိရသေးပေမယ့် လက်ရှိအာဏာရပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ဗဟိုအလုပ်မှုဆောင်အဖွဲ့က အပြီးစိစစ်ရွေးချယ်နိုင်ဖို့ ဇူလိုင်လကုန်မှာ မျှော်မှန်းထားတယ်လည်း ဆိုပါတယ်။

အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီဘက်က ပြင်ဆင်မှုတွေအဖြစ် ယခင်ကတည်းက ပါတီထိပ်တန်း တာဝန်ရှိသူတွေ နယ်လှည့်ကာ ပါတီဝင်တွေနဲ့တွေ့ဆုံတာတွေ၊ မီဒီယာတွေနဲ့တွေ့ဆုံတာတွေလုပ်ပြီး အများပြည်သူနဲ့ ထိတွေ့မှုမပြတ်အောင်လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။အထူးသဖြင့် ပါတီထိပ်ပိုင်းက တာဝန်ယူထားသူတွေ လက်ရှိအစိုးရလုပ်ဆောင်ချက်တွေကို ပြောတာဆိုတာ ဝေဖန်တာတွေက လူမှုကွန်ရက်မှာ အတော်လေးကို ဝေဖန်မှုတွေ အပြန်အလှန်ချေပပြောဆိုမှုတွေနဲ့ လူထုစိတ်ဝင်စားအောင် လုပ်နိုင်ခဲ့တာကိုတွေ့ရပါတယ်။

ဒါ့အပြင် ပါတီပြောရေးဆိုခွင့်ရှိသူက မီဒီယာတစ်ခုနဲ့ အဆိုပါ ဇွန် ၁၄ ရက်တွေ့ဆုံမှုမှာ ပါတီအောင်နိုင်ရေးအတွက် သမ္မတဟောင်း ဦးသိန်းစိန် က ၀ိုင်းကူပေးမယ်ဆိုတာကို ပြောခဲ့တာတွေ့ရတဲ့အတွက် ပါတီတွေယှဉ်ပြိုင်မှုက အတော်လေးပြင်းထန်လာမယ့် သဘောရှိနေပါတယ်။
ယခုနှစ်ကုန်ပိုင်းမှာ ကျင်းပဖွယ်ရှိတဲ့ ရွေးကောက်ပွဲကို သူရဦးရွှေမန်း ဦးဆောင်တဲ့ ပါတီဖြစ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကလည်း ရွေးကောက်ပွဲအတွက် ကျပ်ဘီလျံနဲ့ချီပြီး ငွေကြေးသုံးစွဲမယ်ဆိုတဲ့အတွက်လည်း ယခုရွေးကောက်ပွဲက လူပုဂ္ဂိုလ်ပေါင်းစုံ၊ ပါတီပေါင်းစုံအတွက် ပြင်းထန်တဲ့ မဲလုရမယ့်နှစ် ဖြစ်လာဖွယ်ရှိနေပါတယ်။

အာဏာရပါတီအနေနဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီလမ်းကြောင်းအတွက် ပါတီသစ်တွေ၊ ကိုယ်ပါတီကနေထွက်ပြီး တစ်စင်ထောင်ကာ ပြိုင်ဘက်ပါတီနဲ့ မဟာမိတ်ဖွဲတဲ့သူတွေ၊ ငွေကြေးအင်အားနဲ့ အခြားအင်အားစုတွေရဲ့ အထောက်အကူရထားတဲ့ ပါတီတွေနဲ့ ပြန်လည်ရွေးကောက်ခံရဖို့ ပြင်းပြင်းထန်ထန်ယှဉ်ပြိုင်ရမှာပါ။ဒီအတွက် ယခင် ၂၀၁၅ ခုနှစ်ကလို ပါတီကိုကြည့်ပြီး မဲပေးခိုင်းရင် မဖြစ်တော့တဲ့အခြေအနေကို သတိထားမိပြီး ရပ်ရွာကလက်ခံတဲ့ အောက်ခြေပါတီဝင်တွေ တင်တဲ့သူကို ရွေးကောက်ပွဲဝင်ခိုင်းမယ့် ဗျူဟာကိုပြောင်းသုံးလာတာကိုကြည့်ရင် လာမည့်ရွေးကောက်ပွဲအတွက် အတော်လေးသတိထားနေတာကို တွေ့ရမှာဖြစ်ပါတယ်။

ဒီရက်ထဲမှာဘဲ ရွေးကောက်ပွဲကော်မရှင်ထံ ပြည်ခိုင်ဖြိုးပါတီအပါအဝင် နိုင်ငံရေးပါတီ (၃၀) က ဇွန် ၁၆ ရက်က ရွေးကောက်ပွဲအတွက် အချိန်မီကြိုတင်ပြင်ဆင်ဖို့အတွက် တွေ့ဆုံခွင့်တောင်းထားတာကိုလည်း တွေ့ရပါတယ်။ရွေးကောက်ပွဲနီးလာရင် မြန်မာပြည်ရဲ့ထုံးစံအတိုင်း တစ်ပါတီနဲ့ တစ်ပါတီ အပြိုင်အဆိုင်အပုတ်ချတာတွေ တွေ့ရသလို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကလို ပါတီကြီးတစ်ခုအတွင်း သန်းခေါင်ယံ အာဏာသိမ်းပွဲတွေလို အဖြစ်မျိုးတွေလည်းရှိခဲ့တဲ့အတွက် ရှေ့လာမယ့်ရက်တွေက စိတ်ဝင်စားစရာပါ။ယခုရက်တွေထဲဘဲ ယခင်ပြန်ကြားရေးဝန်ကြီးဟောင်းနဲ့ ယခင်သမ္မတပြောရေးဆိုခွင့်ရှိသူက ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ရေးအတွက် ထောက်ပြခဲ့တာတွေကြောင့် ပွဲဆူနေတာလည်းရှိနေတဲ့အတွက် ရှေ့လျှောက် ဘယ်ပါတီတွေလည်း အတွင်းသိအစင်းသိတွေက ထောက်ပြတဲ့ဝေဖန်မှုတွေကို ကြားရဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

ထပ်ရှုံးနိမ့်တဲ့ စွပ်စွဲချက်

ယခုရက်သတ္တပတ်ထဲ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ သတင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အရေးပေါ်အစည်းအဝေးခေါ်ယူခဲ့တဲ့ သတင်းပါဘဲ။ဒီအရေးပေါ်အစည်းအဝေးကို ဘာကြောင့်ခေါ်ယူတယ်ဆိုတာ အစောပိုင်းကမသိရပေမယ့်နောက်ပိုင်းမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင်တဲ့ အဆိုအတွက် ခေါ်ယူဆွေးနွေးဖို့ကိစ္စက အဓိကဖြစ်တယ်ဆိုတာ ထွက်လာတဲ့ အစည်းအဝေးအစီအစဉ်တွေအရ သိလာရပါတယ်။

ဒီအဆိုက ပြီးခဲ့တဲ့ ဇွန် ၅ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးပြီးခါနီးမှာ တင်ခဲ့တာပါ။ဒီအဆိုအတွက် ကိုကိုးကျွန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ယခင်အစိုးရအဖွဲ့မှ လုံ/နယ်ဝန်ကြီးဟောင်း ဦးတင်ဝင်း က တင်ခဲ့တာဖြစ်ပြီး သတ်မှတ်ချက်ပြည့်ဖို့အတွက် တပ်မတော်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ ပြည်သူရှေ့ဆောင်ပါတီ (PPP) က ကိုယ်စားလှယ် ၃၂ ဦးတို့ လက်မှတ်ထိုးပေးခဲ့ပါတယ်။

