【 နိုင်ငံတကာဆောင်းပါး 】အရာရာမထိန်းချုပ်နိုင်တော့တဲ့ ယနေ့ အမေရိကန်

 【 နိုင်ငံတကာဆောင်းပါး 】အရာရာမထိန်းချုပ်နိုင်တော့တဲ့ ယနေ့ အမေရိကန်

နိုင်ငံတကာအသိုင်းအဝန်းတွင် အီရန်ကို အထီကျန်ထားရန် အားထုတ်မှုအနေဖြင့် အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံ၏ အစ္စလမ်မစ်တော်လှန်ရေး အစောင့်တပ်- IRCG ကို ပြည်ပအကြမ်းဖက်အဖွဲ့အစည်းအဖြစ်တရားဝင် သတ်မှတ်ခဲ့သည်။ IRCG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်မည်ဟူသည့် အမေရိကန် သမ္မတ ထရမ့်၏ ဧပြီ ၈ ရက်ကြေညာချက်ကြောင့် ထိုတညတည်းမှာပင် အီရန်နိုင်ငံ၏ အချုပ်အခြာအမျိုးသားလုံခြံရေး ကောင်စီကလည်း အနောက်အာဖရိကရှိ အမေရိကန်အလယ်ပိုင်း စစ်ဌာနချုပ်နှင့် လက်အောက်ခံ တပ်ဖွဲများကို အကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ပြီး အလျှင်အမြန်တုံ့ပြန်ခဲ့သည်မှာ အံ့သြဖွယ် မဟုတ်ပေ။ အမေရိကန်နှင့် အီရန်အကြားပြင်းထန်
သော အပြန်အလှန်စွပ်စွဲချက်များကြောင့် အရှေ့အလယ်ပိုင်းတခုလုံးကို ဖရိုဖရဲဖြစ်စေမည့် တိုက်ရိုက်ပဋိပက္ခ ဖြစ်နိုင်ခြေပိုမိုများပြားလာကြောင်း အချို့ကို ယုံကြည်စေခဲ့သည်။

သို့သော် နှစ်ဘက်အကြားတင်းမာမှုမြင့်မားနေပြီး အမေရိကန်- အီရန်ဆက်ဆံရေးသည် စံချိန်တင်အနိမ့်ဆုံးသို့ ယိုယွင်းနေသော်လည်း ပဋိပက္ခ ဖြစ်ပွားနိုင်ခြေမရှိပေ။ အမေရိကန်ပြည်ထောင်စုသည် အချုပ်အခြာအာဏာပိုင်နိုင်ငံတခုမှ တပ်မတော်၏ တပ်ဖွဲ့တခုကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ခြင်းဖြင့် ဆင်ခြင်တုံတရားမဲ့စွာ ပြုမူနေသည် ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ကြသည်။ အိမ်ဖြူတော်၏ ထိုလုပ်ရပ်ကြောင့် အမေရိကန်ပြည်ထောင်စုတွင်လည်း အငြင်းပွားမှုဖြစ်စေခဲ့သည်။

ထို့ကြောင့် ထိုလုပ်ရပ်ဖြင့် ထရမ့်အစိုးရသည် မည်သည်ကိုအောင်မြင်အောင်လုပ်ရန်မျှော်လင့်သနည်းဟု မေးစရာဖြစ်လာ သည်။
ပထမအချက်အနေဖြင့် အမေရိကန်ပြည်ထောင်စုသည် ၎င်း၏ အီရန်နိုင်ငံဆိုင်ရာမူဝါဒကို ၎င်း၏ အနောက်တိုင်းမဟာမိတ်များက ထောက်ခံရန်ဖိအားပေးရန်နှင့် အီရန်နှင့်ပုံမှန်ဆက်ဆံရေးထားရှိသောနိုင်ငံများကို ဆန့်ကျင်ပြုမူရန်မျှော်လင့်နေသည်။ အီရန်နှင့် စီးပွားရေးဆက်လက်လုပ်ကိုင်သော ကုမ္ပဏီများအပေါ် အရေးယူမှုများချမှတ်ရန် အမေရိကန်ပြည်ထောင်စုသည် ထိုသို့သောပိရိရာယ်များကို အကြိမ်ကြိမ် သုံးခဲ့သည်။

