【 နည်းပညာ 】 မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက်ဈေးကွက်ထဲ Oppo ဝင်ရောက်လာတော့မည်

【 နည်းပညာ 】 မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက်ဈေးကွက်ထဲ Oppo ဝင်ရောက်လာတော့မည်

ယခုနောက်ပိုင်း မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက်‌တွေရဲ့ ဈေးကွက်ဟာ ပိုမိုကြီးမားလာတာ မြင်တွေ့ရပါတယ်။

တရုတ်နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Huawei နဲ့ Xiaomi တို့ဟာ တက်ဘလက်ဈေးကွက်မှာ အောင်မြင်ခဲ့ပြီးနောက် Oppo ကုမ္ပဏီကလည်း မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက်တွေ ထုတ်လုပ်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။

နည်းပညာသတင်းတွေကို ဖော်ထုတ်လေ့ရှိတဲ့ Digital Chat Station ကတော့ Oppo တက်ဘလက်ရဲ့ စွမ်းဆောင်ရည်အချို့ကို တရုတ်လူမှုကွန်ယက် Weibo မှာ ဖော်ပြခဲ့ပါတယ်။

Digital Chat Station ရဲ့ အဆိုအရ Oppo တက်ဘလက်ဟာ ၁၂.၆ လက်မ အရွယ်အစား မျက်နှာပြင်နဲ့ဖြစ်ပြီး၊ အဆင့်မြှင့်တင်ထားတဲ့ ColorOS ကို ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ဒါ့အပြင် တက်ဘလက်ရဲ့ ဘေးဘောင်တွေဟာ ကျဉ်းမြောင်းမှာဖြစ်ပြီး မျက်နှာပြင်ပြည့် အရသာကို ခံစားနိုင်မယ်မှာဖြစ်တယ်လို့ ‌သတင်းထွက်ပေါ်လျက်ရှိနေပါတယ်။

Oppo တက်ဘလက်ကို Digital Chat Station ကတော့ စွမ်း‌ဆောင်ရည်မြင့်မားတဲ့ တက်ဘလက်တစ်လုံးလို့ဆိုထားတဲ့အတွက် တက်ဘလက်ဈေးကွက်အတွင်း Xiaomi Mi Pad 5 series ကို အဓိကယှဉ်ပြိုင်လာဖွယ်ရှိနေပါတယ်။

Oppo အပြင် Realme နဲ့ VIVO တို့ရဲ့ တက်ဘလက်သတင်းတွေလည်း ပေါ်ထွက်လျက်ရှိနေပြီး မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက်ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာတော့မှာဖြစ်ပါတယ်။

Damien
ဩဂုတ် - ၂၇