ရန်ကုန်ဝန်ကြီးချုပ်ကို စွပ်စွဲတဲ့ စွပ်စွဲချက်တွေမှာ အချက် ၇ ချက်ပါဝင်ပြီး အများပြောနေတဲ့ ဗိုလ်တထောင်ဘုရား ပြုပြင်ရေးဆိုကာ လူစုလူဝေးဖြစ်စေခဲ့မှု၊ စီမံခန့်ခွဲမှု လိုအပ်ချက်တွေ၊ ဘက်ဂျက်ကိစ္စတွေ၊ ရန်ကုန်မြို့သစ်စီမံကိန်း၊ ကျောင်းကားကိစ္စတွေ ပါဝင်ခဲ့ပါတယ်။
အဆိုပါစွပ်စွဲချက်အတွက် ရန်ကုန်တိုင်းလွှတ်တော်က ဦးလင်းနိုင်မြင့် ခေါင်းဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၃၊ ပုဒ်မခွဲ (က) ပါ စွပ်စွဲပြစ်တင်နိုင်တဲ့ အကြောင်းတစ်ရပ်ရပ်နဲ့ ငြိစွန်းခြင်းမရှိဘူးလို့ တင်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၃ အရဆိုရင် ဝန်ကြီးချုပ်တစ်ဦးကို စွပ်စွဲပြစ်တင်လိုရင် အနည်းဆုံး လွှတ်တော်ကိုယ်စားလှယ် ၄ ပုံ ၁ ပုံက လက်မှတ်ရေးထိုးကာ လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်ဖြစ်ပြီး ယင်းတင်ပြချက်အပေါ် လွှတ်တော်ဥက္ကဋ္ဌက စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမည့်ကာလကို သတ်မှတ်ပေးရမည့်အပြင် စွပ်စွဲခံရသည့် ဝန်ကြီးချုပ် (သို့) ကိုယ်စားလှယ်အား ချေပခွင့်ပေးရမည်ဖြစ်ပါတယ်။စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်ကို ရရှိတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌဟာ သက်ဆိုင်ရာလွှတ်တော်မှာတင်ပြပြီး မဲခွဲရမည်ဖြစ်ကာ အနည်းဆုံးကိုယ်စားလှယ် ၃ ပုံ ၂ ပုံက စွပ်စွဲပြစ်တင်မှုကိုထောက်ခံမှ နိုင်ငံတော်သမ္မတထံ တင်ပြပြီး ရာထူးကနေရပ်စဲနိုင်မှာလို့ ပြဋ္ဌာန်းထားတာကို တွေ့ရပါတယ်။

ဒီအတွက် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် စွပ်စွဲပြစ်တင်မှုကို မဲခွဲခဲ့ရာမှာ ကန့်ကွက်ဆန္ဒမဲပေါင်း ၇၇ မဲ ရှိခဲ့ပြီး ထောက်ခံဆန္ဒ မဲပေါင်း ၂၅ မဲသာရရှိခဲ့လို့ ကိုယ်စားလှယ်စုစုပေါင်းဦးရေရဲ့ သုံးပုံနှစ်ပုံမပြည့်လို့  စွပ်စွဲပြစ်တင်မှု မမှန်ကန်ကြောင်း လွှတ်တော်ကဆုံးဖြတ်ခဲ့ကာ တပ်မတော်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ ပြည့်သူရှေ့ ဆောင်ပါတီတို့ရဲ့ စွပ်စွဲအပြစ်တင်မှုက အပြတ်အသတ်ရှုံးနိမ့်ခဲ့ပါတယ်။ထူးခြားချက်က စွပ်စွဲပြစ်တင်ရန် အဆိုတင်စဉ်က ကိုယ်စားလှယ် ၃၂ ဦးလက်မှတ်နဲ့ ရေးထိုးတင်ခဲ့ပမယ့် မဲခွဲတဲ့အခါမှာ ၂၅ မဲသာ ထောက်ခံမှုရခဲ့တဲ့အတွက် စွပ်စွဲစဉ်တင်တဲ့ ၇ မဲက ကိုယ်တင်တဲ့အဆိုကို ကိုယ်ပြန်ပြီးကန့်ကွက်မဲပေးခဲ့တာကို ထူးထူးခြားခြားတွေ့ခဲ့ရတာဖြစ်ပါတယ်။ဒီအဆိုရှုံးနိမ့်တဲ့အတွက် ဒါဟာ ယခုလပိုင်းအတွင်း တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီတွေဘက်က စွပ်စွဲပြစ်တင်ပြီး တာဝန်ကရပ်ဆိုင်းဖို့ကြိုးစားတဲ့ အဆိုနှစ်ခုစလုံး ပြည်သူ့လွှတ်တော်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အပြတ်အသတ်နဲ့ရှုံးနိမ့်ခဲ့တာတွေဘဲ ဖြစ်ပါတယ်။

ဒီလိုရှုံးနိမ့်တဲ့အတွက် တကယ်အကျိုးအမြတ်ထွက်တာ အာဏာရပါတီဘက်ကဘဲ ဖြစ်ပါတယ်။ဒီစွပ်စွဲမှုမတိုင်ခင် ကိစ္စအတော်များများကြောင့် လူထုထဲ ထောက်ခံမှုကျနေတဲ့ ရန်ကုန်ဝန်ကြီးချုပ်အတွက် တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးတို့ ပြည်သူရှေ့ဆောင်ပါတီတို့ စွပ်စွဲပြစ်တင်ဖို့လုပ်တဲ့ အဆိုက ရန်ကုန်ဝန်ကြီးချုပ်ကို လူထုထောက်ခံမှုပြန်တက်အောင် လုပ်ပေးသလိုလဲ ဖြစ်ခဲ့ပါတယ်။တစ်ကယ်ဆိုရင် အာဏာရပါတီက အဓိကနေရာယူထားတဲ့ လွှတ်တော်မှာ ရှုံးမယ်မှန်းသိရဲ့နဲ့ ဘာကြောင့်အဆိုတင်လဲဆိုတာကို ပြည်သူတွေအနေနဲ့ ဝေခွဲမရသလို။ဒါကလဲ ကာယကံရှင်တွေမှ ဘယ်လိုရည်ရွယ်ချက်နဲ့ တင်သလဲဆိုတာ သိရမှာဖြစ်တဲ့အတွက် ရှေ့လျှောက် ဘယ်လိုမအောင်မြင်တဲ့ စွပ်စွဲမှုအဆိုတွေရှိလာဦးမလဲဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။     