IRGC သည် အဆင့်မြင့်တပ်ဖွဲ့ဖြစ်သည့်အပြင် အီရန်နိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးနယ်ပယ်များတွင်လည်း သြဇာလွန်စွာ ကြီးမားသည်။ ဥရောပသမဂ္ဂဝင်နိုင်ငံများမှ ကုမ္ပဏီ အများအပြားတို့သည် IRGC ကထိန်းချုပ်သော သို့မဟုတ် ၎င်း၏ လက်အောက်ခံလုပ်ငန်းဖြစ်သော အီရန်ကုမ္ပဏီများနှင့် အနည်းနှင့်အများဆိုသလို နီးကပ်သောဆက်ဆံရေးရှိကြသည်။

IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်လိုက်ခြင်းအားဖြင့် အမေရိကန်သည် အီရန်နှင့် စီးပွားရေးလုပ်သောကုမ္ပဏီများနှင့် ဝါရှင်တန်၏ အီရန်မူဝါဒကို လိုက်နာရန် ၎င်း၏ ဥရောပမဟာမိတ်များ ဖိအားပေးရန် ပိုမိုအသုံးချနိုင်မည်ဟု အမေရိကန် ယုံကြည်နေသည်။ ထို့အပြင် အမေရိကန်အစိုးရသည် ၎င်း၏ ရည်ရွယ်ချက်ကို ရှင်ရှင်းလင်းလင်းတင်ပြခြင်းကိုလည်း မရှောင်ရှားခဲ့ပါ။ သို့သော် အမေရိကန်၏ အမိန့်ကိုလည်း မည်သည့်နိုင်ငံကမျှ မလိုက်နာသေးပါ။ အထူးသဖြင့် အီရန်ညူကလီးယား သဘောတူညီချက်မှ အမေရိကန်က တဖက်သတ် နုတ်ထွက်လိုက်ချိန်မှစတင်ပြီး မည်သည့်နိုင်ငံမျှမလိုက်နာသေးပါ။ ထို့ကြောင့် အမေရိကန်၏ ရည်မှန်းချက်အောင်မြင်ရေးအတွက် အတော်အတန် ခက်ခဲနေပုံရသည်။

ဒုတိယအချက်မှာ အမေရိကန်ပြည်ထောင်စုသည် ဂျေရုဆလင်ကို အစ္စရေး၏ မြို့တော်အဖြစ်၊ ဂိုလန်ကုန်းမြင့်ကို အစ္စရေးပိုင်နက်အဖြစ် အသိအမှတ်ပြုခြင်းကြောင့် ဖြစ်ပေါ်လာသော အာရပ်မဟာမိတ်များ၏ ၎င်းအပေါ် မုန်းတီးမှုကို လျှော့ချရန်အတွက် စွန်နီအများစု အာရပ်နိုင်ငံများနှင့် အီရန်အကြား ပဋိပက္ခကို ပိုမိုဆိုးရွားစေရန် ရည်ရွယ်သည်။ အရှေ့အလယ်ပိုင်းမှ ၎င်း၏အကျိုးစီးပွားအတွက် ဝါရှင်တန်သည် နိုင်ငံရေးကစားပွဲသစ်ကို စတင်လိုက်ပြီး လက်ရှိအချိန်ထိ အောင်မြင်မှုမရသလောက်ဖြစ်နေသေးသော အာရပ် ပုံစံမြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ကို ဒေသတွင်းတွင် ထူထောင်ရန်အားပေးနေသည်။

တတိယအချက်မှာ အမေရိကန်အစိုးရသည် မကြာသေးမီကမှ ပဉ္စမသက်တမ်းအတွက် အနိုင်ရသော အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟု ကို ကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်။ အရှေ့အလယ်ပိုင်းမှ အမေရိကန်၏ လှုပ်ရှားမှုများသည် နေတန်ယာဟု ရွေးကောက်ပွဲ အနိုင်ရရေးကို ကူညီရန်ရည်ရွယ်သည်ဟု အများအပြားကယုံကြည်ကြသည်။

