အနုပညာကို ဝါသနာအရ တစ်ခါတရံလုပ်နေတဲ့ ဟာသသရုပ်ဆောင် ဖိုးဖြူ

အနုပညာကို ဝါသနာအရ တစ်ခါတရံလုပ်နေတဲ့  ဟာသသရုပ်ဆောင် ဖိုးဖြူ

ဟာသ သရုပ်ဆောင် ဖိုးဖြူဟာ အခုဆိုရင် အနုပညာအလုပ်တွေကို စီးပွားဖြစ်မလုပ်တော့ပေမယ့် ဝါသနာအရ ပွဲလမ်းသဘင်တွေမှာ ပါဝင်ဖျော်ဖြေတာတွေနဲ့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။“ဦးအနေနဲ့က နေမကောင်းခဲ့တာရယ်၊ အသက်ကကြီးလာတာရယ်ကြောင့် လောလောဆယ်မှာ အနုပညာအလုပ်တွေကို နားထားတယ်၊ သူငယ်ချင်းတွေက ဖိတ်လာတာတို့ အရမ်းလည်းခင်မင်ရတဲ့ ဟာမျိုး ကျတော့ အဲ့ဒီလို လူမှုရေးပွဲတွေ၊ ဆရာကန်တော့ပွဲတွေ၊ ပွဲလမ်းသဘင်တွေမှာ ပါဖြစ်တယ်၊ အဲ့ဒါလည်း တစ်ခါတရံလောက်ပဲပေါ့၊ အနုပညာကို စီးပွားဖြစ်မလုပ်တော့ဘူး၊ ဝါသနာအရပဲပေါ့နော် လုပ်တော့တယ်၊ လက်ရှိလုပ်နေတာက ပရဟိတအလုပ်ကလေးတွေလုပ်နေတယ်”လို့ သူက ပြောပါတယ်။

လွန်ခဲ့သော ငါးနှစ်လောက်က အသည်းရောင်အသားဝါ စီ ပိုးဖြစ်ခဲ့သလို ရောဂါပျောက်ကင်း သွားပြီးသည့် နောက်တွင် ပရဟိတအလုပ်များအဖြစ် ဆင်းရဲနွမ်းပါးသော ဘီပိုး၊ စီပိုး ဝေဒနာရှင် များကို ကုသမှုအပိုင်းတွင် ပံ့ပိုးပေးခဲ့ကြောင်း၊ အသည်းဆရာဝန်ကြီးတစ်ဦးရဲ့ အကူအညီဖြင့် ၎င်းရဲ့ နေအိမ်မှာဆေးခန်းဖွင့်ထားပြီး ယင်းဆရာဝန်ကြီးက စမ်းသပ်ကုသပေးသလို စမ်းသပ်ခလည်း ပေးစရာမလိုအောင် စီစဉ်ပေးထားကြောင်း၊ လူမျိုးဘာသာမရွေးကုသနိုင်အောင်စီစဉ်ပေးထားသလို ရောဂါအတွက်သွေးစစ်ဆေးမှုတွေလုပ်ဆောင်ဖို့ လိုအပ်ပါကလည်း မြန်မာနိုင်ငံရဲ့အကောင်း ဆုံးသော ဓာတ်ခွဲခန်းမှာ တစ်ဝက်ဈေးနှုန်းဖြင့် သွားရောက် စစ်ဆေးနိုင်အောင် ပံ့ပိုးကူညီပေးထား တယ် လို့ သိရပါတယ်။

 လတ်တလောမှာ တက္ကသိုလ်နဲ့ပတ်သက်တဲ့ ပွဲတစ်ချို့မှာ ဝါသနာအရပါဝင်လုပ်ဆောင်နေပြီး ကျောင်းသား ဘဝအမှတ်တရတွေလည်း ရှိခဲ့ကြောင်း၊ ယခုခေတ်မှာ ကျောင်းသား၊ ကျောင်းသူ အများဖြစ်တဲ့ ဆယ်တန်းအောင်သူ ၁၀ ဦးအနက် ၈ ဦးလောက်ဟာ အလုပ်တစ်ဖက်ဖြင့် အဝေးသင် တက်ရောက်နေရတာကြောင့် အနီးကပ်ကျောင်းတက်ရက်တွေ၊ စနေ၊ တနင်္ဂနွေလောက်မှ လက်တွေ့ သင်ခန်းစာ လာလုပ်ရင်းလာကြတာကြာင့် တက္ကသိုလ်နဲ့ စိမ်းနေသလို ဖြစ်တာမျိုး ကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။

