【 နိုင်ငံတကာဆောင်းပါး 】 “လယ်ယာစွန်းအန္တရာယ်က အမေရိကအတွက် ထရမ့်လိုအန္တရာယ် နောက်တစ်ခု”

【 နိုင်ငံတကာဆောင်းပါး 】 “လယ်ယာစွန်းအန္တရာယ်က အမေရိကအတွက် ထရမ့်လိုအန္တရာယ် နောက်တစ်ခု”

မီရှီဂန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက်ချန် ဝှစ်တမာ ကို ပြန်ပေးဆွဲရန်အားထုတ်မှုတစ်ခုတွင် လက်ယာစွန်းဝါဒီများကို ယခုအပတ်အတွင်း ဖမ်းဆီးလိုက်ရပြီး ထိုဖြစ်ရပ်သည် အမေရိကန်ပြည်ထောင်စုတွင် ကျရောက်တော့မည့် လက်ယာဝါဒီ အကြမ်းဖက်မှု၏ နိဒါန်းဖြစ်သည့် လွန်စွာစိတ်ထိခိုက်ဖွယ် ဇာတ်လမ်းတစ်ခုဖြစ်နေသည်။

ပြည်တွင်းအကြမ်းဖက်မှုဟု ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရိုက သတ်မှတ်သည့် ထိုအမှုတွင် စုစုပေါင်း လူ ၁၃ ဦးကို စွဲချက်တင်ခဲ့သည်။စက်တင်ဘာလ ၂၉ ရက်နေ့က ကျင်းပသည့် ပထမအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲတွင် ထရမ့် က လက်ယာစွန်းဝါဒီများကို သွေးထိုးခဲ့ပြီးနောက် ယခုအကြမ်းဖက်ရန်ကြံစည်မှု ပေါ်ပေါက်လာခြင်းဖြစ်ပြီး ထိုနောက်ပိုင်း တရားဥပဒေစိုးမိုးရေးအဖွဲ့များက ဖေါ်ထုတ်လိုက်သည့် တစ်ခုတည်းသောအမှုလည်း မဟုတ်ပေ။

"ယခုဖမ်းဆီးထားသူများသည် တရားဥပဒေစိုးမိုးရေးအရာရှိများ၏ လိပ်စာများများကို ဖေါ်ထုတ်ပစ်မှတ်ထားတိုက်ခိုက်ရန်၊ ပြည်တွင်းစစ်ဖြစ်ပွားစေရေးအတွက် လှုံ့ဆော်ရန်၊ မီရှီဂန်ပြည်နယ်လွှတ်တော်ကို တိုက်ခိုက်ရန် စစ်ဆင်ရေးကို စီစဉ်လေ့ကျင့်ရန်နှင့် ပြည်နယ်အုပ်ချုပ်ရေးမှူးအပါအဝင် အစိုးရအရာရှိများကို ပြန်ပေးဆွဲရန် ကြိုးစားခဲ့သည်ဟု သံသယရှိသည်" ဟု မီရှီဂန်ပြည်နယ် ရှေ့နေချုပ် ဒါနာနက်ဆယ် က သတင်းစာရှင်းလင်းပွဲတစ်ခုတွင်ပြောသည်။

ထိုကိစ္စကို တုံ့ပြန်သည့်အနေဖြင့် သမ္မတ ထရမ့် က အနည်းငယ်သာဝန်ခံပြီး ဝှစ်တမာ ကို ဦးစွာတိုက်ခိုက်ပြီးနောက် ဖက်ဆစ်ဆန့်ကျင်သူများနှင့် လူမျိုးရေးဝါဒဆန့်ကျင်သည့် ဆန္ဒပြသမားများသည် ပြည်တွင်းအကြမ်းဖက်သမားများပြောသည်။

ထိုသို့ပြောဆိုလိုက်ခြင်းသည် ပထမအကြိမ် သမ္မတလောင်း စကားစစ်ထိုးပွဲအတွင်းက လမ်းမများပေါ်မှ အကြမ်းဖက်မှုအများစုသည် လက်ဝဲဆန္ဒပြသမားများကြောင့်ဖြစ်သည်ဆိုသည့် သူ၏အကဲဖြတ်ချက်နှင့် ကိုက်ညီနေသော်လည်း သူ၏ဖက်ဒရယ်အေဂျင်စီများကမူ ထိုသို့မသတ်မှတ်ကြပေ။ပြည်တွင်းအကြမ်းဖက်လှုပ်ရှားမှုနှင့် နိုင်ငံရေးအကြမ်းဖက်မှုများသည် လူဖြူကြီးစိုးရေးသမားများနှင့် လက်ယာစွန်းသမားများနှင့် အုပ်စုများကြောင့်ဖြစ်သည်။