ထရမ့်နှင့်နေတန်ယာဟုအကြားရင်းနှီးသော ဆက်ဆံရေးအပြင် အမေရိကန်အစိုးရသည် စတင်အကောင်အထည်ဖေါ်နေသည်မှာ ၂ နှစ်ကြာပြီဖြစ်သည့် စ္စရေးနှင့် ပါလက်စတိုင်းနှင့်ပတ်သက်သေည ရာစုနှစ်၏ သဘောတူညီချက် အတွက်ကြောင့်လည်း အစ္စရေးအစိုးရအား ထိုမျှရက်ရောသော လက်ဆောင်ကိုပေးခဲ့သည်။ ထိုသဘောတူညီချက်၏ အသေးစိတ်များကို တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသော်လည်း အချက် ၂ ချက်ကို ရှင်းလင်းစွာ သိနိုင်သည်။ ထိုသဘောတူညီချက်သည် တယ်လ်အဗစ်၏ လိုအပ်ချက်များ အထူးသဖြင့် လုံခြုံရေးဆိုင်ရာများကို ဖြည့်ဆည်းပေးမည်ဖြစ်ပြီး အစ္စရေးက အမေရိကန်တောင်းဆိုမှုအချို့ကို အလျှော့ပေးမည်ဖြစ်သည်။

ထိုပြဿနာနှင့်ပတ်သက်ပြီး အမေရိကန်နှင့် အစ္စရေးသည် ဆွေးနွေးပွဲအကြိမ်ကြိမ်ကျင်းပပြီးဖြစ်သောကြောင့် နေတန်ယာဟု ဆက်လင်အရွေး ချယ်ခံ ရရေးသည် ထိုသဘောတူညီချက်ကိုအားပေးရန် ကြိုတင်လိုအပ်ချက်ဖြစ်လာသည်။ ထိုသဘောအရကြည့်ပါက အမေရိကန်ပြည်ထောင်စု သည် နေတန်ယာဟုကိုကူညီရန်သာမက သဘောတူညီချက်တွင် လိုအပ်သော လိုက်လျှောမှုများကို အစ္စရေးဖြည့်ဆည်းရေးအတွက် အခြေအနေကိုပါဖန်တီးခဲ့သည်ဟု မြင်နိုင်သည်။ထို့ကြောင့် IRGC ကို အကြမ်းဖက်အဖွဲ့ အဖြစ် စာရင်း သွင်းမည် ဟု ထရမ့်ကကြေညာပြီးနောက် နေတန်ယာဟုကတွစ်တာတွင်အောက်ပါအတိုင်းရေးသည်။ “ ကျနော့်ရဲ့ အရေးကြီးတဲ့တောင်းဆိုမှုတွေထဲက နောက်တခုကိုဖြည့်ဆည်းပေး လို့ကျေးဇူးတင်ပါတယ် ချစ်သူငယ်ချင်း သမ္မတ ထရမ့်” သို့သော် ရာစုနှစ်၏ သဘောတူညီချက် ရရှိရန် အမေရိကန်သည် ၎င်း၏အကူအညီ များဖြင့် အပေးအယူလုပ်နိုင်၊ မလုပ်နိုင် မေးစရာရှိသည်။မည်သို့ဆိုစေ အရှေ့အလယ်ပိုင်းအပါအဝင် နိုင်ငံတကာရေးရာများတွင် အမေရိကန် တနိုင်ငံတည်းက ထိန်းချုပ်ထားနိုင်သော ခေတ်ကုန်ဆုံးသွားပြီဖြစ်သည်။

(   Zawgyi  )

