【 နည်းပညာ 】 မြန်နှုန်းမြှင့် အားသွင်းစနစ်သစ်ကို Huawei စမ်းသပ်နေ

【 နည်းပညာ 】 မြန်နှုန်းမြှင့် အားသွင်းစနစ်သစ်ကို Huawei စမ်းသပ်နေ

တရုတ်နည်းပညာကုမ္ပဏီ Huawei အနေနဲ့ မြန်နှုန်းမြှင့် အားသွင်းစနစ်သစ်ကို စမ်းသပ်ဆောင်ရွက်လျက်ရှိတယ်လို့ နည်းပညာသတင်းတွေ ဖော်ထုတ်သူ @DigitalChatStation က ဖော်ပြခဲ့ပါတယ်။

လက်ရှိ Huawei ရဲ့ အမြန်ဆုံး အားသွင်းစနစ်ဟာ SuperCharge 66W မြန်နှုန်းဖြစ်ပြီး၊ Mate 40 series စမတ်ဖုန်းတွေနဲ့အတူ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

လက်ရှိ သတင်းထွက်ပေါ်မှုတွေအရ Huawei ဟာ 66W မြန်နှုန်းထက် ပိုမြန်တဲ့ အားသွင်းစနစ်သစ်တစ်ခုကို စမ်းသပ်ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ Mate 40 series မှာ ပါဝင်လာခဲ့တဲ့ SuperCharge 66W မြန်နှုန်းမြှင့် အားသွင်းစနစ်ဟာ 4,300mAh ပမာဏရှိတဲ့ ဘက်ထရီကို ၃ မိနစ်အတွင်း အားအပြည့်သွင်းပေးနိုင်တယ်လို့ ဆိုပါတယ်။

Huawei စမ်းသပ်နေတဲ့ မြန်နှုန်းမြှင့် အားသွင်းစနစ်သစ်ကတော့ 90W မြန်နှုန်းရှိမယ်လို့ သိရပြီး၊ ဇူလိုင်လကုန်ပိုင်းလောက်မှာ မိတ်ဆက်လာမယ့် P50 series စမတ်ဖုန်းတွေမှာ အဆိုပါမြန်နှုန်းမြှင့် အားသွင်းစနစ် ပါဝင်လာမလားဆိုတာကိုတော့ ကွဲကွဲပြားပြားမသိရသေးပါဘူး။အကယ်၍ P50 series မှာ မပါဝင်လာခဲ့ရင်တော့ ၂၀၂၂ ခုနှစ်မှာ မိတ်ဆက်လာဖွယ်ရှိတဲ့ Mate 50 series မှာသာ ပါဝင်လာဖွယ်ရှိနေပါတယ်။

Mate 40 series မိတ်ဆက်ပွဲမှာ Huawei Consumer Business CEO ဖြစ်တဲ့ ရစ်ချတ် ယူကတော့ ကုမ္ပဏီအနေနဲ့ 120W နဲ့ 200W မြန်နှုန်းရှိတဲ့ အားသွင်းစနစ်တွေကို စမ်းသပ်နေတယ်လို့ ပြောကြားခဲ့တာရှိပါတယ်။ဒါပေမယ့် Huawei အနေနဲ့ 90W မြန်နှုန်း အားသွင်းစနစ်ကိုသာ အရင်ဆုံးမိတ်ဆက်ဖွယ်ရှိနေပါတယ်။

Damien
ဇူလိုင် - ၁၃