အသွင်သစ် Amazfit GTR ကို နာမည်ကြီး စမတ်နာရီကုမ္ပဏီ Huami မှ ထပ်မံ မိတ်ဆက်

အသွင်သစ် Amazfit GTR ကို နာမည်ကြီး စမတ်နာရီကုမ္ပဏီ Huami မှ ထပ်မံ မိတ်ဆက်

နာမည်ကြီး ရှောင်းမီ (Xiaomi) နဲ့ ပူးပေါင်းပြီး စမတ်နာရီတွေ ထုတ်လုပ်နေတဲ့ Huami မှ ၎င်းရဲ့ စမတ်နာရီအသစ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

Amazfit GTR လို့ အမည်ပေးထားပြီး အရွယ်အစားအနေနဲ့ 42mm အရွယ် နဲ့ 47mm အရွယ်ဆိုပြီး ပုံစံ ၂ မျိုး ထွက်ရှိလာမှာလည်း ဖြစ်ပါတယ်။

အဆိုပါ စမတ်နာရီ အသစ်ရဲ့ ဒီဇိုင်းကတော့ လုံးဝန်းတဲ့ OLED မျက်နှာပြင်နဲ့ဖြစ်ပြီး၊ ပုံစံ နှစ်ခုစလုံးဟာ ကြည်လင်ပြတ်သားတဲ့ 326ppi pixel အသုံးပြုထားပါတယ်။ 47mm အရွယ်က 1.39” panel (454 x 454px)ကို သုံးထားပြီး  42mm အရွယ်ကတော့ 1.2” screen (390 x 390px)ကို သုံးထားပေးပါတယ်။ပုံစံနှစ်ခုစလုံးကို စွန်းခြစ်ရာခံနိုင်ရည်ရှိတဲ့ နောက်ဆုံးထုတ် Gorilla Glass 3 မျက်နှာပြင် ဖုံးအုပ်ပေးထားပြီး အသုံးပြုချိန် ကြာရှည်ခံနိုင်အောင် ဘက်ထရီကို 47mm model မှာ ၂၄ ရက်အသုံးပြုနိုင်တဲ့ 410mAh ထည့်သွင်းပေးထားပြီး 42mm ပုံစံမှာ ၁၂ ရက်အသုံးပြုနိုင်တဲ့  195mAh ကို ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

ထုံးစံအတိုင်း စမတ်နာရီတွေမှာ ပါနေကြ  GPS+GLONASS ထည့်သွင်းပေးထားပြီး လေ့ကျင့်ခန်း ၁၂ ခုကို မှတ်တမ်းတင်ပေးနိုင်မှာဖြစ်ကာ ရေစိုခံမှာလည်း ဖြစ်ပါတယ်။အခြားသော လုပ်ဆောင်မှုတွေကတော့ အခြားသော စမတ်နာရီများနဲ့ တူညီပါတယ်။

Amazfit GTR 42mm standard edition ဟာ $120 (မြန်မာငွေ ၁၈၀,၀၀၀ ခန့်) ကျသင့်မှာပါ။ဒါ့အပြင် special edition လည်း ထွက်ရှိလာမယ် ဆိုပါတယ်။

နောက်ထပ် version ဖြစ်တဲ့ 47mm ပုံစံကတော့ $145 (မြန်မာငွေ ၂သိန်းကျော်ခန့်) ကျသင့်မှာဖြစ်သလို၊ titanium version ကတော့ $205 (မြန်မာငွေ ၃သိန်းကျော်ခန့်) ကျသင့်မှာလည်း ဖြစ်ပြီး၊ 47mm version မှာ Iron Man Limited Edition ပါ ထွက်ရှိလာမယ်လို့လည်း သိရပါတယ်။

Damien

( Zawgyi )

နာမည္ႀကီး ေရွာင္းမီ (Xiaomi) နဲ႔ ပူးေပါင္းၿပီး စမတ္နာရီေတြ ထုတ္လုပ္ေနတဲ့ Huami မွ ၎ရဲ႕ စမတ္နာရီအသစ္ကို မိတ္ဆက္ေပးလိုက္ပါတယ္။

Amazfit GTR လို႔ အမည္ေပးထားၿပီး အ႐ြယ္အစားအေနနဲ႔ 42mm အ႐ြယ္ နဲ႔ 47mm အ႐ြယ္ဆိုၿပီး ပုံစံ ၂ မ်ိဳး ထြက္ရွိလာမွာလည္း ျဖစ္ပါတယ္။

အဆိုပါ စမတ္နာရီ အသစ္ရဲ႕ ဒီဇိုင္းကေတာ့ လုံးဝန္းတဲ့ OLED မ်က္ႏွာျပင္နဲ႔ျဖစ္ၿပီး၊ ပုံစံ ႏွစ္ခုစလုံးဟာ ၾကည္လင္ျပတ္သားတဲ့ 326ppi pixel အသုံးျပဳထားပါတယ္။ 47mm အ႐ြယ္က 1.39” panel (454 x 454px)ကို သုံးထားၿပီး  42mm အ႐ြယ္ကေတာ့ 1.2” screen (390 x 390px)ကို သုံးထားေပးပါတယ္။ပုံစံႏွစ္ခုစလုံးကို စြန္းျခစ္ရာခံႏိုင္ရည္ရွိတဲ့ ေနာက္ဆုံးထုတ္ Gorilla Glass 3 မ်က္ႏွာျပင္ ဖုံးအုပ္ေပးထားၿပီး အသုံးျပဳခ်ိန္ ၾကာရွည္ခံႏိုင္ေအာင္ ဘက္ထရီကို 47mm model မွာ ၂၄ ရက္အသုံးျပဳႏိုင္တဲ့ 410mAh ထည့္သြင္းေပးထားၿပီး 42mm ပုံစံမွာ ၁၂ ရက္အသုံးျပဳႏိုင္တဲ့  195mAh ကို ထည့္သြင္းေပးထားတာေတြ႕ရပါတယ္။

ထုံးစံအတိုင္း စမတ္နာရီေတြမွာ ပါေနၾက  GPS+GLONASS ထည့္သြင္းေပးထားၿပီး ေလ့က်င့္ခန္း ၁၂ ခုကို မွတ္တမ္းတင္ေပးႏိုင္မွာျဖစ္ကာ ေရစိုခံမွာလည္း ျဖစ္ပါတယ္။အျခားေသာ လုပ္ေဆာင္မႈေတြကေတာ့ အျခားေသာ စမတ္နာရီမ်ားနဲ႔ တူညီပါတယ္။

Amazfit GTR 42mm standard edition ဟာ $120 (ျမန္မာေငြ ၁၈၀,၀၀၀ ခန႔္) က်သင့္မွာပါ။ဒါ့အျပင္ special edition လည္း ထြက္ရွိလာမယ္ ဆိုပါတယ္။

ေနာက္ထပ္ version ျဖစ္တဲ့ 47mm ပုံစံကေတာ့ $145 (ျမန္မာေငြ ၂သိန္းေက်ာ္ခန႔္) က်သင့္မွာျဖစ္သလို၊ titanium version ကေတာ့ $205 (ျမန္မာေငြ ၃သိန္းေက်ာ္ခန႔္) က်သင့္မွာလည္း ျဖစ္ၿပီး၊ 47mm version မွာ Iron Man Limited Edition ပါ ထြက္ရွိလာမယ္လို႔လည္း သိရပါတယ္။

Damien