Wolverine Watchmen လက်ယာစွန်း စစ်သွေးကြွအဖွဲ့ဝင် ၇ ဦးတို့ကို ထိုလျှို့ဝှက်ပူးပေါင်းကြံစည်မှုအတွက် စွဲဆိုထားပြီး ထိုသိုလုပ်ဆောင်ရန် ၎င်းတို့၏အားထုတ်ခြင်းသည် ဖွဲ့စည်းပုံကို ကာကွယ်ရန်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများ၏ အဆိုအရ သိရသည်။

ဖွဲ့စည်းအခြေခံဥပဒေအတွက်ဟုဆိုကာ လုပ်ကိုင်နေသော အခြာလက်ယာစွန်းအုပ်စုများသည်လည် ထိုပြည်နယ်မှ အရာရှိများကို မကြာသေးမီလများက ခြိမ်းခြောက်ခဲ့သည်။ဧပြီလအတွင်းကလည်း လက်နက်ကိုင်ဆန္ဒပြသူများသည် မီရှီဂန်ပြည်နယ်လွှတ်တော်အတွင်း ဝင်ရောက်ခဲ့သောအခါ သတင်းခေါင်းစဉ်များတွင် မကြာခဏပါလာခဲ့သည်။နောက် ၄ လအကြာ စက်တင်ဘာလတွင်မူ လက်နက်ကိုင် ဆန္ဒပြသူ ၁၀၀၀ ခန့်နှင့် ရီပါတ်ဗလစ်ကန် နိုင်ငံရေးသမားအများအပြားတို့သည် ပြည်နယ်လွှတ်တော်ရှေ့တွင် စုဝေးခဲ့ကြပြန်သည်။

ယခုအပါတ်အတွင်းဖြစ်ပွားသည့် နောက်ဆုံးဖြစ်ရပ်မတိုင်မီ တစ်ပါတ်တိတိမတိုင်မီက မဲဆန္ဒရှင်များအား ခြိမ်းခြောက်ခြင်းအတွက် လက်ယာစွန်းဝါဒီနှစ်ဦးကို ပြင်းထန်သောရာဇဝတ်မှုဖြင့် ဖမ်းဆီးခဲ့သည်။ထိုသံသယရှိသူနှစ်ဦးဖြစ်သည့် ဂျက်ဘာ့ခ်မင်နှင့် ဂျက်ကော့ ဝိုးလ်တို့သည် မီရှီဂန်တွင် နေထိုင်သူ ၁၂၀၀၀ နီးပါးသို့ အလိုအလျှောက် ဖုန်းခေါ်ဆိုမှုများပြုလုပ်ခဲ့ပြီး စာတိုက်မှ မဲပေးသည့်စနစ်မှ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို တရားဥပဒေစိုးမိုးရေးဝါဒီများနှင့် မြီရှင်များက အသုံးပြုမည်ဖြစ်ကြောင်း သတိပေးခဲ့ကြသည်။

"ဒီအားထုတ်မှုတွေဟာ နိုဝင်ဘာလရွေးကောက်ပွဲတွေမှာ မဲမပေးအောင်ကြိုးစားဖို့ လူနည်းစုမဲဆန္ဒရှင်တွေကို ပစ်မှတ်ထားလုပ်ဆောင်တာဖြစ်တယ်" ဟု နက်ဆယ် က ထိုစဉ်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

၎င်းတို့သည် နယူးယောက်၊ ပင်ဆယ်ဗေးနီးယား၊ အိုဟိုင်ရိုနှင့် အီလီနွိုက်စ်တို့တွင် နေထိုင်သူများထံသို့လည်း ထိုသို့ဖုန်းဖြင့်ပြောကြားခဲ့ကြောင်း တရားဥပဒေစိုးမိုးရေး အရာရှိများပြောသည်။