ဒီလို စိတ်ဝင်စားစရာ သတင်းတွေအပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်က လူတိုင်းစိတ်ဝင်စားခဲ့ကြတဲ့ ပုဂံက ရှေးဟောင်းဘုရားတွေ ဌာပနာအဖောက်ခံရတဲ့သတင်းရဲ့ နောက်ဆက်တွဲသတင်းတွေဖြစ်တဲ့ ယင်းဘုရားအဖောက်ခံရမှုအတွက် စုံစမ်းစစ်ဆေးအရေးယူဖို့ ဆောင်ရွက်နေတယ်လို့ သာ/ယဉ်ဝန်ကြီးက သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့တဲ့သတင်း၊ ဒီအဖောက်ခံရတဲ့ ဘုရား ၃၃ ဆူကို စစ်ဆေးခဲ့ရာမှာ ၁၂ ဆူသာ အမှန်တကယ် ဌာပနာဖောက်ခံရခြင်းဖြစ်ပြီး ကျန် ၂၁ ဆူမှာ မူလကတည်းက ဌာပနာထည့်သွင်းခဲ့ခြင်းမရှိဘူးလို့ ရှေး/သုက ထုတ်ပြန်ခဲ့တဲ့သတင်း၊ နောင်ချို ဂုတ်တွင်းလမ်းမှာ ခရီးသည်တင် အိတ်စပရက်ကားတစ်စီး ဘရိတ်ပေါက်ပြီး ချောက်ထဲထိုးကျလို့  ခရီးသည်သုံးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရခဲ့တဲ့သတင်း၊ ရေဖြူမြို့နယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ၂၁ မိုင်အနီး မီးရထားသံလမ်းမှာ အသက်တစ်နှစ်ဝန်းကျင်ရှိ ကလေးငယ်ပါ မိသားစု ၃ ဦးရှိတဲ့ သံလမ်းအဖွင့်အပိတ်လုပ်တဲ့မိသားစု အသတ်ခံရတဲ့သတင်း၊ ကိုဗစ်-၁၉ ကာလ ထိုင်းမှာသွားရောက် အလုပ်လုပ်ကိုင်မယ့်သူတွေ ဒေါ်လာတစ်သိန်းတန် ကျန်းမာရေးအာမခံတင်ပြဖို့ ထိုင်းအစိုးရက သတ်မှတ်လိုက်တဲ့သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုရက်သတ္တပတ် ပြည်တွင်းသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မာလင်း
ဇွန် - ၁၉

( Zawgyi )

ယခုရက္သတၱပတ္အတြင္း သတင္းမ်ားစြာျဖစ္ခဲ့ရာမွာ အထူးသျဖင့္ လာမည့္ေ႐ြးေကာက္ပြဲအတြက္ အာဏာရပါတီႀကီးအတြင္း ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးၾကတဲ့သတင္း၊ ရခိုင္ကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္သတင္းမွန္ သတင္းစာရွင္းလင္းပြဲမွာ တပ္မေတာ္ဘက္က ေျပာခဲ့တဲ့မွတ္ခ်က္နဲ႔ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကို လႊတ္ေတာ္မွာ အတိုက္အခံ ျပည္ခိုင္ၿဖိဳးနဲ႔ တပ္ဘက္က ကိုယ္စားလွယ္ေတြေပါင္းၿပီး စြဲခ်က္တင္ ျဖဳတ္ခ်ဖို႔ႀကိဳးစားရာမွာ မေအာင္ျမင္ခဲ့တဲ့သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စားစရာအေကာင္းဆုံးသတင္းေတြ ျဖစ္ခဲ့ပါတယ္။    

ရခိုင္ျပည္နယ္ေျမာက္ပိုင္းႏွင့္ စစ္အုပ္ခ်ဳပ္ေရး

ယခုရက္သတၱပတ္အတြင္း သတင္းမီဒီယာတစ္ခုကို တပ္မေတာ္က ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ထိေရာက္တဲ့အုပ္ခ်ဳပ္မႈ မေဖာ္ေဆာင္ႏိုင္ရင္ ရခိုင္ေဒသကို ရခိုင္လက္နက္ကိုင္အဖြဲ႕ (AA) က အုပ္ခ်ဳပ္သြားႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ဒီသတင္းေၾကာင့္ လူမႈကြန္ရက္နဲ႔ သတင္းမီဒီယာေတြမွာ ေဝဖန္မႈေတြအမ်ားႀကီးထြက္လာခဲ့သလို တစ္ကယ္ဘဲျဖစ္လာႏိုင္စရာရွိလားဆိုတဲ့ ေမးခြန္းေတြလည္း ေနာက္ဆက္တြဲထြက္လာခဲ့ပါတယ္။အမ်ားစုကေတာ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကိုရည္ၫႊန္းၿပီး ဒါဟာ ဘယ္သူ႔မွာတာဝန္အရွိဆုံးလဲဆိုတာကို ေထာက္ျပခဲ့ကာ ကိုယ္သန္ရာသန္ရာ အေထာက္အထားလြတ္ ေျပာဆိုတာေတြနဲ႔ လူမႈကြန္ရက္မွာ အျပန္အလွန္ေရးသားခဲ့ၾကလို႔  ကာတြန္းေတြ ပို႔စ္ေတြနဲ႔ ပြဲဆူခဲ့ပါတယ္။

ထူးျခားတာတစ္ခုက ဒီလိုေျပာဆိုမႈမတိုင္မီ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္အတြင္းမွာ ႏိုင္ငံေရးပါတီတစ္ခ်ိဳ႕နဲ႔ ႏိုင္ငံေရးေလ့လာသုံးသူလို႔ အမည္ခံထားသူအခ်ိဳ႕က ရခိုင္ေျမာက္ပိုင္းမွာ စစ္အုပ္ခ်ဳပ္ေရးျပ႒ာန္းဖို႔ ေတာင္းဆိုခဲ့တာေတြ ခပ္စိပ္စိပ္ရွိသလို တခ်ိဳ႕က ရခိုင္ေျမာက္ပိုင္းမွာ အေျခအေနေတြ ထိန္းမႏိုင္သိမ္းမရျဖစ္ေနတဲ့အေနအထားမ်ိဳး ပုံေဖာ္ေျပာဆိုေနတာကို ျမင္ေတြ႕ခဲ့ရပါတယ္။ဒီလိုရွိေနတဲ့အေျခအေနမွာ တိုင္းျပည္အခ်ဳပ္အျခာ အာဏာပိုင္ဆိုင္မႈကို ကာကြယ္ရာမွာ တာဝန္အရွိဆုံး ဝန္ထမ္းအဖြဲ႕အစည္းျဖစ္တဲ့ တပ္မေတာ္ဘက္က ရခိုင္အေျခအေနနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈကိုထုတ္ေျပာလာတဲ့အတြက္ အမ်ားအျမင္မွာ ရခိုင္ေျမာက္ပိုင္းအေျခအေနက ထင္သလိုျဖစ္လာေနၿပီလားဆိုတာ အားလုံးအတြက္ စဥ္းစားစရာျဖစ္လာခဲ့ပါတယ္။

လက္ရွိ ရခိုင္အေျခအေနက ဘယ္လိုေတြျဖစ္ေနသလဲ။ဒါကို သတင္းေတြဖတ္တာထက္ လူမႈကြန္ရက္မွာေဖာ္ျပတဲ့ သတင္းေတြကိုၾကည့္ရင္ သိသာႏိုင္ပါတယ္။ရခိုင္ေျမာက္ပိုင္း ေက်ာက္ေတာ္မွာ ေန႔ခင္းေၾကာင္ေတာင္ ၿမိဳ႕လယ္မွာ ရဲအရာရွိတစ္ဦးကို ဓားႏွင့္ထိုးသတ္ခဲ့တဲ့ ျဖစ္ရပ္တစ္ခု မၾကာခင္ရက္ကျဖစ္ခဲ့သလို ပုဏၰားကြၽန္းမွာရွိတဲ့ နယ္ေျမခံတပ္က အရာရွိတစ္ဦးနဲ႔ တပ္သားတစ္ဦး ေစ်းထြက္ဝယ္ခ်ိန္မွာ ဓားေတြနဲ႔ဝင္ခုတ္ဝင္ထိုးလို႔ အရာရွိထိခိုက္ဒဏ္ရာရၿပီး တပ္သားကိုဖမ္းဆီးသြားတဲ့ ျဖစ္ရပ္လည္း ယခုလအတြင္းျဖစ္ခဲ့ပါတယ္။ျပည္နယ္ၿမိဳ႕ေတာ္ စစ္ေတြမွာ ကေမာၻဇဘဏ္ကို ဝင္လုလို႔ သိန္း ၁၈၀၀ ခန႔္ပါသြားတဲ့ ျဖစ္ရပ္ကလည္း မၾကာေသးပါဘူး။ဒါေပမယ့္ ျဖစ္တဲ့ျဖစ္ရပ္ေတြကိုၾကည့္ရင္ အမ်ားျပည္သူကို ဦးတည္ၿပီးတိုက္ခိုက္တာထက္ အုပ္ခ်ဳပ္ေရးနဲ႔ လုံၿခဳံေရး တာဝန္ယူထားတဲ့အဖြဲ႕အစည္းကို ဦးတည္ပစ္မွတ္ထား တိုက္ခိုက္တာကိုေတြ႕ရပါတယ္။