 ႏိုင္ငံတကာအသိုင္းအဝန္းတြင္ အီရန္ကို အထီက်န္ထားရန္ အားထုတ္မႈအေနျဖင့္ အေမရိကန္ႏိုင္ငံသည္ အီရန္ႏိုင္ငံ၏ အစၥလမ္မစ္ေတာ္လွန္ေရး အေစာင့္တပ္- IRCG ကို ျပည္ပအၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္တရားဝင္ သတ္မွတ္ခဲ့သည္။ IRCG ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္သတ္မွတ္မည္ဟူသည့္ အေမရိကန္ သမၼတ ထရမ့္၏ ဧၿပီ ၈ ရက္ေၾကညာခ်က္ေၾကာင့္ ထိုတညတည္းမွာပင္ အီရန္ႏိုင္ငံ၏ အခ်ဳပ္အျခာအမ်ိဳးသားလုံၿခံေရး ေကာင္စီကလည္း အေနာက္အာဖရိကရွိ အေမရိကန္အလယ္ပိုင္း စစ္ဌာနခ်ဳပ္ႏွင့္ လက္ေအာက္ခံ တပ္ဖြဲမ်ားကို အၾကမ္းဖက္အဖြဲ႕အျဖစ္သတ္မွတ္ၿပီး အလွ်င္အျမန္တုံ႔ျပန္ခဲ့သည္မွာ အံ့ၾသဖြယ္ မဟုတ္ေပ။ အေမရိကန္ႏွင့္ အီရန္အၾကားျပင္းထန္
ေသာ အျပန္အလွန္စြပ္စြဲခ်က္မ်ားေၾကာင့္ အေရွ႕အလယ္ပိုင္းတခုလုံးကို ဖ႐ိုဖရဲျဖစ္ေစမည့္ တိုက္႐ိုက္ပဋိပကၡ ျဖစ္ႏိုင္ေျခပိုမိုမ်ားျပားလာေၾကာင္း အခ်ိဳ႕ကို ယုံၾကည္ေစခဲ့သည္။

သို႔ေသာ္ ႏွစ္ဘက္အၾကားတင္းမာမႈျမင့္မားေနၿပီး အေမရိကန္- အီရန္ဆက္ဆံေရးသည္ စံခ်ိန္တင္အနိမ့္ဆုံးသို႔ ယိုယြင္းေနေသာ္လည္း ပဋိပကၡ ျဖစ္ပြားႏိုင္ေျခမရွိေပ။ အေမရိကန္ျပည္ေထာင္စုသည္ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတခုမွ တပ္မေတာ္၏ တပ္ဖြဲ႕တခုကို အၾကမ္းဖက္ အဖြဲ႕အစည္းအျဖစ္ သတ္မွတ္ျခင္းျဖင့္ ဆင္ျခင္တုံတရားမဲ့စြာ ျပဳမူေနသည္ က်ယ္က်ယ္ျပန႔္ျပန႔္ယုံၾကည္ၾကသည္။ အိမ္ျဖဴေတာ္၏ ထိုလုပ္ရပ္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုတြင္လည္း အျငင္းပြားမႈျဖစ္ေစခဲ့သည္။

ထို႔ေၾကာင့္ ထိုလုပ္ရပ္ျဖင့္ ထရမ့္အစိုးရသည္ မည္သည္ကိုေအာင္ျမင္ေအာင္လုပ္ရန္ေမွ်ာ္လင့္သနည္းဟု ေမးစရာျဖစ္လာ သည္။
ပထမအခ်က္အေနျဖင့္ အေမရိကန္ျပည္ေထာင္စုသည္ ၎၏ အီရန္ႏိုင္ငံဆိုင္ရာမူဝါဒကို ၎၏ အေနာက္တိုင္းမဟာမိတ္မ်ားက ေထာက္ခံရန္ဖိအားေပးရန္ႏွင့္ အီရန္ႏွင့္ပုံမွန္ဆက္ဆံေရးထားရွိေသာႏိုင္ငံမ်ားကို ဆန႔္က်င္ျပဳမူရန္ေမွ်ာ္လင့္ေနသည္။ အီရန္ႏွင့္ စီးပြားေရးဆက္လက္လုပ္ကိုင္ေသာ ကုမၸဏီမ်ားအေပၚ အေရးယူမႈမ်ားခ်မွတ္ရန္ အေမရိကန္ျပည္ေထာင္စုသည္ ထိုသို႔ေသာပိရိရာယ္မ်ားကို အႀကိမ္ႀကိမ္ သုံးခဲ့သည္။

IRGC သည္ အဆင့္ျမင့္တပ္ဖြဲ႕ျဖစ္သည့္အျပင္ အီရန္ႏိုင္ငံ၏ ႏိုင္ငံေရးႏွင့္ စီးပြားေရးနယ္ပယ္မ်ားတြင္လည္း ၾသဇာလြန္စြာ ႀကီးမားသည္။ ဥေရာပသမဂၢဝင္ႏိုင္ငံမ်ားမွ ကုမၸဏီ အမ်ားအျပားတို႔သည္ IRGC ကထိန္းခ်ဳပ္ေသာ သို႔မဟုတ္ ၎၏ လက္ေအာက္ခံလုပ္ငန္းျဖစ္ေသာ အီရန္ကုမၸဏီမ်ားႏွင့္ အနည္းႏွင့္အမ်ားဆိုသလို နီးကပ္ေသာဆက္ဆံေရးရွိၾကသည္။

