【 ဗေဒင် 】ကြာသပတေးသားသမီးများအတွက် ယခုတစ်ပတ် ဆောင်ရန်/ရှောင်ရန်

ဒီရက်မှာ သင့်ကံက အညံတွေ များနေတတ်သလို  အနှောင့် အယှက်တွေ ပေါ်တတ်ပါတယ်။နေရာသစ် အိမ်သစ်တွေ အလုပ် အကိုင်အသစ်တွေ ပေါ်တတ်လို့ သင်ပြောင်းလဲသင့်ပါတယ်။ ဒီတစ် ပတ် သင့်ကို ပညာရေး၊ လူမှုရေး၊စီးပွားရေးအတွက် အကောင်းဆုံး အကြံပေးနိုင်တာက တနင်္ဂနွေသားသမီး တွေပါ။ ကံညံ့ပေမယ့် အလုပ်အကိုင်တွေ ရာထူးတိုးတာတွေ၊ အလုပ်လျှောက်တာတွေ အောင်မြင်မှု ရမယ့်ကာလပါ။ငွေဝင်ကောင်း နေသလိုငွေထွက်လည်းများနေတတ်တဲ့ အချိန်ကာလပါ။ ဒီကာလအတွင်း စပ်တူကိစ္စတွေ အကျိုးမပေး တတ်ပါဘူး။ ကျန်းမာရေးက ကောင်းနေပေမယ့် ညဘက်အိပ်မရတာတွေ ဖြစ်တတ်ပါတယ်။ပညာရေးကတော့ အဖျားရှုးကိန်းရှိနေပါတယ်။ အိမ်ထောင်သည်တွေ ချစ်သူတွေ မကြာခဏ စကားပြောတာ အဆင်မပြေဖြစ် တတ်ပြီး စိတ်ကုန်သလို ဖြစ်တတ်လို့ အလွယ်မဆုံးဖြတ်သင့်ပါဘူး။

ငွေကြေးအကျပ်အတည်းမှ လွတ်မြောက်ရန်။   ။ဘုရားအား ယခုတစ်ပတ်လုံး အောင်သပြေပန်းကပ် လှူကာ ရှင်သီဝလီဂါထာကို သက်စေ့ ရွတ်ဆိုပါ။

ပြည်ပထွက်ခွာလိုသူများ။    ။ ဘုရားရှေ့တွင် ကိုးရက်တိတိတဟိ့ ံတဟိ့ ံဂါထာ သက်စေ့ရွတ်ဆိုပေးပါ။

အလုပ်ရရှိရန်အခက်အခဲဖြစ်နေသူများ။  ။ဘုရားရှိ တနင်္ဂနွေထောင့်တွင်  ဂုဏ်တော်ပုတီးစိပ်ပြီး လိုရာဆုတောင်းပါ။

အိမ်ထောင်ရေး၊နှလုံးသားရေးအဆင်မပြေသူများ။  ။ အိမ်ထဲရှိ ဘူးလွတ်၊ကတ်ထူးစက္ကူဗူး အလွတ်တွေကို ဖယ်ရှားပါ။သွားတိုက်ဆေးဗူးအလွတ်တောင်မထားပါနဲ့။

လူမှုရေးအတိုက်အခံများသူများ။  ။အရဟံ အစချီ ဂါထာအား ရွတ်ဆိုပါ။ဘုရားတွင်  ရေသပ္ပါယ်ခြင်း၊ စေတီရင်ပြင်များ တွင် အမှိုက်များ ကောက်ခြင်း အား ပြုလုပ်ပေးပါ။

ကျန်းမာရေးမကောင်းသူများ ။  ။ ရေသတ္တဝါများကို မကြာခဏ ဘေးမဲ့လွှတ်ပါ။

ထီကံကောင်းလိုသူများ။  ။ လမ်းတွင်တွေ့သည့် တွန်းလှည်း ထီဆိုင်မှ ၁ /၅ ဂဏန်းများများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။

(   Zawgyi  )