ထရမ့်သည် ထိုအုပ်စုများကို အလေးအနက်ရှုတ်ချခြင်းမပြုဘဲ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်မီကာလတွင် လက်ယာဝါဒီအကြမ်းဖက်မှုများ ထိန်းချုပ်မရအောင်ဖြစ်လာမည်ဆိုသည့် ဖက်ဒရယ်အေဂျင်စီများ၏ အစီရင်ခံစာများကိုလည်း အရေးယူဆောင်ရွက်ခြင်းမရှိသလောက်ဖြစ်သည်။သူသည် ထိုအုပ်စုများကို အားပေးမီးထိုးနေပြီး ထိုအုပ်စုများကလည်း ထိုအချက်ကိုသိသောကြောင့် ၎င်းတို့နှင့် သဘောထားကွဲလွဲသူများ၊ အတိုက်အခံနိုင်ငံရေးသမားများနှင့် မဲဆန္ဒရှင်များကိုပင် ခြိမ်းခြောက်နေကြသည်။

လမ်းမများမှ သဘောထားကွဲလွဲသူများ (ဆန္ဒပြသမားများ) မှာ အစွန်းရောက်များ၏ စဉ်ဆက်မပြတ်ခြိမ်းခြောက်မှုကို ခံနေရသည်။ပြည်တွင်းအကြမ်းဖက်သမားများ၏ ပစ်သတ်ခြင်း၊ ကားဖြင့်ကြိတ်ခြင်း၊ ရိုက်နှက်ခြင်းနှင့် ညှင်းပမ်းနှိပ်စက်ခြင်းကို ခံကြရသည်။ဂျိမ်း အဲလက် ဖီးလ် ဂျူနီယာနှင့် ကိုင်းလ် ရစ်တန်ဟောက်တို့သည် ထရမ့် က လှုံ့ဆော်ပေးသည့် ပြည်တွင်းအကြမ်းဖက်သမားများအနက် အနည်းငယ်မျှသာသော ဥပမာများဖြစ်သည်။

မီရှီဂန်သည် ထရမ့်အတွက် အရေးပါသောပြည်နယ်ဖြစ်သည်။သူသည် ထိုပြည်နယ်တွင် ၂၀၁၆ ခုနှစ်က ပွတ်ကာသီကာအနိုင်ရပြီး ယခုအခါ ဘိုင်ဒင် က ဦးဆောင်နေကြောင်း လူထုသဘောထား စစ်တမ်းများက ပြသနေသောကြောင့် အရေးပါသည်မှာ သေချာသည်။ထို့ကြောင့် ထရမ့်သည် ပြည်နယ်အုပ်ချုပ်ရေးမှူး ဝှစ်တမာ ကို အဆက်မပြတ်တိုက်ခိုက်ပြီး ပြည်နယ်အတွင်းမှ သူ့ကို အစွန်းအရောက်ဆုံးထောက်ခံသူများကို အသုံးချနေသည်။သမ္မတ၏ ပြောဆိုမှုများ၏ တိုက်ရိုက်ရလဒ်ကြောင့် အစွန်းရောက်အုပ်စုများက သူမကိုပစ်မှတ်ထားသည်ကို သံသယရှိရန်မလိုပေ။

သမ္မတက ပစ်မှတ်ထားတိုက်ခိုက်နေသည့် အခြားနိုင်ငံရေးသမားများသည် နေ့စဉ်နီးပါး ခြိမ်းခြောက်ခံနေရသည်။ထိုသူများအနက် အနည်းငယ်ကိုသာ ပြောရမည်ဆိုလျှင် ကွန်ဂရက်လွှတ်တော် အမျိုးသမီးအမတ်များဖြစ်သည့် အလက်ဇန္ဒရီးယာ အော်ကာစီယို ကော်တက်ဇ်၊ အီဟန် အိုမာ နှင့် ရာရှီဒါ တလစ်တို့ ပါသည်။

မဲဆန္ဒရှင်များကို ခြိမ်းခြောက်မှုပြဿနာနှင့်ပတ်သက်ပြီး ပြောရမည်ဆိုလျှင် ထရမ့် မဲဆွယ်ပွဲက မြောက်ကာရိုလိုင်းနားနှင့် ပင်ဆယ်ဗေးနီးယားကဲ့သို့သော အရေးပါသည့် ပြည်နယ်များတွင် ရွေးကောက်ပွဲစောင့်ကြည့်သူ ၅၀၀၀၀ ပါသည့် အဖွဲ့ရှိသည်ဟု ဖေါ်ပြသည်။ထိုကိစ္စသည် မဲဆန္ဒရှင်များကို တိုက်ရိုက်ခြိမ်းခြောက်ခြင်းဖြစ်သွားနိုင်ကြောင်း ရွေးကောက်ပွဲကျွမ်းကျင်သူများနှင့် ဒီမိုကရက်များက အကြီးအကျယ်သတိပေးထားပြီးဖြစ်သည်။ ၂၀၁၈ ခုနှစ်က တရားရုံးဆုံးဖြတ်ချက်တစ်ခုဖြစ်သည့် ရွေးကောက်ပွဲလေ့လာသူများသည် မဲရုံများတွင် မဲဆန္ဒရှင် အရည်အချင်းပြည့်မီမှုကို စစ်ဆေးနိုင်သည်ဆိုသည့် ဆုံးဖြတ်ချက်သည် ထိုသို့ခြိမ်းခြောက်ရန် တရားဝင်အခွင့်အရေးဖြစ်နေသည်။