ဒီေဒသမွာ တိုက္ပြဲေတြျဖစ္လို႔ ဒီလိုအေျခအေနျဖစ္လို႔ ႏိုင္ငံေရးပါတီအခ်ိဳ႕နဲ႔ ႏိုင္ငံေရးကြၽမ္းက်င္သူဆိုတဲ့ လူအခ်ိဳ႕ ယခင္က စစ္အုပ္ခ်ဳပ္ေရးေတာင္းတာ သေဘာတရားအားျဖင့္ မွန္သေယာင္ထင္ရေပမယ့္  တစ္ကယ္စဥ္းစားၾကည့္ရင္ ဒီလိုအေျခအေနမ်ိဳးကို ရွမ္းေျမာက္၊ ကခ်င္နဲ႔ ကရင္သာမက ျမန္မာႏိုင္ငံက တခ်ိဳ႕ေနရာေဒသေတြမွာလည္း ရံဖန္ရံခါျဖစ္တာကို ၾကားဖူးမွာျဖစ္ပါတယ္။ယခု ရခိုင္ေျမာက္ပိုင္း အထူးသျဖင့္ ခ်င္းေတာင္ပိုင္း ပလက္၀ေဒသကို အေျချပဳၿပီး ရခိုင္လက္နက္ကိုင္ (AA) နဲ႔ တပ္မေတာ္တို႔ၾကားျဖစ္တဲ့ တိုက္ပြဲေတြေၾကာင့္ ေဒသခံေတြ ထြက္ေျပးၾက၊ အလုပ္မလုပ္ႏိုင္ဘဲ စစ္ေဘးေရွာင္ဒုကၡသည္စခန္းမွာ သြားေရာက္ခိုလႈံၾကရတာက ခန႔္မွန္းစာရင္းေတြအရ ႏွစ္သိန္းခန႔္ရွိသလို ကခ်င္ဘက္မွာ ရွမ္းေျမာက္ဘက္မွာလည္း တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္အေရအတြက္က သိန္းနဲ႔ခ်ီကာ စစ္ေဘးေရွာင္စခန္းမွာေနရတာ ေလးငါးဆယ္ႏွစ္မက ရွိေနပါၿပီ။ဒီအေျခအေနမ်ိဳးက ရခိုင္မွာတင္မကပါဘူး။အဲဒီကခ်င္နဲ႔ ရွမ္းေျမာက္ေဒသေတြ၊ ကရင္ဘက္ေတြမွာလည္း ျဖစ္ေနတာပါ။    

ဒီကာလလို က်န္းမာေရးကပ္ေဘးျဖစ္တဲ့ကာလမွာ တပ္ဘက္က ရခိုင္ေျမာက္ပိုင္းနဲ႔ပတ္သက္ၿပီး မွတ္ခ်က္ထြက္လာတဲ့အတြက္ အားလုံးကစိတ္ဝင္စားခဲ့ပါတယ္။

တစ္ကယ္ဘဲ ရခိုင္ေျမာက္ပိုင္းအေျခအေနက စစ္အုပ္ခ်ဳပ္ေရးနဲ႔ အုပ္ခ်ဳပ္မွျဖစ္ေတာ့မယ့္ အေျခအေနလား။ဒီရက္ထဲမွာ ထြက္လာတဲ့သတင္းေတြအရဆိုရင္လည္း တိုက္ပြဲျဖစ္တဲ့ေနရာေတြမွာ ရပ္ထဲ႐ြာထဲ AA ဘက္ကေရာ တပ္ဘက္ကပါ ဝင္စစ္ၿပီး သူ႔ဘက္ကိုယ့္ဘက္လူေတြ ေဖာ္ထုတ္ေနၾကတာရွိတဲ့အတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးေတြကို တပ္ဘက္က ဖမ္းဆီးစစ္ေဆးတာေတြရွိသလို AA ဘက္က တပ္ဘက္ကို သတင္းေပးလို႔ထင္တာနဲ႔ ဖမ္းဆီးသတ္ျဖတ္တာေတြ ရွိေနခဲ့ပါတယ္။ဒီအတြက္ မၾကာခင္က အုပ္ခ်ဳပ္ေရးမႉးရာထူးကေန အစုလိုက္အၿပဳံလိုက္ ႏုတ္ထြက္တာေတြရွိပါတယ္။ယခုလထဲ ေျမပုံၿမိဳ႕ေျမာက္ပိုင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကို ဖမ္းေခၚထားသလို ေျမပုံၿမိဳ႕ ႐ြာသစ္ေက ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးႏွင့္ အငူအုပ္စု အုပ္ခ်ဳပ္ေရးမႉးတို႔ကို အၾကမ္းဖက္မႈတိုက္ဖ်က္ေရး ဥပေဒပုဒ္မမ်ားျဖင့္ တရားစြဲဆိုထားတာေတြရွိလို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ၅၈ ဦးက ဇြန္ ၅ ရက္က တစ္ၿပိဳင္နက္ႏုတ္ထြက္စာတင္ထားတဲ့ကိစၥလည္း ရွိပါေသးတယ္။ဒီမတိုင္ခင္ကလည္း ဒီလိုျဖစ္ရပ္ တစ္ခါမကျဖစ္ခဲ့ဘူးတာရွိပါတယ္။

ဒီလိုအေျခအေနမွာ ရခိုင္ေျမာက္ပိုင္းအေျခအေနနဲ႔ပတ္သက္ၿပီး ဇြန္ ၁၅ ရက္က က်င္းပတဲ့ အစိုးရ၏ ေလးႏွစ္တာ သတင္းစာရွင္းလင္းပြဲမွာ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊ ေထြ/အုပ္ၫႊန္ခ်ဳပ္က ဒါက စိုးရိမ္မႈႀကီးၿပီး ေျပာတာျဖစ္ၿပီး အဲဒီေလာက္ထိစိုးရိမ္စရာမရွိဘူးလို႔ ေျပာခဲ့တာကိုေတြ႕ရပါတယ္။ေျပာတဲ့အထဲမွာ “ဒီအုပ္ခ်ဳပ္ေရးမႉးေတြအတြက္ ကြၽန္ေတာ္တို႔က ဒီ သူတို႔လုံၿခဳံမႈကို ေဆာင္႐ြက္ေပးႏိုင္ဖို႔ဆိုတာကေတာ့ အမွန္အတိုင္းေျပာရရင္ ဒီေလာက္ဥပေဒမဲ့ေဆာင္႐ြက္ေနၾကတဲ့ ေဒသေတြမဟုတ္ပါဘူး။တခ်ိဳ႕ကိစၥေတြကေတာ့ စိုးရိမ္ပူပန္မႈႀကီးေနတာလည္း ပါပါတယ္” လို႔ ေျပာခဲ့သလို “အုပ္ခ်ဳပ္ေရးယႏၲရားႀကီး ပ်က္ျပားေအာင္ေတာ့ ဒီေလာက္လည္း စိုးရိမ္ပူပန္စရာမရွိပါဘ္” လို႔ ရွင္းရွင္းလင္းလင္းေျပာခဲ့ပါတယ္။

