【 နည်းပညာ 】လမ်းပေါ်ရောက်လာမယ့် Tesla ရဲ့ စက်ရုပ်အငှားယာဉ်

【 နည်းပညာ 】လမ်းပေါ်ရောက်လာမယ့် Tesla ရဲ့ စက်ရုပ်အငှားယာဉ်

သန်းနဲ့ချီသော စက်ရုပ်ကားများကို ၂၀၂၀ တွင် လမ်းပေါ်မှာ မြင်တွေ့ရမယ်လို့ Tesla မှ ပြောကြားလိုက်ပါတယ်။

Tesla အချို့သော စက်ရုပ်အငှားယာဉ်တွေဟာ Uber နဲ့ Lyft ကုမ္ပဏီတွေမှာ အသုံးပြုနေပြီး၊ အဆိုပါ ကုမ္ပဏီတွေရဲ့ ယာဉ်မောင်းတွေကို အငှားချထားတာဖြစ်ပြီး Tesla မှ ၃၀ ရာခိုင်နှုန်း ဝန်ဆောင်ခအဖြစ် ဖြတ်တောက်တယ်လို့ ဆိုပါတယ်။

Tesla ရဲ့ CEO အီလွန်မက်စ် (Elon Musk) ကတော့ စက်ရုပ်အငှားယာဉ်တွေကို မောင်းနှင်သူမပါဝင်ပဲ ကိုယ်တိုင်ထိန်းချုပ်နိုင်စေဖို့ စိတ်အားထက်သန်စွာ ကြိုးပမ်းသွားမယ်လို့လည်း ပြောကြားထားပါတယ်။

မက်စ်ကတော့ Tesla မှ စတီယာရင်နဲ့ ခြေနင်းတွေ မပါဝင်နဲ့ ကားတွေကို လာမယ့်နှစ်နှစ်အတွင်းမှာ တီထွင်သွားမယ်လို့ ယုံကြည်နေပြီး၊ သမရိုးကျ ထိန်းချုပ်ဖို့ မလိုတဲ့ ယာဉ်တွေ မကြာမီ နှစ်တွေမှာ ထွက်ပေါ်လာနိုင်တယ်လို့လည်း ယုံကြည်နေပါတယ်။

ယခုအချိန်မှာတော့ Tesla ကားတွေကို လမ်းကြောင်းအတိုင်း အလိုအလျောက် ထိန်းချုပ်နိုင်စေဖို့အတွက် Autopilot feature ကို အဆင့်မြှင့်တင် ထုတ်လုပ်နေတယ်လို့ မက်စ် က ပြောကြားခဲ့ပြီး၊ ၂၀၂၀ မှာ အဆိုပါ software အဆင့်မြှင့်တင်ပြီးက Tesla ကားတွေဟာ အလိုအလျောက် ထိန်းချုပ်သွားနိုင်မယ်လို့လည်း ဆိုပါတယ်။

Tesla ဘက်မှတော့ ၂၀၁၉ နှစ်ကုန်ပိုင်းမှာ တစ်ပတ်အတွင်း ကားအစီးရေ တစ်သောင်းဝန်းကျင် ထုတ်လုပ်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Damien

(  Zawgyi  )







Damien