ဝါရင့် ရီပါတ်ဗလစ်ကန် ရွေးကောက်ပွဲရှေ့နေ ဘန်ဂင်စဘတ် က မကြာသေးမီက ဝါရှင်တန်ပို့စ် အတွေးအမြင်ကဏ္ဍတွင် အောက်ပါအတိုင်းရေးသားသည်။"သမ္မတရွေးကောက်ပွဲကို တရားမဝင်အောင် ထရမ့် က ကြိုးစားမည်ဆိုလျှင် သူ၏အထင်ရှားဆုံး နည်းပိရိယာယ်မှာ ရီပါတ်ဗလစ်ကန် အမျိုးသားညီလာခံက ၎င်းတို့၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကို သမားရိုးကျ အခန်းကဏ္ဍကို စွန့်လွှတ်စေပြီး ထိုအစား မဲဆန္ဒရှင်များ မဲပေးချိန်တွင်နှင့် စာတိုက်မှပေးပို့သော မဲများကို စာရင်းသွင်းချိန်တွင် အုပ်စုလိုက် ကန့်ကွက်လွှာတင်သွင်းစေခြင်းဖြစ်သည်" ဟု သူရေးသားသည်။

ထရမ့်နှင့် သူ့ကိုထောက်ခံသူများသည် လူ့အဖွဲ့အစည်းအတွက် ဘက်ပေါင်းစုံမှ ခြိမ်းခြောက်မှုဖြစ်နေသည်။၎င်းတို့သည် ဆန္ဒပြသူများကို သတ်ဖြတ်ကြသည်။နိုင်ငံရေးအတိုက်အခံများကို အကြမ်းဖက်ရန် ကြံစည်ကြပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝင်ရောက်စွက်ဖက်လိုကြသည်။

ထိုအကြမ်းဖက်သမားများသည် သမ္မတထံမှ အသိအမှတ်ပြုခံရသည့် အတိုင်းအတာကိုမူတည်ပြီး အဆိုးဆုံးအခြေအနေကို တွေ့ရဦးမည်ဖြစ်ပြီး ရှေ့လာမည့်လများတွင် ပိုမိုများပြားသည့်  အကြမ်းဖက်ရန်ကြံစည်မှုများကို ဖေါ်ထုတ်လိုက်သည်ကို မိမိတို့တွေ့ရနိုင်သည်။

(အယ်ဒီတာမှတ်ချက် - ဘရက်ဒလေ ဘလန်ကန်ရှစ်သည် ပရာ့ဂ်အခြေစိုက် အမေရိကန် သတင်းစာဆရာ၊ နိုင်ငံရေးသုတေသီနှင့် အလွတ်သတင်းထောက်ဖြစ်သည်။ယခုဆောင်းပါးသည် စာရေးသူ၏ အမြင်သာဖြစ်ပြီး CGTN ၏ အမြင်ဖြစ်သည်ဟု မဆိုနိုင်ပါ။)

Linko
Ref : CGTN

( Zawgyi )

မီရွီဂန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉး ဂရက္ခ်န္ ဝွစ္တမာ ကို ျပန္ေပးဆြဲရန္အားထုတ္မႈတစ္ခုတြင္ လက္ယာစြန္းဝါဒီမ်ားကို ယခုအပတ္အတြင္း ဖမ္းဆီးလိုက္ရၿပီး ထိုျဖစ္ရပ္သည္ အေမရိကန္ျပည္ေထာင္စုတြင္ က်ေရာက္ေတာ့မည့္ လက္ယာဝါဒီ အၾကမ္းဖက္မႈ၏ နိဒါန္းျဖစ္သည့္ လြန္စြာစိတ္ထိခိုက္ဖြယ္ ဇာတ္လမ္းတစ္ခုျဖစ္ေနသည္။