မၾကာခင္ ေ႐ြးေကာက္ပြဲကာလကို ေရာက္ေတာ့မွာပါ။အစိုးရက ရခိုင္ေျမာက္ပိုင္းအပါအဝင္ တိုင္းရင္းသားလက္နက္ကိုင္ေဒသေတြမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ဖို႔ ႀကိဳးစားေနသလို ေဒသခံတိုင္းရင္းသားပါတီေတြကလည္း  မျဖစ္မေနက်င္းပေစခ်င္တဲ့ စိတ္ဆႏၵရွိတာကို ထုတ္ေျပာခဲ့တာလည္းရွိပါတယ္။ေ႐ြးေကာက္ပြဲက်င္းပဖို႔ဆိုတာ ေဒသတည္ၿငိမ္ေအးခ်မ္းဖို႔ လိုပါတယ္။ဒီအတြက္ အစိုးရအေနနဲ႔ တိုင္းရင္းသားလက္နက္ကိုင္ ေျမာက္ပိုင္း ၄ ဖြဲ႕နဲ႔ ေဆြးေႏြးဖို႔ ေမလကုန္ပိုင္းကတည္းက ကမ္းလွမ္းထားတာရွိသလို အေရးႀကီးတဲ့ ၂၁ ရာစု ပင္လုံညီလာခံကို ဇူလိုင္လထဲက်င္းပႏိုင္ဖို႔ လုံးပမ္းေနတာလည္းရွိပါတယ္။ဒါေပမယ့္  တိုက္ပြဲေတြ ရခိုင္ေျမာက္ပိုင္းမွာ ျပင္းထန္သလို စစ္ေဘးေရွာင္ေတြမ်ားလာတာ၊ စစ္ေဘာင္က်ယ္လာတာေတြေၾကာင့္ သုံးသပ္သူေတြက ရခိုင္မွာ ေ႐ြးေကာက္ပြဲ လုပ္ျဖစ္၊ မျဖစ္နဲ႔ ေျမာက္ပိုင္း ၄ ဖြဲ႕ လႈပ္ရွားရာ တိုင္းရင္းသားေဒသေတြမွာ ေ႐ြးေကာက္ပြဲ လုပ္ျဖစ္၊ မျဖစ္ဆိုတာ မေသခ်ာဘဲ ေစာင့္ၾကည့္ရဦးမယ့္အေျခအေနမွာဘဲ ရွိေနေသးတယ္ဆိုပါတယ္။ဒီအတြက္ ေဒသေအးခ်မ္းဖို႔ ႏိုင္ငံေရးစားပြဲဝိုင္းကေန စြမ္းေဆာင္ႏိုင္မလား၊ တိုက္ပြဲေတြကေန စြမ္းေဆာင္ႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ျပင္းထန္လာတဲ့ ေ႐ြးေကာက္ပြဲအႀကိဳ ျပင္ဆင္မႈ

ယခုႏွစ္ကုန္ပိုင္းမွာ က်င္းပဖြယ္ရွိတဲ့ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲက ယခုရက္ပိုင္းေတြ႕ရတဲ့ ျပင္ဆင္မႈသတင္းေတြအရဆိုရင္ အေတာ္ေလးကို ျပင္းထန္မယ့္အေနအထားရွိေနပါတယ္။ဒီရက္ထဲမွာ အာဏာရပါတီဘက္က ၿမိဳ႕နယ္အဆင့္ ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈေတြ လုပ္ေနတာကိုေတြ႕ရသလို အတိုက္အခံဘက္ကလည္း ယခင္သမၼတေဟာင္း ဦးသိန္းစိန္ကပါ ပါဝင္မဲဆြယ္ေပးမယ္ဆိုတဲ့အသံေတြ ထြက္လာခဲ့ပါတယ္။

ပါတီဘက္က ျပင္ဆင္မႈေတြကို ယခုအပတ္ထဲ ထြက္လာတဲ့သတင္းေတြအရ ၾကည့္မယ္ဆိုရင္ အာဏာရပါတီဘက္က ယခင္လိုမဟုတ္ဘဲ ျပည္သူေတြ၊ ေအာက္ေျခပါတီဝင္ေတြက တင္လာတဲ့သူေတြကို ဦးစားေပးေ႐ြးခ်ယ္မႈေတြလုပ္မွာ ျမင္ရသလို ပါတီရဲ႕ လႊတ္ေတာ္တြင္းတိုက္ပြဲေတြမွာ ဦးေဆာင္ခဲ့တဲ့ ဦးေအာင္ၾကည္ၫြန္႔လို၊ ဦးျမတ္ဉာဏစိုးလို၊ ျပည္နယ္ႏွင့္ တိုင္းမွာ တာဝန္ယူေနဆဲ ဝန္ႀကီးခ်ဳပ္အခ်ိဳ႕ကိုလည္း ျပန္လည္ေနရာခ်ထားဖို႔အတြက္ ေ႐ြးခ်ယ္ခဲ့တာကိုေတြ႕ရပါတယ္။တရားဝင္ထုတ္ျပန္မႈေတြမရွိတဲ့ သတင္းေတြအရ ရန္ကုန္မွာ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း လွည္းကူးကေန ျပန္ၿပီးေ႐ြးေကာက္ပြဲ ဝင္၊ မဝင္ မေသခ်ာေပမယ့္  ေနျပည္ေတာ္ ဒု-ၿမိဳ႕ေတာ္ဝန္ကေန ရန္ကုန္စီးပြားေရးဝန္ႀကီးအျဖစ္ တာဝန္ယူတဲ့ ဦးရဲမင္းဦးလို လူလတ္ပိုင္း ထက္ျမက္တဲ့သူတစ္ဦးက ဒဂုံကေန ေ႐ြးေကာက္ပြဲဝင္ဖို႔ စီစဥ္လာတာကိုေတြ႕ရပါတယ္။
ဒဂုံမဲဆႏၵနယ္က ယခုႏွစ္မွာ အေရးပါတဲ့နယ္ေျမပါ။

ဘာေၾကာင့္ဆို အမ်ိဳးသားဒီမိုကေရစီအဖြဲခ်ဳပ္ကေန ခြဲထြက္တဲ့ အမ်ိဳးသမီးတစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦးက ဒီၿမိဳ႕နယ္ကေန ပါဝင္ယွဥ္ၿပိဳင္မွာျဖစ္တဲ့အတြက္ ဒီၿမိဳ႕နယ္ အႏိုင္အရႈံးက အာဏာရပါတီရဲ႕ ဂုဏ္သိကၡာအတြက္ အေရးပါလာမယ့္သေဘာရွိေနလို အမ်ားျပည္သူအၾကား စိတ္ဝင္စားမႈမ်ားတဲ့ မဲဆႏၵနယ္လည္း ျဖစ္လာႏိုင္ပါ တယ္။ဇြန္ ၁၄ ရက္က မီဒီယာတစ္ခုနဲ႔ျပဳလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ အာဏာရပါတီရဲ႕ ဗဟိုျပန္ၾကားေရးေကာ္မတီ အတြင္းေရးမႉးျဖစ္တဲ့  မုံ႐ြာ (ဦး) ေအာင္ရွင္ က “အစိုးရပိုင္း တာဝန္ယူထားတဲ့ ေခါင္းေဆာင္ပိုင္းေတြ၊ တိုင္းေဒသႀကီး၊ ျပည္နယ္အလိုက္ တာဝန္ယူထားတဲ့ ဝန္ႀကီးခ်ဳပ္ေတြကေတာ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ျပန္ပါလာႏိုင္ဖို႔ေတာ့ မ်ားပါတယ္” လို႔ ေျပာခဲ့တာရွိပါတယ္။