IRGC ကို အၾကမ္းဖက္အဖြဲ႕အစည္းအျဖစ္သတ္မွတ္လိုက္ျခင္းအားျဖင့္ အေမရိကန္သည္ အီရန္ႏွင့္ စီးပြားေရးလုပ္ေသာကုမၸဏီမ်ားႏွင့္ ဝါရွင္တန္၏ အီရန္မူဝါဒကို လိုက္နာရန္ ၎၏ ဥေရာပမဟာမိတ္မ်ား ဖိအားေပးရန္ ပိုမိုအသုံးခ်ႏိုင္မည္ဟု အေမရိကန္ ယုံၾကည္ေနသည္။ ထို႔အျပင္ အေမရိကန္အစိုးရသည္ ၎၏ ရည္႐ြယ္ခ်က္ကို ရွင္ရွင္းလင္းလင္းတင္ျပျခင္းကိုလည္း မေရွာင္ရွားခဲ့ပါ။ သို႔ေသာ္ အေမရိကန္၏ အမိန႔္ကိုလည္း မည္သည့္ႏိုင္ငံကမွ် မလိုက္နာေသးပါ။ အထူးသျဖင့္ အီရန္ညဴကလီးယား သေဘာတူညီခ်က္မွ အေမရိကန္က တဖက္သတ္ ႏုတ္ထြက္လိုက္ခ်ိန္မွစတင္ၿပီး မည္သည့္ႏိုင္ငံမွ်မလိုက္နာေသးပါ။ ထို႔ေၾကာင့္ အေမရိကန္၏ ရည္မွန္းခ်က္ေအာင္ျမင္ေရးအတြက္ အေတာ္အတန္ ခက္ခဲေနပုံရသည္။

ဒုတိယအခ်က္မွာ အေမရိကန္ျပည္ေထာင္စုသည္ ေဂ်႐ုဆလင္ကို အစၥေရး၏ ၿမိဳ႕ေတာ္အျဖစ္၊ ဂိုလန္ကုန္းျမင့္ကို အစၥေရးပိုင္နက္အျဖစ္ အသိအမွတ္ျပဳျခင္းေၾကာင့္ ျဖစ္ေပၚလာေသာ အာရပ္မဟာမိတ္မ်ား၏ ၎အေပၚ မုန္းတီးမႈကို ေလွ်ာ့ခ်ရန္အတြက္ စြန္နီအမ်ားစု အာရပ္ႏိုင္ငံမ်ားႏွင့္ အီရန္အၾကား ပဋိပကၡကို ပိုမိုဆိုး႐ြားေစရန္ ရည္႐ြယ္သည္။ အေရွ႕အလယ္ပိုင္းမွ ၎၏အက်ိဳးစီးပြားအတြက္ ဝါရွင္တန္သည္ ႏိုင္ငံေရးကစားပြဲသစ္ကို စတင္လိုက္ၿပီး လက္ရွိအခ်ိန္ထိ ေအာင္ျမင္မႈမရသေလာက္ျဖစ္ေနေသးေသာ အာရပ္ ပုံစံေျမာက္အတၱလန္တိတ္ စာခ်ဳပ္အဖြဲ႕ကို ေဒသတြင္းတြင္ ထူေထာင္ရန္အားေပးေနသည္။

တတိယအခ်က္မွာ အေမရိကန္အစိုးရသည္ မၾကာေသးမီကမွ ပၪၥမသက္တမ္းအတြက္ အႏိုင္ရေသာ အစၥေရးဝန္ႀကီးခ်ဳပ္ ဘန္ဂ်မင္ ေနတန္ယာဟု ကို ကူညီရန္ ရည္႐ြယ္ျခင္းျဖစ္သည္။ အေရွ႕အလယ္ပိုင္းမွ အေမရိကန္၏ လႈပ္ရွားမႈမ်ားသည္ ေနတန္ယာဟု ေ႐ြးေကာက္ပြဲ အႏိုင္ရေရးကို ကူညီရန္ရည္႐ြယ္သည္ဟု အမ်ားအျပားကယုံၾကည္ၾကသည္။