ျပည္တြင္းအၾကမ္းဖက္မႈဟု ဖက္ဒရယ္စုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုက သတ္မွတ္သည့္ ထိုအမႈတြင္ စုစုေပါင္း လူ ၁၃ ဦးကို စြဲခ်က္တင္ခဲ့သည္။စက္တင္ဘာလ ၂၉ ရက္ေန႔က က်င္းပသည့္ ပထမအႀကိမ္ သမၼတေလာင္း စကားစစ္ထိုးပြဲတြင္ ထရမ့္ က လက္ယာစြန္းဝါဒီမ်ားကို ေသြးထိုးခဲ့ၿပီးေနာက္ ယခုအၾကမ္းဖက္ရန္ႀကံစည္မႈ ေပၚေပါက္လာျခင္းျဖစ္ၿပီး ထိုေနာက္ပိုင္း တရားဥပေဒစိုးမိုးေရးအဖြဲ႕မ်ားက ေဖၚထုတ္လိုက္သည့္ တစ္ခုတည္းေသာအမႈလည္း မဟုတ္ေပ။

"ယခုဖမ္းဆီးထားသူမ်ားသည္ တရားဥပေဒစိုးမိုးေရးအရာရွိမ်ား၏ လိပ္စာမ်ားမ်ားကို ေဖၚထုတ္ပစ္မွတ္ထားတိုက္ခိုက္ရန္၊ ျပည္တြင္းစစ္ျဖစ္ပြားေစေရးအတြက္ လႈံ႕ေဆာ္ရန္၊ မီရွီဂန္ျပည္နယ္လႊတ္ေတာ္ကို တိုက္ခိုက္ရန္ စစ္ဆင္ေရးကို စီစဥ္ေလ့က်င့္ရန္ႏွင့္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးအပါအဝင္ အစိုးရအရာရွိမ်ားကို ျပန္ေပးဆြဲရန္ ႀကိဳးစားခဲ့သည္ဟု သံသယရွိသည္" ဟု မီရွီဂန္ျပည္နယ္ ေရွ႕ေနခ်ဳပ္ ဒါနာနက္ဆယ္ က သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ေျပာသည္။

ထိုကိစၥကို တုံ႔ျပန္သည့္အေနျဖင့္ သမၼတ ထရမ့္ က အနည္းငယ္သာဝန္ခံၿပီး ဝွစ္တမာ ကို ဦးစြာတိုက္ခိုက္ၿပီးေနာက္ ဖက္ဆစ္ဆန႔္က်င္သူမ်ားႏွင့္ လူမ်ိဳးေရးဝါဒဆန႔္က်င္သည့္ ဆႏၵျပသမားမ်ားသည္ ျပည္တြင္းအၾကမ္းဖက္သမားမ်ားေျပာသည္။

ထိုသို႔ေျပာဆိုလိုက္ျခင္းသည္ ပထမအႀကိမ္ သမၼတေလာင္း စကားစစ္ထိုးပြဲအတြင္းက လမ္းမမ်ားေပၚမွ အၾကမ္းဖက္မႈအမ်ားစုသည္ လက္ဝဲဆႏၵျပသမားမ်ားေၾကာင့္ျဖစ္သည္ဆိုသည့္ သူ၏အကဲျဖတ္ခ်က္ႏွင့္ ကိုက္ညီေနေသာ္လည္း သူ၏ဖက္ဒရယ္ေအဂ်င္စီမ်ားကမူ ထိုသို႔မသတ္မွတ္ၾကေပ။ျပည္တြင္းအၾကမ္းဖက္လႈပ္ရွားမႈႏွင့္ ႏိုင္ငံေရးအၾကမ္းဖက္မႈမ်ားသည္ လူျဖဴႀကီးစိုးေရးသမားမ်ားႏွင့္ လက္ယာစြန္းသမားမ်ားႏွင့္ အုပ္စုမ်ားေၾကာင့္ျဖစ္သည္။

Wolverine Watchmen လက္ယာစြန္း စစ္ေသြးႂကြအဖြဲ႕ဝင္ ၇ ဦးတို႔ကို ထိုလွ်ိဳ႕ဝွက္ပူးေပါင္းႀကံစည္မႈအတြက္ စြဲဆိုထားၿပီး ထိုသိုလုပ္ေဆာင္ရန္ ၎တို႔၏အားထုတ္ျခင္းသည္ ဖြဲ႕စည္းပုံကို ကာကြယ္ရန္ျဖစ္ေၾကာင္း စုံစမ္းစစ္ေဆးေရးမႉးမ်ား၏ အဆိုအရ သိရသည္။

