ရန်ကုန်သြင်္ကန်မှာ ပရိသတ်နဲ့အတူဖျော်ဖြေမယ့်မေမြင့်မိုရ်

ရန်ကုန်သြင်္ကန်မှာ ပရိသတ်နဲ့အတူဖျော်ဖြေမယ့်မေမြင့်မိုရ်

လာမယ့် သြင်္ကန်ကာလမှာ ရန်ကုန်က ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်ထားတယ်လို့ သရုပ်ဆောင် မေမြင့်မိုရ်က ပြောပါတယ်။

သူမဟာ ယခုနောက်ပိုင်း ရုပ်သံဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ဇာတ်ကားကြီး တွေမှာလည်း ရိုက်ကူးလာရပြီး ပရိသတ် အခိုင်အမာရရှိလာသူ ဖြစ်ပါတယ်။ "ရန်ကုန်က ပရိသတ်တွေ ကြားမှာ မေ ရှိမယ်၊ ကျိုက္ကဆံမှာ ဖျော်ဖြေမှာပါ၊ လာကြဖို့လည်း ဖိတ်ပါတယ်နော်"လို့ သရုပ်ဆောင် မေမြင့်မိုရ်က ပြောပါတယ်။  သြင်္ကန်ကို ပျော်စရာကောင်းတဲ့ အခြေအနေတွေနဲ့သာ ဖြတ်သန်းချင်သူလည်း ဖြစ်သလို ပရိသတ်တွေအတွက် ပျော်ရွှင်မှုတွေ ဖန်တီးပေးဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။ သြင်္ကန်အမှတ်တရ စကားနဲ့ပတ်သက်ပြီးတော့လည်း "မေက ငယ်ငယ်တုန်း ကဆိုရင် သြင်္ကန်ကိုသိပ်ပျော်တာပါ၊ ရေပက်ခံ ထွက်ရတဲ့ ပျော်ရွှင်မှုက ဘာနဲ့မှမလဲနိုင်ဘူးလေ၊ အခုတော့ ကိုယ့်ရဲ့ပျော်ရွှင်မှုက နည်းနည်းတော့ လျော့လာတယ်၊ ရင့်ကျက်တယ်ခေါ်မလားပဲ၊ ဒါပေမဲ့ ပရိသတ်တွေနဲ့အတူ သြင်္ကန်မှာ ရှိမှာပါ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘေးအန္တရာယ်ကင်းစွာ နှစ်သစ်ကို ဖြတ်သန်းနိုင်ပါစေလို့ မေက ဆုတောင်းပေး ပါတယ်"လို့ သူက ပြောခဲ့ပါတယ်။

သြင်္ကန်အပြီး ဧပြီလကုန်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားအတွက် ရိုက်ကူးဖို့ပြင်ဆင်နေပြီး ရုပ်သံဇာတ်လမ်း တွဲတွေ ကမ်းလှမ်းလာတဲ့အခါ ရိုက်ကူးမှာဖြစ်ကြောင်း၊ သင်ယူ လုပ်ကိုင်ဆဲ အဖြစ်ဖြင့်သာ ခံယူထားတာကြောင့်လည်း သူမဟာ ကျရာဇာတ်ရုပ်ကနေ ပါဝင်မှာဖြစ်သလို ဇာတ်ကောင် ကာရိုက်တာကို ရွေးချယ်မှုမရှိဘဲ သရုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၁၁

(  Zawgyi  )

 လာမယ့္ ၾသကၤန္ကာလမွာ ရန္ကုန္က ပရိသတ္ေတြကို ေဖ်ာ္ေျဖတင္ဆက္မႈေတြ လုပ္ေဆာင္ဖို႔ စီစဥ္ထားတယ္လို႔ သ႐ုပ္ေဆာင္ ေမျမင့္မိုရ္က ေျပာပါတယ္။

သူမဟာ ယခုေနာက္ပိုင္း ႐ုပ္သံဇာတ္လမ္းတြဲေတြသာမက ႐ုပ္ရွင္ဇာတ္ကားႀကီး ေတြမွာလည္း ႐ိုက္ကူးလာရၿပီး ပရိသတ္ အခိုင္အမာရရွိလာသူ ျဖစ္ပါတယ္။ "ရန္ကုန္က ပရိသတ္ေတြ ၾကားမွာ ေမ ရွိမယ္၊ က်ိဳကၠဆံမွာ ေဖ်ာ္ေျဖမွာပါ၊ လာၾကဖို႔လည္း ဖိတ္ပါတယ္ေနာ္"လို႔ သ႐ုပ္ေဆာင္ ေမျမင့္မိုရ္က ေျပာပါတယ္။  ၾသကၤန္ကို ေပ်ာ္စရာေကာင္းတဲ့ အေျခအေနေတြနဲ႔သာ ျဖတ္သန္းခ်င္သူလည္း ျဖစ္သလို ပရိသတ္ေတြအတြက္ ေပ်ာ္႐ႊင္မႈေတြ ဖန္တီးေပးဖို႔ စိတ္ကူးထားတယ္လို႔ ဆိုပါတယ္။ ၾသကၤန္အမွတ္တရ စကားနဲ႔ပတ္သက္ၿပီးေတာ့လည္း "ေမက ငယ္ငယ္တုန္း ကဆိုရင္ ၾသကၤန္ကိုသိပ္ေပ်ာ္တာပါ၊ ေရပက္ခံ ထြက္ရတဲ့ ေပ်ာ္႐ႊင္မႈက ဘာနဲ႔မွမလဲႏိုင္ဘူးေလ၊ အခုေတာ့ ကိုယ့္ရဲ႕ေပ်ာ္႐ႊင္မႈက နည္းနည္းေတာ့ ေလ်ာ့လာတယ္၊ ရင့္က်က္တယ္ေခၚမလားပဲ၊ ဒါေပမဲ့ ပရိသတ္ေတြနဲ႔အတူ ၾသကၤန္မွာ ရွိမွာပါ၊ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ေဘးအႏၲရာယ္ကင္းစြာ ႏွစ္သစ္ကို ျဖတ္သန္းႏိုင္ပါေစလို႔ ေမက ဆုေတာင္းေပး ပါတယ္"လို႔ သူက ေျပာခဲ့ပါတယ္။

ၾသကၤန္အၿပီး ဧၿပီလကုန္ပိုင္းမွာ ႐ုပ္ရွင္ဇာတ္ကားႀကီး တစ္ကားအတြက္ ႐ိုက္ကူးဖို႔ျပင္ဆင္ေနၿပီး ႐ုပ္သံဇာတ္လမ္း တြဲေတြ ကမ္းလွမ္းလာတဲ့အခါ ႐ိုက္ကူးမွာျဖစ္ေၾကာင္း၊ သင္ယူ လုပ္ကိုင္ဆဲ အျဖစ္ျဖင့္သာ ခံယူထားတာေၾကာင့္လည္း သူမဟာ က်ရာဇာတ္႐ုပ္ကေန ပါဝင္မွာျဖစ္သလို ဇာတ္ေကာင္ ကာ႐ိုက္တာကို ေ႐ြးခ်ယ္မႈမရွိဘဲ သ႐ုပ္ေဆာင္ေနတာ ျဖစ္တယ္လို႔ သိရပါတယ္။

 မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၁၁