အာဏာရပါတီဘက္ကေန ပါဝင္ယွဥ္ၿပိဳင္ဖို႔ ေအာက္ေျခကေနဝင္ၿပိဳင္ရမွာ အရပ္သားအစိုးရလက္ထက္ လူသိမ်ားခဲ့တဲ့ တက္ႂကြလႈပ္ရွားသူေတြ။စစ္ဘက္ ရဲဘက္က ထင္ရွားသူေတြလည္း ပါဝင္အေ႐ြးခံခဲ့ၾကတာကိုလည္း ေတြ႕ရပါတယ္။အင္းဒင္ေက်း႐ြာ လူသတ္မႈႏွင့္ပတ္သက္ၿပီး ႐ိုက္တာသတင္းေထာက္ႏွစ္ဦးနဲ႔ ေတြ႕ဆုံခဲ့လို႔ ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒနဲ႔ ေထာင္ဒဏ္က်ခဲ့တဲ့ ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္၊ အေျခခံဥပေဒျပင္ဆင္ေရး လက္မွတ္ထိုးရာကေန အေရးယူခံခဲ့ရတဲ့ ဗိုလ္မႉးေဟာင္း ေက်ာ္စြာဝင္းတို႔ပါ ပါလာခဲ့တာေတြရွိသလို ေအာက္ေျခက လူငယ္အေတာ္မ်ားမ်ား ပါဝင္လာခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

ၿမိဳ႕နယ္ေ႐ြးခ်ယ္ပြဲေတြမွာ ေအာက္ေျခက တင္တဲ့သူေတြကိုသာ ယူတဲ့မူအရ ကေမာက္ကမရလဒ္အခ်ိဳ႕ ထြက္လာတာကိုလည္း ေတြ႕ရပါတယ္။အေျခခံဥပေဒျပင္ဆင္ေရးကို ဦးေဆာင္တဲ့ ဦးေအာင္ၾကည္ၫြန္႔လို ပါတီထိပ္တန္းတာဝန္ရွိသူေတာင္ သက္ဆိုင္ရာၿမိဳ႕နယ္မွာ ဒုတိယဦးစားေပးေနရာသာရခဲ့သလို ဒုရဲမႉးေဟာင္း မိုးရန္ႏိုင္လည္း ေအာက္ေျခမွာဘဲက်န္ခဲ့တာကို ေတြ႕ရပါတယ္။ဒီလိုေ႐ြးခ်ယ္ရာမွာ လက္ရွိ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဦးစားေပးေ႐ြးခ်ယ္မႈထဲ မပါခဲ့တာကိုလည္း ေတြ႕ရသလို ရန္ကုန္ဝန္ႀကီးခ်ဳပ္လည္း ေ႐ြးေကာက္ပြဲမဝင္ေတာ့ဘူးဆိုတဲ့ သတင္းေတြထြက္လာတာလည္းရွိပါတယ္။လက္ရွိသမၼတ ဦးဝင္းျမင့္ က တာေမြကေနဝင္ဖို႔ ေသခ်ာသေလာက္ရွိကာ ႏိုင္ငံေတာ္အတိုင္ပင္ခံကလည္း ယခင္ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ ေကာ့မႉးကေန ဝင္၊ မဝင္ မေသခ်ာေသးတဲ့အသံေတြ ထြက္ခဲ့ပါတယ္။ယခုထိ ေသေသခ်ာခ်ာ ဘယ္သူေတြ ဘယ္မဲဆႏၵနယ္ကေန ဝင္ၿပိဳင္က်မယ္ဆိုတာ မသိရေသးေပမယ့္ လက္ရွိအာဏာရပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲဝင္မယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ဗဟိုအလုပ္မႈေဆာင္အဖြဲ႕က အၿပီးစိစစ္ေ႐ြးခ်ယ္ႏိုင္ဖို႔ ဇူလိုင္လကုန္မွာ ေမွ်ာ္မွန္းထားတယ္လည္း ဆိုပါတယ္။

အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီဘက္က ျပင္ဆင္မႈေတြအျဖစ္ ယခင္ကတည္းက ပါတီထိပ္တန္း တာဝန္ရွိသူေတြ နယ္လွည့္ကာ ပါတီဝင္ေတြနဲ႔ေတြ႕ဆုံတာေတြ၊ မီဒီယာေတြနဲ႔ေတြ႕ဆုံတာေတြလုပ္ၿပီး အမ်ားျပည္သူနဲ႔ ထိေတြ႕မႈမျပတ္ေအာင္လုပ္ခဲ့တာကိုလည္း ေတြ႕ရပါတယ္။အထူးသျဖင့္ ပါတီထိပ္ပိုင္းက တာဝန္ယူထားသူေတြ လက္ရွိအစိုးရလုပ္ေဆာင္ခ်က္ေတြကို ေျပာတာဆိုတာ ေဝဖန္တာေတြက လူမႈကြန္ရက္မွာ အေတာ္ေလးကို ေဝဖန္မႈေတြ အျပန္အလွန္ေခ်ပေျပာဆိုမႈေတြနဲ႔ လူထုစိတ္ဝင္စားေအာင္ လုပ္ႏိုင္ခဲ့တာကိုေတြ႕ရပါတယ္။

ဒါ့အျပင္ ပါတီေျပာေရးဆိုခြင့္ရွိသူက မီဒီယာတစ္ခုနဲ႔ အဆိုပါ ဇြန္ ၁၄ ရက္ေတြ႕ဆုံမႈမွာ ပါတီေအာင္ႏိုင္ေရးအတြက္ သမၼတေဟာင္း ဦးသိန္းစိန္ က ၀ိုင္းကူေပးမယ္ဆိုတာကို ေျပာခဲ့တာေတြ႕ရတဲ့အတြက္ ပါတီေတြယွဥ္ၿပိဳင္မႈက အေတာ္ေလးျပင္းထန္လာမယ့္ သေဘာရွိေနပါတယ္။ယခုႏွစ္ကုန္ပိုင္းမွာ က်င္းပဖြယ္ရွိတဲ့ ေ႐ြးေကာက္ပြဲကို သူရဦးေ႐ႊမန္း ဦးေဆာင္တဲ့ ပါတီျဖစ္တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကလည္း ေ႐ြးေကာက္ပြဲအတြက္ က်ပ္ဘီလ်ံနဲ႔ခ်ီၿပီး ေငြေၾကးသုံးစြဲမယ္ဆိုတဲ့အတြက္လည္း ယခုေ႐ြးေကာက္ပြဲက လူပုဂၢိဳလ္ေပါင္းစုံ၊ ပါတီေပါင္းစုံအတြက္ ျပင္းထန္တဲ့ မဲလုရမယ့္ႏွစ္ ျဖစ္လာဖြယ္ရွိေနပါတယ္။