ဖြဲ႕စည္းအေျခခံဥပေဒအတြက္ဟုဆိုကာ လုပ္ကိုင္ေနေသာ အျခာလက္ယာစြန္းအုပ္စုမ်ားသည္လည္ ထိုျပည္နယ္မွ အရာရွိမ်ားကို မၾကာေသးမီလမ်ားက ၿခိမ္းေျခာက္ခဲ့သည္။ဧၿပီလအတြင္းကလည္း လက္နက္ကိုင္ဆႏၵျပသူမ်ားသည္ မီရွီဂန္ျပည္နယ္လႊတ္ေတာ္အတြင္း ဝင္ေရာက္ခဲ့ေသာအခါ သတင္းေခါင္းစဥ္မ်ားတြင္ မၾကာခဏပါလာခဲ့သည္။ေနာက္ ၄ လအၾကာ စက္တင္ဘာလတြင္မူ လက္နက္ကိုင္ ဆႏၵျပသူ ၁၀၀၀ ခန႔္ႏွင့္ ရီပါတ္ဗလစ္ကန္ ႏိုင္ငံေရးသမားအမ်ားအျပားတို႔သည္ ျပည္နယ္လႊတ္ေတာ္ေရွ႕တြင္ စုေဝးခဲ့ၾကျပန္သည္။

ယခုအပါတ္အတြင္းျဖစ္ပြားသည့္ ေနာက္ဆုံးျဖစ္ရပ္မတိုင္မီ တစ္ပါတ္တိတိမတိုင္မီက မဲဆႏၵရွင္မ်ားအား ၿခိမ္းေျခာက္ျခင္းအတြက္ လက္ယာစြန္းဝါဒီႏွစ္ဦးကို ျပင္းထန္ေသာရာဇဝတ္မႈျဖင့္ ဖမ္းဆီးခဲ့သည္။ထိုသံသယရွိသူႏွစ္ဦးျဖစ္သည့္ ဂ်က္ဘာ့ခ္မင္ႏွင့္ ဂ်က္ေကာ့ ဝိုးလ္တို႔သည္ မီရွီဂန္တြင္ ေနထိုင္သူ ၁၂၀၀၀ နီးပါးသို႔ အလိုအေလွ်ာက္ ဖုန္းေခၚဆိုမႈမ်ားျပဳလုပ္ခဲ့ၿပီး စာတိုက္မွ မဲေပးသည့္စနစ္မွ ၎တို႔၏ ကိုယ္ေရးအခ်က္အလက္မ်ားကို တရားဥပေဒစိုးမိုးေရးဝါဒီမ်ားႏွင့္ ၿမီရွင္မ်ားက အသုံးျပဳမည္ျဖစ္ေၾကာင္း သတိေပးခဲ့ၾကသည္။

"ဒီအားထုတ္မႈေတြဟာ ႏိုဝင္ဘာလေ႐ြးေကာက္ပြဲေတြမွာ မဲမေပးေအာင္ႀကိဳးစားဖို႔ လူနည္းစုမဲဆႏၵရွင္ေတြကို ပစ္မွတ္ထားလုပ္ေဆာင္တာျဖစ္တယ္" ဟု နက္ဆယ္ က ထိုစဥ္က ေၾကညာခ်က္တစ္ေစာင္တြင္ ေျပာၾကားခဲ့သည္။

၎တို႔သည္ နယူးေယာက္၊ ပင္ဆယ္ေဗးနီးယား၊ အိုဟိုင္႐ိုႏွင့္ အီလီႏြိဳက္စ္တို႔တြင္ ေနထိုင္သူမ်ားထံသို႔လည္း ထိုသို႔ဖုန္းျဖင့္ေျပာၾကားခဲ့ေၾကာင္း တရားဥပေဒစိုးမိုးေရး အရာရွိမ်ားေျပာသည္။

