【 နိုင်ငံတကာဆောင်းပါး 】G- 20 အစည်းအဝေးထဲက တရုတ် -အမေရိကန် ထိပ်သီးဆွေးနွေးပွဲ

 【  နိုင်ငံတကာဆောင်းပါး 】G- 20 အစည်းအဝေးထဲက တရုတ် -အမေရိကန် ထိပ်သီးဆွေးနွေးပွဲ

G- 20 ထိပ်သီးအစည်းအဝေးတက်ရောက်နေတဲ့ တရုတ်နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ရှီ ကျင့်ဖိန်ဟာ ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်း ၁၁ နာရီ မိနစ် ၅၀ ခန့်မှာ ဂျပန်နိုင်ငံ အိုဆာကာ မြို့ရှိ နိုင်ငံတကာပြပွဲ စင်တာမှာ  အမေရိကန်နိုင်ငံ သမ္မတ ထရန့်နဲ့ တွေ့ဆုံခဲ့ပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က သမ္မတ ထရန့်နှင့် တွေ့ဆုံခြင်း အပေါ် ဝမ်းမြောက် မိကြောင်း၊ ပြီးခဲ့သည့် နှစ် ၄၀ အတွင်း၊ နိုင်ငံတကာအခြေအနေနှင့် တရုတ်- အမေရိကန် ဆက်ဆံမှု တို့သည်၊ အပြောင်းလဲကြီးပြောင်းလဲလာခဲ့သော်လည်း၊ အစမှအဆုံး မပြောင်လဲခဲ့ဖူးသည့် အဖြစ်မှန် တစ်ခုမှာ တရုတ်၊ အမေရိကန်ပူးပေါင်း ဆောင်ရွက်လျှင်၊ နှစ်ဦးနှစ်ဖက်အကျိုးရရှိမည်၊ တရုတ်၊ အမေရိကန် တိုက်ခိုက်လျှင်၊ နှစ်ဦးနှစ်ဖက်ကို ထိခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဒါအပြင် ရှီကျင့်ဖိန်က တရုတ်-အမေရိကန် ဆက်ဆံမှုသည် ကမ္ဘာပေါ်က အရေးအကြီး ဆုံး နှစ်ဖက် ဆက်ဆံမှုများတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် နှစ်နိုင်ငံ ဆက်ဆံမှုသည် အခက် အခဲအချို့ ကြုံတွေ့နေရကြောင်း၊ ယင်းသည် နှစ်ဖက်တို့၏ အကျိုး စီးပွားနှင့် မကိုက် ညီကြောင်း၊ နှစ်နိုင်ငံ အကြား သဘောကွဲလွဲမှု ရှိသော်လည်း အကျိုး စီးပွား များလွန်စွာရောနှောပေါင်းစပ်ပြီး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်လည်း ကျယ်ပြန့်ကြောင်း၊ နှစ်ဖက်တို့သည် အငြင်းပွား မှုနှင့် ယှဉ်ပြိုင်ခုခံမှုကို မပြုသင့်ဘဲ အပြန်အလှန် တွန်းအား ပေးပြီး အတူ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရန့်က မိမိသည် တရုတ်ပြည် အပေါ် ရန်သူလို သဘောမထားကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံမှု တစ်နေ့တခြား ကောင်းမွန်လာရန် မျှော်လင့်ကြောင်း၊ မိမိသည် ရှီကျင့်ဖိန်နှင့် အကြားရှိ ကောင်းမွန်သော ဆက်ဆံမှုကို တန်ဖိုးထားပြီး တရုတ်ပြည်နှင့် ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်လိုကြောင်း လည်း ပြောကြားခဲ့ပါတယ်။

