ကိုင်လီဂျန်နာ နဲ့ ‌‌‌‌ဂျေဒမ်စမစ် တွဲနေတာလားလို့ ပရိတ်သတ်တွေက ထင်ကြေးပေး

ကိုင်လီဂျန်နာ နဲ့ ‌‌‌‌ဂျေဒမ်စမစ် တွဲနေတာလားလို့ ပရိတ်သတ်တွေက ထင်ကြေးပေး

ကိုင်လီဂျန်နာ က Single လို့ တင်တာ ၂၄ နာရီတောင် မပြည့်သေးဘူး သူမပရိတ်သတ်တွေက သူမဟာ သူမအချစ်တွေကို ထရာဗစ် စကော့ ဆီကနေ ‌‌‌‌ဂျေဒမ်စမစ် ဆီကို ပြောင်းသွားပြီလားလို့ ထင်ကြေးပေးနေပါတယ်။

သူမဟာ တောင်ကယ်လိုလိုင်းနားမှာ ကျင်းပတဲ့ ဟေလီဘက်ဝင်း နဲ့ ဂျက်စတင်ဘီဘာ တို့ မင်္ဂလာပွဲကို သွားတက်ခဲ့ပါတယ်။ထိုမင်္ဂလာပွဲကို ထရာဗစ် နဲ့ လာတယ်ဆိုပြီး သတင်းမီဒီယာတစ်ချို့က ဖော်ပြသော်လည်း ပွဲမှာ သူကတော့ ‌‌‌‌ဂျေဒမ်စမစ် ပါတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ တစ်ယောက်တည်း ပျော်နေတာကို တွေ့ရပါတယ်။

သူနဲ့ ‌‌‌‌ဂျေဒမ်စမစ် တို့ အတူတွဲကနေတဲ့ ဓာတ်ပုံတွေလည်း ထွက်လာပြီး ဓာတ်ပုံထဲမှာ ‌‌‌‌ဂျေဒမ် က သူမတင်ပါးကို ကိုင်ထားတဲ့ပုံစံနဲ့ တူနေတာဖြစ်နေတာကြောင့် ယခုလို သူမပရိတ်သတ်တွေက ထင်ကြေးပေးနေတာ ဖြစ်ပါတယ်။

သူတို့ နှစ်ယောက်က ၂၀၁၃ ခုနှစ်တုန်းက တွဲဖူးတဲ့ အချစ်ဟောင်းတွေလည်း ဖြစ်ပါတယ်လို့ ဆိုပါတယ်။

TT

( Zawgyi )





TT