“တက္ကသိုလ်နဲ့ပတ်သက်လို့ ပြောရင် အများကြီးပဲလေ၊ အမှတ်တရက၊ ဦးတို့က ကျောင်းပျော်ကြီး ဦးအရိုင်းနဲ့ စတွေ့ပြီးခင်မင်ကြတယ်၊ သူက သင်္ချာမေဂျာကလေ။ ကျောင်းပြီးသွားတာတောင် အပြင်မသွားဘူး၊ တက္ကသိုလ်အနုပညာအသင်းမှာ လုပ်နေတာ၊ ကျောင်းထဲမှာပဲနေ၊ ကျောင်းထဲ မှာအိပ်၊ မနက်ဆိုရင် ရေဘုံဘိုင်မှာ ရေချိုးကြတယ်၊ လဲစရာ အင်္ကျ ီ လုံချည်တောင် မရှိလို့ ညနေ ဘက်ဆိုရင် တက္ကသိုလ် ဂွမ်းပုံ တို့က ယူသွားပြီး လျှော်ပေးတယ်၊ မနက်ပြန်ယူလာတယ်၊ အဲ့ဒီလို ဝတ်စရာမရှိတော့ ဇာတ်သေတ္တာထဲက ဇော်ဂျီ အဝတ်တွေ၊ နတ်ရုပ်အဝတ်တွေ ဝတ်ပြီး ညဘက် ကျောင်းထဲမှာ လျှောက်သွားနေတာ၊ တစ်ချို့က ပြောတယ်၊ သရဲခြောက်တယ်ဆိုတာ အဲ့ဒါ၊ တကယ်တော့ တကယ်သရဲ မဟုတ်ဘူး၊ ဂစ်တာလာတီးတဲ့သူတွေက ဦးတို့ကို မြင်ပြီးတော့ လန့်ပြီး ထွက်ပြေးတာ အဲ့ဒါကြောင့်။

တက္ကသိုလ်ရဲ့ အရိပ်အာဝါသက ဘယ်လိုမှ မေ့မရဘူး၊ သူများတွေ မုန့်ဖိုး ၅ိကျပ်၊ ၁ဝိ သုံးနေတဲ့အချိန် ဦးတို့က ၁ိ၊ ၂ိ ကျပ်လောက်ပဲရတာပါ၊ အဲ့ဒီတုန်းက ပိုက်ဆံ ငါးမူး၊ သုံးမတ်လောက်ရှိရင် မနက်စာ ကောင်းကောင်းစားလို့ရတယ်၊ အခုထိလည်း အမှတ်ရနေဆဲပါ”လို့ ဟာသ သရုပ်ဆောင် ဖိုးဖြူက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇန်နဝါရီ ၅

(  Zawgyi  )

 ဟာသ သ႐ုပ္ေဆာင္ ဖိုးျဖဴဟာ အခုဆိုရင္ အႏုပညာအလုပ္ေတြကို စီးပြားျဖစ္မလုပ္ေတာ့ေပမယ့္ ဝါသနာအရ ပြဲလမ္းသဘင္ေတြမွာ ပါဝင္ေဖ်ာ္ေျဖတာေတြနဲ႔ လုပ္ေဆာင္ေနတယ္လို႔ ေျပာပါတယ္။“ဦးအေနနဲ႔က ေနမေကာင္းခဲ့တာရယ္၊ အသက္ကႀကီးလာတာရယ္ေၾကာင့္ ေလာေလာဆယ္မွာ အႏုပညာအလုပ္ေတြကို နားထားတယ္၊ သူငယ္ခ်င္းေတြက ဖိတ္လာတာတို႔ အရမ္းလည္းခင္မင္ရတဲ့ ဟာမ်ိဳး က်ေတာ့ အဲ့ဒီလို လူမႈေရးပြဲေတြ၊ ဆရာကန္ေတာ့ပြဲေတြ၊ ပြဲလမ္းသဘင္ေတြမွာ ပါျဖစ္တယ္၊ အဲ့ဒါလည္း တစ္ခါတရံေလာက္ပဲေပါ့၊ အႏုပညာကို စီးပြားျဖစ္မလုပ္ေတာ့ဘူး၊ ဝါသနာအရပဲေပါ့ေနာ္ လုပ္ေတာ့တယ္၊ လက္ရွိလုပ္ေနတာက ပရဟိတအလုပ္ကေလးေတြလုပ္ေနတယ္”လို႔ သူက ေျပာပါတယ္။

လြန္ခဲ့ေသာ ငါးႏွစ္ေလာက္က အသည္းေရာင္အသားဝါ စီ ပိုးျဖစ္ခဲ့သလို ေရာဂါေပ်ာက္ကင္း သြားၿပီးသည့္ ေနာက္တြင္ ပရဟိတအလုပ္မ်ားအျဖစ္ ဆင္းရဲႏြမ္းပါးေသာ ဘီပိုး၊ စီပိုး ေဝဒနာရွင္ မ်ားကို ကုသမႈအပိုင္းတြင္ ပံ့ပိုးေပးခဲ့ေၾကာင္း၊ အသည္းဆရာဝန္ႀကီးတစ္ဦးရဲ႕ အကူအညီျဖင့္ ၎ရဲ႕ ေနအိမ္မွာေဆးခန္းဖြင့္ထားၿပီး ယင္းဆရာဝန္ႀကီးက စမ္းသပ္ကုသေပးသလို စမ္းသပ္ခလည္း ေပးစရာမလိုေအာင္ စီစဥ္ေပးထားေၾကာင္း၊ လူမ်ိဳးဘာသာမေ႐ြးကုသႏိုင္ေအာင္စီစဥ္ေပးထားသလို ေရာဂါအတြက္ေသြးစစ္ေဆးမႈေတြလုပ္ေဆာင္ဖို႔ လိုအပ္ပါကလည္း ျမန္မာႏိုင္ငံရဲ႕အေကာင္း ဆုံးေသာ ဓာတ္ခြဲခန္းမွာ တစ္ဝက္ေဈးႏႈန္းျဖင့္ သြားေရာက္ စစ္ေဆးႏိုင္ေအာင္ ပံ့ပိုးကူညီေပးထား တယ္ လို႔ သိရပါတယ္။