ထို့နောက် တရုတ် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု၏ အနှစ်သာရမှာ အပြန်အလှန် အကျိုးရှိစေရေးနှင့် နှစ်ဖက်စလုံး အောင်မြင်မှု ရရှိရေးပင် ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် အလွန်ကြီးမားသော ဘုံအကျိုးစီးပွားများ ရှိ၍ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ကောင်း ဖြစ်သင့်ကြောင်း၊ တရုတ်ပြည်သည် အမေရိကန်နှင့် ဆွေးနွေးပွဲ ကျင်းပပြီး သဘော ကွဲလွဲမှုကို စီမံထိန်း ချုပ်ရန် စိတ်ရင်းစေတနာ ရှိကြောင်း၊ သို့သော် ဆွေးနွေးပွဲ သည် တန်းတူညီမျှပြီး အပြန်အလှန် လေးစားရေးရှိကာ နှစ်ဖက်တို့၏ တရားမျှတမှန်ကန်သော အမြုတေ အကျိုးစီးပွားများကို ထောက်ထားသင့်ကြောင်း၊ တရုတ်ပြည်၏ အချုပ်အခြာ အာဏာနှင့် ဂုဏ်သိက္ခာနှင့် ပတ်သက်သော ပြဿာနာနှင့်ပတ်သက်၍ တရုတ်ပြည် အနေနှင့် မိမိ၏ အမြုတေ အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း၊ ကမ္ဘာပေါ်က အကြီးဆုံး စီးပွားရေး အုပ်စု ၂ခု ဖြစ်သည့် အနေဖြင့် တရုတ်နှင့် အမေရိကန် အကြားရှိ သဘောကွဲလွဲမှုကို နောက်ဆုံးကျတော့ ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် လိုကြောင်း၊ နှစ်ဖက်စလုံး လက်ခံနိုင်ကြသော နည်းလမ်းဖြင့် ဖြေရှင်းရန် လိုအပ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရန့်က အမေရိကန်သည် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် နှစ်နိုင်ငံ တို့၏ ကုန်သွယ်ရေး မညီမျှမှု ပြဿနာကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းပြီး နှစ်နိုင်ငံ ကုမ္ပဏီများ အတွက် သမာသမတ်ကျသော အခွင့်အရေးများကို ထောက်ပံ့ပေးရန် မျှော်လင့်ကြောင်း၊ အမေရိကန်သည် တရုတ်ပြည်မှ တင်သွင်းသော ကုန်ပစ္စည်းများ အပေါ် အခွန်သစ်ကို တိုးကောက်တော့မည် မဟုတ်ကြောင်း၊ တရုတ်ပြည်သည် အမေရိကန်မှ ကုန်ပစ္စည်း တင်သွင်းမှုကို တိုးပွားစေရန် မျှော်လင့်ကြောင်း၊ အမေရိကန်သည် တရုတ်ပြည်နှင့် နှစ်ဖက်စလုံး လက်ခံနိုင်ကြသော ကုန်သွယ်ရေး သဘောတူ စာချုပ်ကို ချုပ်ဆိုလိုကြောင်း၊ ယင်းသည် သမိုင်းဝင် အနက်အဓိပ္ပါယ် ရှိကြောင်းလည်း ပြောကြား ခဲ့ပါတယ်။