အာဏာရပါတီအေနနဲ႔ မၿပီးဆုံးေသးတဲ့ ဒီမိုကေရစီလမ္းေၾကာင္းအတြက္ ပါတီသစ္ေတြ၊ ကိုယ္ပါတီကေနထြက္ၿပီး တစ္စင္ေထာင္ကာ ၿပိဳင္ဘက္ပါတီနဲ႔ မဟာမိတ္ဖြဲတဲ့သူေတြ၊ ေငြေၾကးအင္အားနဲ႔ အျခားအင္အားစုေတြရဲ႕ အေထာက္အကူရထားတဲ့ ပါတီေတြနဲ႔ ျပန္လည္ေ႐ြးေကာက္ခံရဖို႔ ျပင္းျပင္းထန္ထန္ယွဥ္ၿပိဳင္ရမွာပါ။ဒီအတြက္ ယခင္ ၂၀၁၅ ခုႏွစ္ကလို ပါတီကိုၾကည့္ၿပီး မဲေပးခိုင္းရင္ မျဖစ္ေတာ့တဲ့အေျခအေနကို သတိထားမိၿပီး ရပ္႐ြာကလက္ခံတဲ့ ေအာက္ေျခပါတီဝင္ေတြ တင္တဲ့သူကို ေ႐ြးေကာက္ပြဲဝင္ခိုင္းမယ့္ ဗ်ဴဟာကိုေျပာင္းသုံးလာတာကိုၾကည့္ရင္ လာမည့္ေ႐ြးေကာက္ပြဲအတြက္ အေတာ္ေလးသတိထားေနတာကို ေတြ႕ရမွာျဖစ္ပါတယ္။

ဒီရက္ထဲမွာဘဲ ေ႐ြးေကာက္ပြဲေကာ္မရွင္ထံ ျပည္ခိုင္ၿဖိဳးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ (၃၀) က ဇြန္ ၁၆ ရက္က ေ႐ြးေကာက္ပြဲအတြက္ အခ်ိန္မီႀကိဳတင္ျပင္ဆင္ဖို႔အတြက္ ေတြ႕ဆုံခြင့္ေတာင္းထားတာကိုလည္း ေတြ႕ရပါတယ္။ေ႐ြးေကာက္ပြဲနီးလာရင္ ျမန္မာျပည္ရဲ႕ထုံးစံအတိုင္း တစ္ပါတီနဲ႔ တစ္ပါတီ အၿပိဳင္အဆိုင္အပုတ္ခ်တာေတြ ေတြ႕ရသလို ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ကလို ပါတီႀကီးတစ္ခုအတြင္း သန္းေခါင္ယံ အာဏာသိမ္းပြဲေတြလို အျဖစ္မ်ိဳးေတြလည္းရွိခဲ့တဲ့အတြက္ ေရွ႕လာမယ့္ရက္ေတြက စိတ္ဝင္စားစရာပါ။ယခုရက္ေတြထဲဘဲ ယခင္ျပန္ၾကားေရးဝန္ႀကီးေဟာင္းနဲ႔ ယခင္သမၼတေျပာေရးဆိုခြင့္ရွိသူက ျပည္ခိုင္ၿဖိဳးပါတီေအာင္ႏိုင္ေရးအတြက္ ေထာက္ျပခဲ့တာေတြေၾကာင့္ ပြဲဆူေနတာလည္းရွိေနတဲ့အတြက္ ေရွ႕ေလွ်ာက္ ဘယ္ပါတီေတြလည္း အတြင္းသိအစင္းသိေတြက ေထာက္ျပတဲ့ေဝဖန္မႈေတြကို ၾကားရဦးမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ထပ္ရႈံးနိမ့္တဲ့ စြပ္စြဲခ်က္

ယခုရက္သတၱပတ္ထဲ ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတဲ့ သတင္းက ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္က အေရးေပၚအစည္းအေဝးေခၚယူခဲ့တဲ့ သတင္းပါဘဲ။ဒီအေရးေပၚအစည္းအေဝးကို ဘာေၾကာင့္ေခၚယူတယ္ဆိုတာ အေစာပိုင္းကမသိရေပမယ့္ေနာက္ပိုင္းမွာ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ကို စြပ္စြဲျပစ္တင္တဲ့ အဆိုအတြက္ ေခၚယူေဆြးေႏြးဖို႔ကိစၥက အဓိကျဖစ္တယ္ဆိုတာ ထြက္လာတဲ့ အစည္းအေဝးအစီအစဥ္ေတြအရ သိလာရပါတယ္။

ဒီအဆိုက ၿပီးခဲ့တဲ့ ဇြန္ ၅ ရက္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝးၿပီးခါနီးမွာ တင္ခဲ့တာပါ။ဒီအဆိုအတြက္ ကိုကိုးကြၽန္းၿမိဳ႕နယ္၊ မဲဆႏၵနယ္ အမွတ္ (၁) တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ယခင္အစိုးရအဖြဲ႕မွ လုံ/နယ္ဝန္ႀကီးေဟာင္း ဦးတင္ဝင္း က တင္ခဲ့တာျဖစ္ၿပီး သတ္မွတ္ခ်က္ျပည့္ဖို႔အတြက္ တပ္မေတာ္၊ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ ျပည္သူေရွ႕ေဆာင္ပါတီ (PPP) က ကိုယ္စားလွယ္ ၃၂ ဦးတို႔ လက္မွတ္ထိုးေပးခဲ့ပါတယ္။

ရန္ကုန္ဝန္ႀကီးခ်ဳပ္ကို စြပ္စြဲတဲ့ စြပ္စြဲခ်က္ေတြမွာ အခ်က္ ၇ ခ်က္ပါဝင္ၿပီး အမ်ားေျပာေနတဲ့ ဗိုလ္တေထာင္ဘုရား ျပဳျပင္ေရးဆိုကာ လူစုလူေဝးျဖစ္ေစခဲ့မႈ၊ စီမံခန႔္ခြဲမႈ လိုအပ္ခ်က္ေတြ၊ ဘက္ဂ်က္ကိစၥေတြ၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္း၊ ေက်ာင္းကားကိစၥေတြ ပါဝင္ခဲ့ပါတယ္။
အဆိုပါစြပ္စြဲခ်က္အတြက္ ရန္ကုန္တိုင္းလႊတ္ေတာ္က ဦးလင္းႏိုင္ျမင့္ ေခါင္းေဆာင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးနဲ႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းေဆာင္႐ြက္ခဲ့ၿပီး စုံစမ္းစစ္ေဆးေရးအဖြဲ႕ရဲ႕ အစီရင္ခံစာမွာ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအေနနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၂၆၃၊ ပုဒ္မခြဲ (က) ပါ စြပ္စြဲျပစ္တင္ႏိုင္တဲ့ အေၾကာင္းတစ္ရပ္ရပ္နဲ႔ ၿငိစြန္းျခင္းမရွိဘူးလို႔ တင္ျပခဲ့ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၂၆၃ အရဆိုရင္ ဝန္ႀကီးခ်ဳပ္တစ္ဦးကို စြပ္စြဲျပစ္တင္လိုရင္ အနည္းဆုံး လႊတ္ေတာ္ကိုယ္စားလွယ္ ၄ ပုံ ၁ ပုံက လက္မွတ္ေရးထိုးကာ လႊတ္ေတာ္ဥကၠ႒ထံ တင္ျပရမည္ျဖစ္ၿပီး ယင္းတင္ျပခ်က္အေပၚ လႊတ္ေတာ္ဥကၠ႒က စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ဖြဲ႕စည္းကာ စုံစမ္းစစ္ေဆးမည့္ကာလကို သတ္မွတ္ေပးရမည့္အျပင္ စြပ္စြဲခံရသည့္ ဝန္ႀကီးခ်ဳပ္ (သို႔) ကိုယ္စားလွယ္အား ေခ်ပခြင့္ေပးရမည္ျဖစ္ပါတယ္။စုံစမ္းစစ္ေဆးေရးအဖြဲ႕၏ ေတြ႕ရွိခ်က္ကို ရရွိတဲ့အခါ လႊတ္ေတာ္ဥကၠ႒ဟာ သက္ဆိုင္ရာလႊတ္ေတာ္မွာတင္ျပၿပီး မဲခြဲရမည္ျဖစ္ကာ အနည္းဆုံးကိုယ္စားလွယ္ ၃ ပုံ ၂ ပုံက စြပ္စြဲျပစ္တင္မႈကိုေထာက္ခံမွ ႏိုင္ငံေတာ္သမၼတထံ တင္ျပၿပီး ရာထူးကေနရပ္စဲႏိုင္မွာလို႔ ျပ႒ာန္းထားတာကို ေတြ႕ရပါတယ္။

