【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး 64MP ကင်မရာ ပါဝင်လာတဲ့ Remi Note 8 Pro

【 နည်းပညာ 】 ကမ္ဘာ့ပထမဆုံး 64MP ကင်မရာ ပါဝင်လာတဲ့ Remi Note 8 Pro

Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုဖြစ်တဲ့ Redmi မှ ယမန်နေ့က မိတ်ဆက်ပွဲမှာ ၎င်းရဲ့ ထုတ်ကုန်သစ်တွေကို ဖော်ထုတ်လိုက်ပြီ ဖြစ်ပါတယ်။

ထုတ်ကုန်သစ်တွေထဲမှာ Redmi ချစ်သူတွေ မျှော်လင့်စောင့်စားနေရတဲ့ Redmi Note 8 series ပါဝင်လာခဲ့ပြီး Redmi Note 8 Pro ကတော့ ကမ္ဘာ့ပထမဆုံး 64MP ကင်မရာ ပါဝင်လာတဲ့ စမတ်ဖုန်းဖြစ်ခဲ့ပါတယ်။

64MP ပါဝင်တဲ့ စမတ်ဖုန်းကို Redmi နဲ့ ပြိုင်ဘက် Realme တို့ အပြိုင်အဆိုင် ထုတ်လုပ်ခဲ့ကြတာပါ။ပထမထွက်ပေါ်တဲ့ သတင်းတွေအရ Realme မှ လက်ဦးမှု ရယူသွားမယ်လို့ ထင်ကြေးပေးခဲ့ကြပေမယ့်၊ 64MP ကင်မရာ ပါဝင်တဲ့ စမတ်ဖုန်းကို တရားဝင် မိတ်ဆက်လိုက်နိုင်တာကတော့ Redmi ဖြစ်သွားခဲ့ပါတယ်။ 64MP ကင်မရာ ပါဝင်လာခဲ့ပေမယ့် Redmi ဟာ ၎င်းရဲ့ ဈေးနှုန်းချိုသာတယ်ဆိုတဲ့ နာမည်ဂုဏ်သတင်းကိုတော့ အထိအခိုက်မခံပဲ ဈေးနှုန်းတွေ ကြေညာခဲ့ရာမှာလည်း အံ့အားသင့်ဖွယ် သက်သာနေတာကို မြင်တွေ့ရပါတယ်။

Redmi Note 8 Pro ရဲ့ specs ကတော့ သတင်းတွေ ထွက်ပေါ်ထားသလိုပဲ Mediatek ရဲ့ Chipset သစ်ဖြစ်တဲ့ ဂိမ်းအသားပေး Helio G90T နဲ့ မောင်းနှင်ပေးထားပြီး၊ 6.53-inch Full HD+ resolution ရှိတဲ့ LCD Panel ကို တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ကင်မရာတွေကိုတော့ ဖုန်းရဲ့နောက်ဘက် အလယ်တည့်တည့်မှာ ဒေါင်လိုက်တပ်ဆင်ထားပြီး၊ 64MP အဓိက ကင်မရာ၊ 8MP ultra-wide + 2MP depth + 2MP macro တို့ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။လက်ဗွေကိရိယာကိုလည်း ကင်မရာတွေအောက်ဖက်မှာပဲ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ 4,500mAh ရှိတဲ့ ပမာဏခပ်များများ ဘက်ထရီကို အသုံးပြုထားပြီး 18W မြန်နှုန်းမြှင့် အားသွင်းစနစ်လည်း ထောက်ပံ့ပါဝင်ပါတယ်။ဒါ့အပြင် ဂိမ်းဆော့နေစဉ် စမတ်ဖုန်းရဲ့ အပူချိန်ကို ထိန်းညှိပေးရန် Liquid Cooling Chamber လည်း ပါဝင်လာတာ မြင်တွေ့ရပါတယ်။ရှေ့ဘက် 20MP AI selfie ကင်မရာကိုတော့ notch အတွင်းမှာ တပ်ဆင်ပေးထားတာ ဖြစ်ပါတယ်။

Redmi Note 8 Pro ဟာ အမည်းရောင်၊ အဖြူရောင်၊ အစိမ်းရောင်ဆိုပြီး အရောင်သုံးမျိုး ရွေးချယ်နိုင်မှာဖြစ်ကာ၊ 6/64 GB ကို မြန်မာငွေ ၃၀၀,၀၀၀ ဝန်းကျင် နဲ့ 8/128 GB ကိုတော့ မြန်မာငွေ ၃၉၀,၀၀၀ ဝန်းကျင်တို့နဲ့ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Damien

( Zawgyi )

Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုျဖစ္တဲ့ Redmi မွ ယမန္ေန႔က မိတ္ဆက္ပြဲမွာ ၎ရဲ႕ ထုတ္ကုန္သစ္ေတြကို ေဖာ္ထုတ္လိုက္ၿပီ ျဖစ္ပါတယ္။

ထုတ္ကုန္သစ္ေတြထဲမွာ Redmi ခ်စ္သူေတြ ေမွ်ာ္လင့္ေစာင့္စားေနရတဲ့ Redmi Note 8 series ပါဝင္လာခဲ့ၿပီး Redmi Note 8 Pro ကေတာ့ ကမာၻ႔ပထမဆုံး 64MP ကင္မရာ ပါဝင္လာတဲ့ စမတ္ဖုန္းျဖစ္ခဲ့ပါတယ္။

64MP ပါဝင္တဲ့ စမတ္ဖုန္းကို Redmi နဲ႔ ၿပိဳင္ဘက္ Realme တို႔ အၿပိဳင္အဆိုင္ ထုတ္လုပ္ခဲ့ၾကတာပါ။ပထမထြက္ေပၚတဲ့ သတင္းေတြအရ Realme မွ လက္ဦးမႈ ရယူသြားမယ္လို႔ ထင္ေၾကးေပးခဲ့ၾကေပမယ့္၊ 64MP ကင္မရာ ပါဝင္တဲ့ စမတ္ဖုန္းကို တရားဝင္ မိတ္ဆက္လိုက္ႏိုင္တာကေတာ့ Redmi ျဖစ္သြားခဲ့ပါတယ္။ 64MP ကင္မရာ ပါဝင္လာခဲ့ေပမယ့္ Redmi ဟာ ၎ရဲ႕ ေဈးႏႈန္းခ်ိဳသာတယ္ဆိုတဲ့ နာမည္ဂုဏ္သတင္းကိုေတာ့ အထိအခိုက္မခံပဲ ေဈးႏႈန္းေတြ ေၾကညာခဲ့ရာမွာလည္း အံ့အားသင့္ဖြယ္ သက္သာေနတာကို ျမင္ေတြ႕ရပါတယ္။

Redmi Note 8 Pro ရဲ႕ specs ကေတာ့ သတင္းေတြ ထြက္ေပၚထားသလိုပဲ Mediatek ရဲ႕ Chipset သစ္ျဖစ္တဲ့ ဂိမ္းအသားေပး Helio G90T နဲ႔ ေမာင္းႏွင္ေပးထားၿပီး၊ 6.53-inch Full HD+ resolution ရွိတဲ့ LCD Panel ကို တပ္ဆင္ေပးထားတာျဖစ္ပါတယ္။ကင္မရာေတြကိုေတာ့ ဖုန္းရဲ႕ေနာက္ဘက္ အလယ္တည့္တည့္မွာ ေဒါင္လိုက္တပ္ဆင္ထားၿပီး၊ 64MP အဓိက ကင္မရာ၊ 8MP ultra-wide + 2MP depth + 2MP macro တို႔ကို ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။လက္ေဗြကိရိယာကိုလည္း ကင္မရာေတြေအာက္ဖက္မွာပဲ ထည့္သြင္းေပးထားတာ ျဖစ္ပါတယ္။ 4,500mAh ရွိတဲ့ ပမာဏခပ္မ်ားမ်ား ဘက္ထရီကို အသုံးျပဳထားၿပီး 18W ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္လည္း ေထာက္ပံ့ပါဝင္ပါတယ္။ဒါ့အျပင္ ဂိမ္းေဆာ့ေနစဥ္ စမတ္ဖုန္းရဲ႕ အပူခ်ိန္ကို ထိန္းညႇိေပးရန္ Liquid Cooling Chamber လည္း ပါဝင္လာတာ ျမင္ေတြ႕ရပါတယ္။ေရွ႕ဘက္ 20MP AI selfie ကင္မရာကိုေတာ့ notch အတြင္းမွာ တပ္ဆင္ေပးထားတာ ျဖစ္ပါတယ္။

Redmi Note 8 Pro ဟာ အမည္းေရာင္၊ အျဖဴေရာင္၊ အစိမ္းေရာင္ဆိုၿပီး အေရာင္သုံးမ်ိဳး ေ႐ြးခ်ယ္ႏိုင္မွာျဖစ္ကာ၊ 6/64 GB ကို ျမန္မာေငြ ၃၀၀,၀၀၀ ဝန္းက်င္ နဲ႔ 8/128 GB ကိုေတာ့ ျမန္မာေငြ ၃၉၀,၀၀၀ ဝန္းက်င္တို႔နဲ႔ ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

Damien