ထို့ပြင် တရုတ် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အမေရိကန် အနေနှင့် တရုတ် ကုမ္ပဏီများနှင့် တရုတ် ပညာတော်သင်များကို သမာသမတ်ကျစွာဖြင့် သဘောထားပြီး နှစ်နိုင်ငံ ကုမ္ပဏီများ၏ စီးပွားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာ ပုံမှန် ပူးပေါင်း ဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံ ပြည်သူများ အကြား ပုံမှန် ကူးလူးဖလှယ်မှုများကို အာမခံပေးရန် တရုတ်ဘက်က မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ထရန့်က တရုတ်ပြည်တွင် အလွန် ထူးချွန်သော ကျောင်းသူကျောင်းသား များစွာ ရှိကြောင်း၊ မိမိသည် တရုတ် ကျောင်းသူကျောင်းသားများအား အမေရိကန်သို့ လာရောက် ပညာသင်ကြားရန် အစဉ်တစိုက် ကြိုဆိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ထိုင်ဝမ် ပြဿနာနှင့် ပတ်သက်၍ တရုတ် အစိုးရ၏ အခြေခံမူနှင့် သဘောထား ရပ်တည်ချက်ကို ရှီကျင့်ဖိန်က ရှင်းလင်းပြောကြားခဲ့ပြီး အမေရိကန် သမ္မတ ထရန့်က မိမိ အနေနှင့် ထိုင်ဝမ် ပြဿနာနှင့် ပတ်သက်၍ တရုတ်ပြည်၏ အာရုံစိုက်မှုကို အလေးထားကြောင်း၊ အမေရိကန်သည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေး မူဝါဒကို ဆက်လက် ကျင့်သုံးမည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

တရုတ်-အမေရိကန် ထိပ်သီးတွေ့ဆုံ ဆွေးနွေးပွဲ တွင် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အမေရိကန်-မြောက်ကိုးရီးယား ထိပ်သီး ခေါင်းဆောင်များ အကြား ဆွေးနွေးခြင်းနှင့် ဆက်ဆံမှု ထားရှိရန် အားပေးထောက်ခံ ကြောင်း၊ အမေရိကန်နှင့် မြောက်ကိုးရီးယားသည် ပျော့ပျောင်းမှုကို ပြသပြီး ဆွေးနွေးပွဲကို အမြန်ဆုံး ပြန်လည် ကျင်းပကာ ပြဿနာ ဖြေရှင်းရေး နည်းလမ်းကို ရှာကြံ ရရှိရန် တရုတ်ပြည် မျှော်လင့်ကြောင်း၊ တရုတ်ပြည်သည် ယင်းအတွက် အပြုသဘော ဆောင်သော အခန်း ကဏ္ဍမှ ဆက်လက် ပါဝင်ဆောင်ရွက်လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အမေရိကန် သမ္မတ ထရန့်က ကိုးရီးယားကျွန်းဆွယ် ပြဿနာတွင် တရုတ်ပြည်၏ အရေးကြီးသည့် အခန်းကဏ္ဍကို အမေရိကန်က အလေးထားပြီး တရုတ်ပြည်နှင့် ကူးလူးဆက်ဆံမှုနှင့် ညှိနှိုင်းဆောင်ရွက်မှုကို ထားရှိလိုကြောင်း ပြောကြားခဲ့ပါတယ်။ ထိုသို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်မှာ တရုတ်-အမေရိကန်ထိပ်သီးများတွေ့ဆုံဆွေးနွေး ပွဲတွင်၊ တရုတ်နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ရှီကျင့်ဖိန် နှင့် အမေရိကန် သမ္မတ ထရန့်တို့က  တရုတ် - အမေရိကန်တို့အနေနှင့် တန်းတူညီမျှပြီး၊ အပြန် အလှန်လေးစားသည့် အခြေခံပေါ် တွင် စီးပွားကုန်သွယ်ရေးတိုင်ပင်ဆွေးနွေးမှု ပြန်လည်ပြုလုပ်ရန် သဘောတူခဲ့ကြသလို အမေရိကန်အနေနှင့်၊ တရုတ်ထွက်ကုန်များအပေါ် အခွန်သစ်များကို ဆက်မတိုးကောက် မဖို့ သဘောတူခဲ့ကြပါတယ်။