ဒီအတြက္ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအေပၚ စြပ္စြဲျပစ္တင္မႈကို မဲခြဲခဲ့ရာမွာ ကန္႔ကြက္ဆႏၵမဲေပါင္း ၇၇ မဲ ရွိခဲ့ၿပီး ေထာက္ခံဆႏၵ မဲေပါင္း ၂၅ မဲသာရရွိခဲ့လို႔ ကိုယ္စားလွယ္စုစုေပါင္းဦးေရရဲ႕ သုံးပုံႏွစ္ပုံမျပည့္လို႔  စြပ္စြဲျပစ္တင္မႈ မမွန္ကန္ေၾကာင္း လႊတ္ေတာ္ကဆုံးျဖတ္ခဲ့ကာ တပ္မေတာ္၊ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ ျပည့္သူေရွ႕ ေဆာင္ပါတီတို႔ရဲ႕ စြပ္စြဲအျပစ္တင္မႈက အျပတ္အသတ္ရႈံးနိမ့္ခဲ့ပါတယ္။ထူးျခားခ်က္က စြပ္စြဲျပစ္တင္ရန္ အဆိုတင္စဥ္က ကိုယ္စားလွယ္ ၃၂ ဦးလက္မွတ္နဲ႔ ေရးထိုးတင္ခဲ့ပမယ့္ မဲခြဲတဲ့အခါမွာ ၂၅ မဲသာ ေထာက္ခံမႈရခဲ့တဲ့အတြက္ စြပ္စြဲစဥ္တင္တဲ့ ၇ မဲက ကိုယ္တင္တဲ့အဆိုကို ကိုယ္ျပန္ၿပီးကန႔္ကြက္မဲေပးခဲ့တာကို ထူးထူးျခားျခားေတြ႕ခဲ့ရတာျဖစ္ပါတယ္။ဒီအဆိုရႈံးနိမ့္တဲ့အတြက္ ဒါဟာ ယခုလပိုင္းအတြင္း တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳးပါတီေတြဘက္က စြပ္စြဲျပစ္တင္ၿပီး တာဝန္ကရပ္ဆိုင္းဖို႔ႀကိဳးစားတဲ့ အဆိုႏွစ္ခုစလုံး ျပည္သူ႔လႊတ္ေတာ္နဲ႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္မွာ အျပတ္အသတ္နဲ႔ရႈံးနိမ့္ခဲ့တာေတြဘဲ ျဖစ္ပါတယ္။

ဒီလိုရႈံးနိမ့္တဲ့အတြက္ တကယ္အက်ိဳးအျမတ္ထြက္တာ အာဏာရပါတီဘက္ကဘဲ ျဖစ္ပါတယ္။ဒီစြပ္စြဲမႈမတိုင္ခင္ ကိစၥအေတာ္မ်ားမ်ားေၾကာင့္ လူထုထဲ ေထာက္ခံမႈက်ေနတဲ့ ရန္ကုန္ဝန္ႀကီးခ်ဳပ္အတြက္ တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳးတို႔ ျပည္သူေရွ႕ေဆာင္ပါတီတို႔ စြပ္စြဲျပစ္တင္ဖို႔လုပ္တဲ့ အဆိုက ရန္ကုန္ဝန္ႀကီးခ်ဳပ္ကို လူထုေထာက္ခံမႈျပန္တက္ေအာင္ လုပ္ေပးသလိုလဲ ျဖစ္ခဲ့ပါတယ္။တစ္ကယ္ဆိုရင္ အာဏာရပါတီက အဓိကေနရာယူထားတဲ့ လႊတ္ေတာ္မွာ ရႈံးမယ္မွန္းသိရဲ႕နဲ႔ ဘာေၾကာင့္အဆိုတင္လဲဆိုတာကို ျပည္သူေတြအေနနဲ႔ ေဝခြဲမရသလို။ဒါကလဲ ကာယကံရွင္ေတြမွ ဘယ္လိုရည္႐ြယ္ခ်က္နဲ႔ တင္သလဲဆိုတာ သိရမွာျဖစ္တဲ့အတြက္ ေရွ႕ေလွ်ာက္ ဘယ္လိုမေအာင္ျမင္တဲ့ စြပ္စြဲမႈအဆိုေတြရွိလာဦးမလဲဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။     

ဒီလို စိတ္ဝင္စားစရာ သတင္းေတြအျပင္ ၿပီးခဲ့တဲ့ရက္သတၱပတ္က လူတိုင္းစိတ္ဝင္စားခဲ့ၾကတဲ့ ပုဂံက ေရွးေဟာင္းဘုရားေတြ ဌာပနာအေဖာက္ခံရတဲ့သတင္းရဲ႕ ေနာက္ဆက္တြဲသတင္းေတြျဖစ္တဲ့ ယင္းဘုရားအေဖာက္ခံရမႈအတြက္ စုံစမ္းစစ္ေဆးအေရးယူဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သာ/ယဥ္ဝန္ႀကီးက သူ႔ရဲ႕လူမႈကြန္ရက္မွာ ေရးသားေဖာ္ျပခဲ့တဲ့သတင္း၊ ဒီအေဖာက္ခံရတဲ့ ဘုရား ၃၃ ဆူကို စစ္ေဆးခဲ့ရာမွာ ၁၂ ဆူသာ အမွန္တကယ္ ဌာပနာေဖာက္ခံရျခင္းျဖစ္ၿပီး က်န္ ၂၁ ဆူမွာ မူလကတည္းက ဌာပနာထည့္သြင္းခဲ့ျခင္းမရွိဘူးလို႔ ေရွး/သုက ထုတ္ျပန္ခဲ့တဲ့သတင္း၊ ေနာင္ခ်ိဳ ဂုတ္တြင္းလမ္းမွာ ခရီးသည္တင္ အိတ္စပရက္ကားတစ္စီး ဘရိတ္ေပါက္ၿပီး ေခ်ာက္ထဲထိုးက်လို႔  ခရီးသည္သုံးဦးေသဆုံးၿပီး ၁၃ ဦးဒဏ္ရာရခဲ့တဲ့သတင္း၊ ေရျဖဴၿမိဳ႕နယ္ ျပည္ေထာင္စုလမ္းမေပၚရွိ ၂၁ မိုင္အနီး မီးရထားသံလမ္းမွာ အသက္တစ္ႏွစ္ဝန္းက်င္ရွိ ကေလးငယ္ပါ မိသားစု ၃ ဦးရွိတဲ့ သံလမ္းအဖြင့္အပိတ္လုပ္တဲ့မိသားစု အသတ္ခံရတဲ့သတင္း၊ ကိုဗစ္-၁၉ ကာလ ထိုင္းမွာသြားေရာက္ အလုပ္လုပ္ကိုင္မယ့္သူေတြ ေဒၚလာတစ္သိန္းတန္ က်န္းမာေရးအာမခံတင္ျပဖို႔ ထိုင္းအစိုးရက သတ္မွတ္လိုက္တဲ့သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ ျပည္တြင္းသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မာလင္း
ဇြန္ - ၁၉