ထရမ့္သည္ ထိုအုပ္စုမ်ားကို အေလးအနက္ရႈတ္ခ်ျခင္းမျပဳဘဲ သမၼတသစ္ က်မ္းသစၥာက်ိန္ဆိုပြဲမတိုင္မီကာလတြင္ လက္ယာဝါဒီအၾကမ္းဖက္မႈမ်ား ထိန္းခ်ဳပ္မရေအာင္ျဖစ္လာမည္ဆိုသည့္ ဖက္ဒရယ္ေအဂ်င္စီမ်ား၏ အစီရင္ခံစာမ်ားကိုလည္း အေရးယူေဆာင္႐ြက္ျခင္းမရွိသေလာက္ျဖစ္သည္။သူသည္ ထိုအုပ္စုမ်ားကို အားေပးမီးထိုးေနၿပီး ထိုအုပ္စုမ်ားကလည္း ထိုအခ်က္ကိုသိေသာေၾကာင့္ ၎တို႔ႏွင့္ သေဘာထားကြဲလြဲသူမ်ား၊ အတိုက္အခံႏိုင္ငံေရးသမားမ်ားႏွင့္ မဲဆႏၵရွင္မ်ားကိုပင္ ၿခိမ္းေျခာက္ေနၾကသည္။

လမ္းမမ်ားမွ သေဘာထားကြဲလြဲသူမ်ား (ဆႏၵျပသမားမ်ား) မွာ အစြန္းေရာက္မ်ား၏ စဥ္ဆက္မျပတ္ၿခိမ္းေျခာက္မႈကို ခံေနရသည္။ျပည္တြင္းအၾကမ္းဖက္သမားမ်ား၏ ပစ္သတ္ျခင္း၊ ကားျဖင့္ႀကိတ္ျခင္း၊ ႐ိုက္ႏွက္ျခင္းႏွင့္ ညႇင္းပမ္းႏွိပ္စက္ျခင္းကို ခံၾကရသည္။ဂ်ိမ္း အဲလက္ ဖီးလ္ ဂ်ဴနီယာႏွင့္ ကိုင္းလ္ ရစ္တန္ေဟာက္တို႔သည္ ထရမ့္ က လႈံ႕ေဆာ္ေပးသည့္ ျပည္တြင္းအၾကမ္းဖက္သမားမ်ားအနက္ အနည္းငယ္မွ်သာေသာ ဥပမာမ်ားျဖစ္သည္။

မီရွီဂန္သည္ ထရမ့္အတြက္ အေရးပါေသာျပည္နယ္ျဖစ္သည္။သူသည္ ထိုျပည္နယ္တြင္ ၂၀၁၆ ခုႏွစ္က ပြတ္ကာသီကာအႏိုင္ရၿပီး ယခုအခါ ဘိုင္ဒင္ က ဦးေဆာင္ေနေၾကာင္း လူထုသေဘာထား စစ္တမ္းမ်ားက ျပသေနေသာေၾကာင့္ အေရးပါသည္မွာ ေသခ်ာသည္။ထို႔ေၾကာင့္ ထရမ့္သည္ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ဝွစ္တမာ ကို အဆက္မျပတ္တိုက္ခိုက္ၿပီး ျပည္နယ္အတြင္းမွ သူ႔ကို အစြန္းအေရာက္ဆုံးေထာက္ခံသူမ်ားကို အသုံးခ်ေနသည္။သမၼတ၏ ေျပာဆိုမႈမ်ား၏ တိုက္႐ိုက္ရလဒ္ေၾကာင့္ အစြန္းေရာက္အုပ္စုမ်ားက သူမကိုပစ္မွတ္ထားသည္ကို သံသယရွိရန္မလိုေပ။

သမၼတက ပစ္မွတ္ထားတိုက္ခိုက္ေနသည့္ အျခားႏိုင္ငံေရးသမားမ်ားသည္ ေန႔စဥ္နီးပါး ၿခိမ္းေျခာက္ခံေနရသည္။ထိုသူမ်ားအနက္ အနည္းငယ္ကိုသာ ေျပာရမည္ဆိုလွ်င္ ကြန္ဂရက္လႊတ္ေတာ္ အမ်ိဳးသမီးအမတ္မ်ားျဖစ္သည့္ အလက္ဇႏၵရီးယာ ေအာ္ကာစီယို ေကာ္တက္ဇ္၊ အီဟန္ အိုမာ ႏွင့္ ရာရွီဒါ တလစ္တို႔ ပါသည္။