(  Zawgyi  )

 G- 20 ထိပ္သီးအစည္းအေဝးတက္ေရာက္ေနတဲ့ တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ ဥကၠ႒ ရွီ က်င့္ဖိန္ဟာ ဇြန္လ ၂၉ ရက္ေန႔ နံနက္ပိုင္း ၁၁ နာရီ မိနစ္ ၅၀ ခန႔္မွာ ဂ်ပန္ႏိုင္ငံ အိုဆာကာ ၿမိဳ႕ရွိ ႏိုင္ငံတကာျပပြဲ စင္တာမွာ  အေမရိကန္ႏိုင္ငံ သမၼတ ထရန႔္နဲ႔ ေတြ႕ဆုံခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ ဥကၠ႒ ရွီက်င့္ဖိန္က သမၼတ ထရန႔္ႏွင့္ ေတြ႕ဆုံျခင္း အေပၚ ဝမ္းေျမာက္ မိေၾကာင္း၊ ၿပီးခဲ့သည့္ ႏွစ္ ၄၀ အတြင္း၊ ႏိုင္ငံတကာအေျခအေနႏွင့္ တ႐ုတ္- အေမရိကန္ ဆက္ဆံမႈ တို႔သည္၊ အေျပာင္းလဲႀကီးေျပာင္းလဲလာခဲ့ေသာ္လည္း၊ အစမွအဆုံး မေျပာင္လဲခဲ့ဖူးသည့္ အျဖစ္မွန္ တစ္ခုမွာ တ႐ုတ္၊ အေမရိကန္ပူးေပါင္း ေဆာင္႐ြက္လွ်င္၊ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရရွိမည္၊ တ႐ုတ္၊ အေမရိကန္ တိုက္ခိုက္လွ်င္၊ ႏွစ္ဦးႏွစ္ဖက္ကို ထိခိုက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဒါအျပင္ ရွီက်င့္ဖိန္က တ႐ုတ္-အေမရိကန္ ဆက္ဆံမႈသည္ ကမာၻေပၚက အေရးအႀကီး ဆုံး ႏွစ္ဖက္ ဆက္ဆံမႈမ်ားတြင္ တစ္ခု အပါအဝင္ ျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ ႏွစ္ႏိုင္ငံ ဆက္ဆံမႈသည္ အခက္ အခဲအခ်ိဳ႕ ႀကဳံေတြ႕ေနရေၾကာင္း၊ ယင္းသည္ ႏွစ္ဖက္တို႔၏ အက်ိဳး စီးပြားႏွင့္ မကိုက္ ညီေၾကာင္း၊ ႏွစ္ႏိုင္ငံ အၾကား သေဘာကြဲလြဲမႈ ရွိေသာ္လည္း အက်ိဳး စီးပြား မ်ားလြန္စြာေရာေႏွာေပါင္းစပ္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈ နယ္ပယ္လည္း က်ယ္ျပန႔္ေၾကာင္း၊ ႏွစ္ဖက္တို႔သည္ အျငင္းပြား မႈႏွင့္ ယွဥ္ၿပိဳင္ခုခံမႈကို မျပဳသင့္ဘဲ အျပန္အလွန္ တြန္းအား ေပးၿပီး အတူ ဖြံ႕ၿဖိဳးတိုးတက္ရန္ ႀကိဳးပမ္းေဆာင္႐ြက္သင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ထရန႔္က မိမိသည္ တ႐ုတ္ျပည္ အေပၚ ရန္သူလို သေဘာမထားေၾကာင္း၊ ႏွစ္ႏိုင္ငံ ဆက္ဆံမႈ တစ္ေန႔တျခား ေကာင္းမြန္လာရန္ ေမွ်ာ္လင့္ေၾကာင္း၊ မိမိသည္ ရွီက်င့္ဖိန္ႏွင့္ အၾကားရွိ ေကာင္းမြန္ေသာ ဆက္ဆံမႈကို တန္ဖိုးထားၿပီး တ႐ုတ္ျပည္ႏွင့္ ပူးေပါင္း ေဆာင္႐ြက္မႈကို တိုးျမႇင့္လိုေၾကာင္း လည္း ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္ တ႐ုတ္ ႏိုင္ငံေတာ္ေကာင္စီ ဥကၠ႒ ရွီက်င့္ဖိန္က တ႐ုတ္-အေမရိကန္ စီးပြား ကုန္သြယ္ေရး ပူးေပါင္း ေဆာင္႐ြက္မႈ၏ အႏွစ္သာရမွာ အျပန္အလွန္ အက်ိဳးရွိေစေရးႏွင့္ ႏွစ္ဖက္စလုံး ေအာင္ျမင္မႈ ရရွိေရးပင္ ျဖစ္ေၾကာင္း၊ ႏွစ္ဖက္တို႔သည္ အလြန္ႀကီးမားေသာ ဘုံအက်ိဳးစီးပြားမ်ား ရွိ၍ ပူးေပါင္းေဆာင္႐ြက္ေရး မိတ္ဖက္ေကာင္း ျဖစ္သင့္ေၾကာင္း၊ တ႐ုတ္ျပည္သည္ အေမရိကန္ႏွင့္ ေဆြးေႏြးပြဲ က်င္းပၿပီး သေဘာ ကြဲလြဲမႈကို စီမံထိန္း ခ်ဳပ္ရန္ စိတ္ရင္းေစတနာ ရွိေၾကာင္း၊ သို႔ေသာ္ ေဆြးေႏြးပြဲ သည္ တန္းတူညီမွ်ၿပီး အျပန္အလွန္ ေလးစားေရးရွိကာ ႏွစ္ဖက္တို႔၏ တရားမွ်တမွန္ကန္ေသာ အျမဳေတ အက်ိဳးစီးပြားမ်ားကို ေထာက္ထားသင့္ေၾကာင္း၊ တ႐ုတ္ျပည္၏ အခ်ဳပ္အျခာ အာဏာႏွင့္ ဂုဏ္သိကၡာႏွင့္ ပတ္သက္ေသာ ျပႆာနာႏွင့္ပတ္သက္၍ တ႐ုတ္ျပည္ အေနႏွင့္ မိမိ၏ အျမဳေတ အက်ိဳးစီးပြားကို ထိန္းသိမ္းကာကြယ္ရမည္ ျဖစ္ေၾကာင္း၊ ကမာၻေပၚက အႀကီးဆုံး စီးပြားေရး အုပ္စု ၂ခု ျဖစ္သည့္ အေနျဖင့္ တ႐ုတ္ႏွင့္ အေမရိကန္ အၾကားရွိ သေဘာကြဲလြဲမႈကို ေနာက္ဆုံးက်ေတာ့ ညႇိႏႈိင္းေဆြးေႏြးျခင္းျဖင့္ ေျဖရွင္းရန္ လိုေၾကာင္း၊ ႏွစ္ဖက္စလုံး လက္ခံႏိုင္ၾကေသာ နည္းလမ္းျဖင့္ ေျဖရွင္းရန္ လိုအပ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ သမၼတ ထရန႔္က အေမရိကန္သည္ ညႇိႏႈိင္းေဆြးေႏြးျခင္းျဖင့္ ႏွစ္ႏိုင္ငံ တို႔၏ ကုန္သြယ္ေရး မညီမွ်မႈ ျပႆနာကို ေကာင္းမြန္သင့္ေလ်ာ္စြာ ကိုင္တြယ္ေျဖရွင္းၿပီး ႏွစ္ႏိုင္ငံ ကုမၸဏီမ်ား အတြက္ သမာသမတ္က်ေသာ အခြင့္အေရးမ်ားကို ေထာက္ပံ့ေပးရန္ ေမွ်ာ္လင့္ေၾကာင္း၊ အေမရိကန္သည္ တ႐ုတ္ျပည္မွ တင္သြင္းေသာ ကုန္ပစၥည္းမ်ား အေပၚ အခြန္သစ္ကို တိုးေကာက္ေတာ့မည္ မဟုတ္ေၾကာင္း၊ တ႐ုတ္ျပည္သည္ အေမရိကန္မွ ကုန္ပစၥည္း တင္သြင္းမႈကို တိုးပြားေစရန္ ေမွ်ာ္လင့္ေၾကာင္း၊ အေမရိကန္သည္ တ႐ုတ္ျပည္ႏွင့္ ႏွစ္ဖက္စလုံး လက္ခံႏိုင္ၾကေသာ ကုန္သြယ္ေရး သေဘာတူ စာခ်ဳပ္ကို ခ်ဳပ္ဆိုလိုေၾကာင္း၊ ယင္းသည္ သမိုင္းဝင္ အနက္အဓိပၸါယ္ ရွိေၾကာင္းလည္း ေျပာၾကား ခဲ့ပါတယ္။

ထို႔ျပင္ တ႐ုတ္ ႏိုင္ငံေတာ္ေကာင္စီ ဥကၠ႒ ရွီက်င့္ဖိန္က အေမရိကန္ အေနႏွင့္ တ႐ုတ္ ကုမၸဏီမ်ားႏွင့္ တ႐ုတ္ ပညာေတာ္သင္မ်ားကို သမာသမတ္က်စြာျဖင့္ သေဘာထားၿပီး ႏွစ္ႏိုင္ငံ ကုမၸဏီမ်ား၏ စီးပြားကုန္သြယ္ေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံေရး ဆိုင္ရာ ပုံမွန္ ပူးေပါင္း ေဆာင္႐ြက္မႈမ်ားႏွင့္ ႏွစ္ႏိုင္ငံ ျပည္သူမ်ား