 ဒီရက္မွာ သင့္ကံက အညံေတြ မ်ားေနတတ္သလို  အေႏွာင့္ အယွက္ေတြ ေပၚတတ္ပါတယ္။ေနရာသစ္ အိမ္သစ္ေတြ အလုပ္ အကိုင္အသစ္ေတြ ေပၚတတ္လို႔ သင္ေျပာင္းလဲသင့္ပါတယ္။ ဒီတစ္ ပတ္ သင့္ကို ပညာေရး၊ လူမႈေရး၊စီးပြားေရးအတြက္ အေကာင္းဆုံး အႀကံေပးႏိုင္တာက တနဂၤေႏြသားသမီး ေတြပါ။ ကံညံ့ေပမယ့္ အလုပ္အကိုင္ေတြ ရာထူးတိုးတာေတြ၊ အလုပ္ေလွ်ာက္တာေတြ ေအာင္ျမင္မႈ ရမယ့္ကာလပါ။ေငြဝင္ေကာင္း ေနသလိုေငြထြက္လည္းမ်ားေနတတ္တဲ့ အခ်ိန္ကာလပါ။ ဒီကာလအတြင္း စပ္တူကိစၥေတြ အက်ိဳးမေပး တတ္ပါဘူး။ က်န္းမာေရးက ေကာင္းေနေပမယ့္ ညဘက္အိပ္မရတာေတြ ျဖစ္တတ္ပါတယ္။ပညာေရးကေတာ့ အဖ်ားရႈးကိန္းရွိေနပါတယ္။ အိမ္ေထာင္သည္ေတြ ခ်စ္သူေတြ မၾကာခဏ စကားေျပာတာ အဆင္မေျပျဖစ္ တတ္ၿပီး စိတ္ကုန္သလို ျဖစ္တတ္လို႔ အလြယ္မဆုံးျဖတ္သင့္ပါဘူး။

ေငြေၾကးအက်ပ္အတည္းမွ လြတ္ေျမာက္ရန္။   ။ဘုရားအား ယခုတစ္ပတ္လုံး ေအာင္သေျပပန္းကပ္ လႉကာ ရွင္သီဝလီဂါထာကို သက္ေစ့ ႐ြတ္ဆိုပါ။

ျပည္ပထြက္ခြာလိုသူမ်ား။    ။ ဘုရားေရွ႕တြင္ ကိုးရက္တိတိတဟိ့ ံတဟိ့ ံဂါထာ သက္ေစ့႐ြတ္ဆိုေပးပါ။

အလုပ္ရရွိရန္အခက္အခဲျဖစ္ေနသူမ်ား။  ။ဘုရားရွိ တနဂၤေႏြေထာင့္တြင္  ဂုဏ္ေတာ္ပုတီးစိပ္ၿပီး လိုရာဆုေတာင္းပါ။

အိမ္ေထာင္ေရး၊ႏွလုံးသားေရးအဆင္မေျပသူမ်ား။  ။ အိမ္ထဲရွိ ဘူးလြတ္၊ကတ္ထူးစကၠဴဗူး အလြတ္ေတြကို ဖယ္ရွားပါ။သြားတိုက္ေဆးဗူးအလြတ္ေတာင္မထားပါနဲ႔။

လူမႈေရးအတိုက္အခံမ်ားသူမ်ား။  ။အရဟံ အစခ်ီ ဂါထာအား ႐ြတ္ဆိုပါ။ဘုရားတြင္  ေရသပၸါယ္ျခင္း၊ ေစတီရင္ျပင္မ်ား တြင္ အမႈိက္မ်ား ေကာက္ျခင္း အား ျပဳလုပ္ေပးပါ။

က်န္းမာေရးမေကာင္းသူမ်ား ။  ။ ေရသတၱဝါမ်ားကို မၾကာခဏ ေဘးမဲ့လႊတ္ပါ။

ထီကံေကာင္းလိုသူမ်ား။  ။ လမ္းတြင္ေတြ႕သည့္ တြန္းလွည္း ထီဆိုင္မွ ၁ /၅ ဂဏန္းမ်ားမ်ားပါေသာ ထီလက္မွတ္ကိုေ႐ြးထိုးပါ။