ထရမ့္ႏွင့္ေနတန္ယာဟုအၾကားရင္းႏွီးေသာ ဆက္ဆံေရးအျပင္ အေမရိကန္အစိုးရသည္ စတင္အေကာင္အထည္ေဖၚေနသည္မွာ ၂ ႏွစ္ၾကာၿပီျဖစ္သည့္ စၥေရးႏွင့္ ပါလက္စတိုင္းႏွင့္ပတ္သက္ေသည ရာစုႏွစ္၏ သေဘာတူညီခ်က္ အတြက္ေၾကာင့္လည္း အစၥေရးအစိုးရအား ထိုမွ်ရက္ေရာေသာ လက္ေဆာင္ကိုေပးခဲ့သည္။ ထိုသေဘာတူညီခ်က္၏ အေသးစိတ္မ်ားကို တရားဝင္ထုတ္ျပန္ျခင္း မရွိေသးေသာ္လည္း အခ်က္ ၂ ခ်က္ကို ရွင္းလင္းစြာ သိႏိုင္သည္။ ထိုသေဘာတူညီခ်က္သည္ တယ္လ္အဗစ္၏ လိုအပ္ခ်က္မ်ား အထူးသျဖင့္ လုံၿခဳံေရးဆိုင္ရာမ်ားကို ျဖည့္ဆည္းေပးမည္ျဖစ္ၿပီး အစၥေရးက အေမရိကန္ေတာင္းဆိုမႈအခ်ိဳ႕ကို အေလွ်ာ့ေပးမည္ျဖစ္သည္။

ထိုျပႆနာႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္ အစၥေရးသည္ ေဆြးေႏြးပြဲအႀကိမ္ႀကိမ္က်င္းပၿပီးျဖစ္ေသာေၾကာင့္ ေနတန္ယာဟု ဆက္လင္အေ႐ြး ခ်ယ္ခံ ရေရးသည္ ထိုသေဘာတူညီခ်က္ကိုအားေပးရန္ ႀကိဳတင္လိုအပ္ခ်က္ျဖစ္လာသည္။ ထိုသေဘာအရၾကည့္ပါက အေမရိကန္ျပည္ေထာင္စု သည္ ေနတန္ယာဟုကိုကူညီရန္သာမက သေဘာတူညီခ်က္တြင္ လိုအပ္ေသာ လိုက္ေလွ်ာမႈမ်ားကို အစၥေရးျဖည့္ဆည္းေရးအတြက္ အေျခအေနကိုပါဖန္တီးခဲ့သည္ဟု ျမင္ႏိုင္သည္။ထို႔ေၾကာင့္ IRGC ကို အၾကမ္းဖက္အဖြဲ႕ အျဖစ္ စာရင္း သြင္းမည္ ဟု ထရမ့္ကေၾကညာၿပီးေနာက္ ေနတန္ယာဟုကတြစ္တာတြင္ေအာက္ပါအတိုင္းေရးသည္။ “ က်ေနာ့္ရဲ႕ အေရးႀကီးတဲ့ေတာင္းဆိုမႈေတြထဲက ေနာက္တခုကိုျဖည့္ဆည္းေပး လို႔ေက်းဇူးတင္ပါတယ္ ခ်စ္သူငယ္ခ်င္း သမၼတ ထရမ့္” သို႔ေသာ္ ရာစုႏွစ္၏ သေဘာတူညီခ်က္ ရရွိရန္ အေမရိကန္သည္ ၎၏အကူအညီ မ်ားျဖင့္ အေပးအယူလုပ္ႏိုင္၊ မလုပ္ႏိုင္ ေမးစရာရွိသည္။မည္သို႔ဆိုေစ အေရွ႕အလယ္ပိုင္းအပါအဝင္ ႏိုင္ငံတကာေရးရာမ်ားတြင္ အေမရိကန္ တႏိုင္ငံတည္းက ထိန္းခ်ဳပ္ထားႏိုင္ေသာ ေခတ္ကုန္ဆုံးသြားၿပီျဖစ္သည္။