အၾကား ပုံမွန္ ကူးလူးဖလွယ္မႈမ်ားကို အာမခံေပးရန္ တ႐ုတ္ဘက္က ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ထရန႔္က တ႐ုတ္ျပည္တြင္ အလြန္ ထူးခြၽန္ေသာ ေက်ာင္းသူေက်ာင္းသား မ်ားစြာ ရွိေၾကာင္း၊ မိမိသည္ တ႐ုတ္ ေက်ာင္းသူေက်ာင္းသားမ်ားအား အေမရိကန္သို႔ လာေရာက္ ပညာသင္ၾကားရန္ အစဥ္တစိုက္ ႀကိဳဆိုေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ထိုင္ဝမ္ ျပႆနာႏွင့္ ပတ္သက္၍ တ႐ုတ္ အစိုးရ၏ အေျခခံမူႏွင့္ သေဘာထား ရပ္တည္ခ်က္ကို ရွီက်င့္ဖိန္က ရွင္းလင္းေျပာၾကားခဲ့ၿပီး အေမရိကန္ သမၼတ ထရန႔္က မိမိ အေနႏွင့္ ထိုင္ဝမ္ ျပႆနာႏွင့္ ပတ္သက္၍ တ႐ုတ္ျပည္၏ အာ႐ုံစိုက္မႈကို အေလးထားေၾကာင္း၊ အေမရိကန္သည္ တ႐ုတ္ျပည္ တစ္ျပည္တည္းသာရွိေရး မူဝါဒကို ဆက္လက္ က်င့္သုံးမည္ ျဖစ္ေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္-အေမရိကန္ ထိပ္သီးေတြ႕ဆုံ ေဆြးေႏြးပြဲ တြင္ တ႐ုတ္ ႏိုင္ငံေတာ္ ဥကၠ႒ ရွီက်င့္ဖိန္က အေမရိကန္-ေျမာက္ကိုးရီးယား ထိပ္သီး ေခါင္းေဆာင္မ်ား အၾကား ေဆြးေႏြးျခင္းႏွင့္ ဆက္ဆံမႈ ထားရွိရန္ အားေပးေထာက္ခံ ေၾကာင္း၊ အေမရိကန္ႏွင့္ ေျမာက္ကိုးရီးယားသည္ ေပ်ာ့ေပ်ာင္းမႈကို ျပသၿပီး ေဆြးေႏြးပြဲကို အျမန္ဆုံး ျပန္လည္ က်င္းပကာ ျပႆနာ ေျဖရွင္းေရး နည္းလမ္းကို ရွာႀကံ ရရွိရန္ တ႐ုတ္ျပည္ ေမွ်ာ္လင့္ေၾကာင္း၊ တ႐ုတ္ျပည္သည္ ယင္းအတြက္ အျပဳသေဘာ ေဆာင္ေသာ အခန္း က႑မွ ဆက္လက္ ပါဝင္ေဆာင္႐ြက္လိုေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

အေမရိကန္ သမၼတ ထရန႔္က ကိုးရီးယားကြၽန္းဆြယ္ ျပႆနာတြင္ တ႐ုတ္ျပည္၏ အေရးႀကီးသည့္ အခန္းက႑ကို အေမရိကန္က အေလးထားၿပီး တ႐ုတ္ျပည္ႏွင့္ ကူးလူးဆက္ဆံမႈႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္မႈကို ထားရွိလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ထိုသို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္မွာ တ႐ုတ္-အေမရိကန္ထိပ္သီးမ်ားေတြ႕ဆုံေဆြးေႏြး ပြဲတြင္၊ တ႐ုတ္ႏိုင္ငံေတာ္ေကာင္စီ ဥကၠ႒ ရွီက်င့္ဖိန္ ႏွင့္ အေမရိကန္ သမၼတ ထရန႔္တို႔က  တ႐ုတ္ - အေမရိကန္တို႔အေနႏွင့္ တန္းတူညီမွ်ၿပီး၊ အျပန္ အလွန္ေလးစားသည့္ အေျခခံေပၚ တြင္ စီးပြားကုန္သြယ္ေရးတိုင္ပင္ေဆြးေႏြးမႈ ျပန္လည္ျပဳလုပ္ရန္ သေဘာတူခဲ့ၾကသလို အေမရိကန္အေနႏွင့္၊ တ႐ုတ္ထြက္ကုန္မ်ားအေပၚ အခြန္သစ္မ်ားကို ဆက္မတိုးေကာက္ မဖို႔ သေဘာတူခဲ့ၾကပါတယ္။