သြင်္ကန်တေးစီးရီးများမိတ်ဆက်

 
သြင်္ကန်တေးစီးရီးများမိတ်ဆက်

တေးသံရှင် ယမင်းဧကရီ ရဲ့ အဆင်သင့်ဖြစ်ပြီလား လို့ နာမည်ရတဲ့ တေးအယ်လ်ဘမ်နဲ့ မြန်မာသြင်္ကန် နှစ်သစ်ကူး ပွဲတော်လို့ နာမည်ရတဲ့ တေးအယ်လ်ဘမ်တို့ကို ဒီကနေ့ (မတ်လ ၂၆ရက်) မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင် ဘုရားလမ်းက House of Orchid မှာ မိတ်ဆက်ပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။

အဲ့ဒီစီးရီးတွေကို မူပိုင်အဖြစ် မေမေ အိမ်ချမ်းမြေ့မင်း၊ စီစဉ်သူ ယမင်းဧကရီ တို့ရဲ့ ကိုယ်ပိုင်တေးစီးရီးလည်း ဖြစ်သလို ဗီစီဒီ ကာရာအိုကေအဖြစ် ဒါရိုက်တာ အောင်ဆက်က ရိုက်ကူးကာ Bo Bo Music Production က သြင်္ကန်အမီ ဖြန့်ချိတာ ဖြစ်ပါတယ်။ တေးရေးအဖြစ် ယမင်းဧကရီနဲ့ စိုးစနိုင် တို့က ရေးသားထားကာ သြင်္ကန်အငွေ့အသက်တွေပါဝင်တဲ့ တေးသီချင်းတွေလည်း ဖြစ်ပါတယ်။ "အဲ့ဒီအခွေတွေအနက်က အဆင်သင့်ဖြစ်ပြီလား ဆိုတဲ့ အခွေရောင်းရငွေတွေကို ရခိုင် ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ၊ မိဘမဲ့ ပရဟိတဂေဟာ တွေမှာ လှူဒါန်းသွားဖို့ဘရှိပါတယ်၊ ဒါကလည်း အားပေးကြတဲ့ ပရိသတ်ကို ကျေးဇူးတုန့်ပြန်တဲ့ အနေနဲ့ စီစဉ်တာလည်း ဖြစ်သလို အလှူကုသိုလ်ကိုလည်း ပရိသတ်တွေ ရအောင် ရည်ရွယ်တာ ဖြစ်ပါတယ်"လို့ တေးသံရှင် ယမင်းဧကရီက ပြောပါတယ်။

အဲ့ဒီခွေထဲမှာ တေးဂီတအဖြစ် စိုးစနိုင်၊ KB စိုးမိုး၊ ဇေထူးအောင် တို့က တီးခတ်ပေးထားသလို ဆောင်းအိန္ဒြေထွန်း၊ ဇူးဇူးဟိန်း၊ ပိတောက်သစ္စာ ယိမ်းအဖွဲ့ တို့ရဲ့ ပါဝင်သရုပ်ဆောင်မှုတွေ၊ ယိမ်းအကတွေလည်း ပါဝင်တာ ဖြစ်တယ်လို့ သိရပါတယ်။

(မင်းခေတ်လင်း)
ရန်ကုန်၊ မတ် ၂၆

(   Zawgyi  )

 ေတးသံရွင္ ယမင္းဧကရီ ရဲ႕ အဆင္သင့္ျဖစ္ၿပီလား လို႔ နာမည္ရတဲ့ ေတးအယ္လ္ဘမ္နဲ႔ ျမန္မာၾသကၤန္ ႏွစ္သစ္ကူး ပြဲေတာ္လို႔ နာမည္ရတဲ့ ေတးအယ္လ္ဘမ္တို႔ကို ဒီကေန႔ (မတ္လ ၂၆ရက္) မြန္းလြဲပိုင္းက ရန္ကုန္ၿမိဳ႕၊ ဗိုလ္တေထာင္ ဘုရားလမ္းက House of Orchid မွာ မိတ္ဆက္ပြဲ တစ္ရပ္ က်င္းပခဲ့ပါတယ္။

အဲ့ဒီစီးရီးေတြကို မူပိုင္အျဖစ္ ေမေမ အိမ္ခ်မ္းေျမ့မင္း၊ စီစဥ္သူ ယမင္းဧကရီ တို႔ရဲ႕ ကိုယ္ပိုင္ေတးစီးရီးလည္း ျဖစ္သလို ဗီစီဒီ ကာရာအိုေကအျဖစ္ ဒါ႐ိုက္တာ ေအာင္ဆက္က ႐ိုက္ကူးကာ Bo Bo Music Production က ၾသကၤန္အမီ ျဖန႔္ခ်ိတာ ျဖစ္ပါတယ္။ ေတးေရးအျဖစ္ ယမင္းဧကရီနဲ႔ စိုးစႏိုင္ တို႔က ေရးသားထားကာ ၾသကၤန္အေငြ႕အသက္ေတြပါဝင္တဲ့ ေတးသီခ်င္းေတြလည္း ျဖစ္ပါတယ္။ "အဲ့ဒီအေခြေတြအနက္က အဆင္သင့္ျဖစ္ၿပီလား ဆိုတဲ့ အေခြေရာင္းရေငြေတြကို ရခိုင္ ျပည္နယ္က စစ္ေဘးေရွာင္ျပည္သူေတြရဲ႕ ျပန္လည္ထူေထာင္ေရး လုပ္ငန္းေတြ၊ မိဘမဲ့ ပရဟိတေဂဟာ ေတြမွာ လႉဒါန္းသြားဖို႔ဘရွိပါတယ္၊ ဒါကလည္း အားေပးၾကတဲ့ ပရိသတ္ကို ေက်းဇူးတုန႔္ျပန္တဲ့ အေနနဲ႔ စီစဥ္တာလည္း ျဖစ္သလို အလႉကုသိုလ္ကိုလည္း ပရိသတ္ေတြ ရေအာင္ ရည္႐ြယ္တာ ျဖစ္ပါတယ္"လို႔ ေတးသံရွင္ ယမင္းဧကရီက ေျပာပါတယ္။

အဲ့ဒီေခြထဲမွာ ေတးဂီတအျဖစ္ စိုးစႏိုင္၊ KB စိုးမိုး၊ ေဇထူးေအာင္ တို႔က တီးခတ္ေပးထားသလို ေဆာင္းအိေျႏၵထြန္း၊ ဇူးဇူးဟိန္း၊ ပိေတာက္သစၥာ ယိမ္းအဖြဲ႕ တို႔ရဲ႕ ပါဝင္သ႐ုပ္ေဆာင္မႈေတြ၊ ယိမ္းအကေတြလည္း ပါဝင္တာ ျဖစ္တယ္လို႔ သိရပါတယ္။

(မင္းေခတ္လင္း)
ရန္ကုန္၊ မတ္ ၂၆