 လတ္တေလာမွာ တကၠသိုလ္နဲ႔ပတ္သက္တဲ့ ပြဲတစ္ခ်ိဳ႕မွာ ဝါသနာအရပါဝင္လုပ္ေဆာင္ေနၿပီး ေက်ာင္းသား ဘဝအမွတ္တရေတြလည္း ရွိခဲ့ေၾကာင္း၊ ယခုေခတ္မွာ ေက်ာင္းသား၊ ေက်ာင္းသူ အမ်ားျဖစ္တဲ့ ဆယ္တန္းေအာင္သူ ၁၀ ဦးအနက္ ၈ ဦးေလာက္ဟာ အလုပ္တစ္ဖက္ျဖင့္ အေဝးသင္ တက္ေရာက္ေနရတာေၾကာင့္ အနီးကပ္ေက်ာင္းတက္ရက္ေတြ၊ စေန၊ တနဂၤေႏြေလာက္မွ လက္ေတြ႕ သင္ခန္းစာ လာလုပ္ရင္းလာၾကတာၾကာင့္ တကၠသိုလ္နဲ႔ စိမ္းေနသလို ျဖစ္တာမ်ိဳး ကိုလည္း ေတြ႕ရတယ္လို႔ ေျပာပါတယ္။

“တကၠသိုလ္နဲ႔ပတ္သက္လို႔ ေျပာရင္ အမ်ားႀကီးပဲေလ၊ အမွတ္တရက၊ ဦးတို႔က ေက်ာင္းေပ်ာ္ႀကီး ဦးအ႐ိုင္းနဲ႔ စေတြ႕ၿပီးခင္မင္ၾကတယ္၊ သူက သခ်ၤာေမဂ်ာကေလ။ ေက်ာင္းၿပီးသြားတာေတာင္ အျပင္မသြားဘူး၊ တကၠသိုလ္အႏုပညာအသင္းမွာ လုပ္ေနတာ၊ ေက်ာင္းထဲမွာပဲေန၊ ေက်ာင္းထဲ မွာအိပ္၊ မနက္ဆိုရင္ ေရဘုံဘိုင္မွာ ေရခ်ိဳးၾကတယ္၊ လဲစရာ အက်ၤ ီ လုံခ်ည္ေတာင္ မရွိလို႔ ညေန ဘက္ဆိုရင္ တကၠသိုလ္ ဂြမ္းပုံ တို႔က ယူသြားၿပီး ေလွ်ာ္ေပးတယ္၊ မနက္ျပန္ယူလာတယ္၊ အဲ့ဒီလို ဝတ္စရာမရွိေတာ့ ဇာတ္ေသတၱာထဲက ေဇာ္ဂ်ီ အဝတ္ေတြ၊ နတ္႐ုပ္အဝတ္ေတြ ဝတ္ၿပီး ညဘက္ ေက်ာင္းထဲမွာ ေလွ်ာက္သြားေနတာ၊ တစ္ခ်ိဳ႕က ေျပာတယ္၊ သရဲေျခာက္တယ္ဆိုတာ အဲ့ဒါ၊ တကယ္ေတာ့ တကယ္သရဲ မဟုတ္ဘူး၊ ဂစ္တာလာတီးတဲ့သူေတြက ဦးတို႔ကို ျမင္ၿပီးေတာ့ လန႔္ၿပီး ထြက္ေျပးတာ အဲ့ဒါေၾကာင့္။

တကၠသိုလ္ရဲ႕ အရိပ္အာဝါသက ဘယ္လိုမွ ေမ့မရဘူး၊ သူမ်ားေတြ မုန႔္ဖိုး ၅ိက်ပ္၊ ၁ဝိ သုံးေနတဲ့အခ်ိန္ ဦးတို႔က ၁ိ၊ ၂ိ က်ပ္ေလာက္ပဲရတာပါ၊ အဲ့ဒီတုန္းက ပိုက္ဆံ ငါးမူး၊ သုံးမတ္ေလာက္ရွိရင္ မနက္စာ ေကာင္းေကာင္းစားလို႔ရတယ္၊ အခုထိလည္း အမွတ္ရေနဆဲပါ”လို႔ ဟာသ သ႐ုပ္ေဆာင္ ဖိုးျဖဴက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇန္နဝါရီ ၅