မဲဆႏၵရွင္မ်ားကို ၿခိမ္းေျခာက္မႈျပႆနာႏွင့္ပတ္သက္ၿပီး ေျပာရမည္ဆိုလွ်င္ ထရမ့္ မဲဆြယ္ပြဲက ေျမာက္ကာ႐ိုလိုင္းနားႏွင့္ ပင္ဆယ္ေဗးနီးယားကဲ့သို႔ေသာ အေရးပါသည့္ ျပည္နယ္မ်ားတြင္ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္သူ ၅၀၀၀၀ ပါသည့္ အဖြဲ႕ရွိသည္ဟု ေဖၚျပသည္။ထိုကိစၥသည္ မဲဆႏၵရွင္မ်ားကို တိုက္႐ိုက္ၿခိမ္းေျခာက္ျခင္းျဖစ္သြားႏိုင္ေၾကာင္း ေ႐ြးေကာက္ပြဲကြၽမ္းက်င္သူမ်ားႏွင့္ ဒီမိုကရက္မ်ားက အႀကီးအက်ယ္သတိေပးထားၿပီးျဖစ္သည္။ ၂၀၁၈ ခုႏွစ္က တရား႐ုံးဆုံးျဖတ္ခ်က္တစ္ခုျဖစ္သည့္ ေ႐ြးေကာက္ပြဲေလ့လာသူမ်ားသည္ မဲ႐ုံမ်ားတြင္ မဲဆႏၵရွင္ အရည္အခ်င္းျပည့္မီမႈကို စစ္ေဆးႏိုင္သည္ဆိုသည့္ ဆုံးျဖတ္ခ်က္သည္ ထိုသို႔ၿခိမ္းေျခာက္ရန္ တရားဝင္အခြင့္အေရးျဖစ္ေနသည္။

ဝါရင့္ ရီပါတ္ဗလစ္ကန္ ေ႐ြးေကာက္ပြဲေရွ႕ေန ဘန္ဂင္စဘတ္ က မၾကာေသးမီက ဝါရွင္တန္ပို႔စ္ အေတြးအျမင္က႑တြင္ ေအာက္ပါအတိုင္းေရးသားသည္။"သမၼတေ႐ြးေကာက္ပြဲကို တရားမဝင္ေအာင္ ထရမ့္ က ႀကိဳးစားမည္ဆိုလွ်င္ သူ၏အထင္ရွားဆုံး နည္းပိရိယာယ္မွာ ရီပါတ္ဗလစ္ကန္ အမ်ိဳးသားညီလာခံက ၎တို႔၏ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူမ်ားကို သမား႐ိုးက် အခန္းက႑ကို စြန႔္လႊတ္ေစၿပီး ထိုအစား မဲဆႏၵရွင္မ်ား မဲေပးခ်ိန္တြင္ႏွင့္ စာတိုက္မွေပးပို႔ေသာ မဲမ်ားကို စာရင္းသြင္းခ်ိန္တြင္ အုပ္စုလိုက္ ကန႔္ကြက္လႊာတင္သြင္းေစျခင္းျဖစ္သည္" ဟု သူေရးသားသည္။

ထရမ့္ႏွင့္ သူ႔ကိုေထာက္ခံသူမ်ားသည္ လူ႔အဖြဲ႕အစည္းအတြက္ ဘက္ေပါင္းစုံမွ ၿခိမ္းေျခာက္မႈျဖစ္ေနသည္။၎တို႔သည္ ဆႏၵျပသူမ်ားကို သတ္ျဖတ္ၾကသည္။ႏိုင္ငံေရးအတိုက္အခံမ်ားကို အၾကမ္းဖက္ရန္ ႀကံစည္ၾကၿပီး ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ကို ဝင္ေရာက္စြက္ဖက္လိုၾကသည္။

ထိုအၾကမ္းဖက္သမားမ်ားသည္ သမၼတထံမွ အသိအမွတ္ျပဳခံရသည့္ အတိုင္းအတာကိုမူတည္ၿပီး အဆိုးဆုံးအေျခအေနကို ေတြ႕ရဦးမည္ျဖစ္ၿပီး ေရွ႕လာမည့္လမ်ားတြင္ ပိုမိုမ်ားျပားသည့္  အၾကမ္းဖက္ရန္ႀကံစည္မႈမ်ားကို ေဖၚထုတ္လိုက္သည္ကို မိမိတို႔ေတြ႕ရႏိုင္သည္။

(အယ္ဒီတာမွတ္ခ်က္ - ဘရက္ဒေလ ဘလန္ကန္ရွစ္သည္ ပရာ့ဂ္အေျခစိုက္ အေမရိကန္ သတင္းစာဆရာ၊ ႏိုင္ငံေရးသုေတသီႏွင့္ အလြတ္သတင္းေထာက္ျဖစ္သည္။ယခုေဆာင္းပါးသည္ စာေရးသူ၏ အျမင္သာျဖစ္ၿပီး CGTN ၏ အျမင္ျဖစ္သည္ဟု မဆိုႏိုင္ပါ။)

Linko
Ref : CGTN