【 နည်းပညာ 】 Samsung မှ ဖော်ဆောင်သွားမယ့် 6G ကွန်ယက်စီမံကိန်း

【 နည်းပညာ 】 Samsung မှ ဖော်ဆောင်သွားမယ့် 6G ကွန်ယက်စီမံကိန်း

ကမ္ဘာတဝန်း 5G ကွန်ယက်တောင် ပြည့်ပြည့်ဝဝမရှိသေးချိန်မှာ Samsung မှ 6G ကွန်ယက်စီမံကိန်းကို ကြံဆနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။

ကိုရီးယားနည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Samsung က 6G ကွန်ယက်စီမံကိန်းကို ၂၀၂၈ ခုနှစ်မှာ ဖော်ဆောင်ပြီး ၂၀၃၀ ခုနှစ်မှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်အောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

လက်ရှိ နောက်ဆုံးထွက်ကွန်ယက် 5G ဟာ စတင်အသုံးပြုစအဆင့်သာရှိသေးပြီး ကမ္ဘာတဝန်းကို မလွှမ်းခြုံနိုင်သေးပါဘူး။ဒါပေမယ့် နည်းပညာကုမ္ပဏီကြီးတွေကတော့ 6G ကွန်ယက်ကို ကြိုးပမ်းနေကြပါပြီ။ 6G ကွန်ယက်ဟာ 5G ကွန်ယက်ထက် အဆ ၅၀ ပိုမြန်မယ်လို့ သတင်းတွေအရသိရပြီး၊ Samsung ကတော့ ၎င်းကြံဆနေတဲ့ 6G ကွန်ယက်ဟာ ၁ စက္ကန့်ကို 1000GB မြန်နှုန်းထိ မြန်ဆန်မယ်လို့ တွက်ဆထားပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံကသာ 5G ကွန်ယက်ကို အသေအချာအသုံးချနေနိုင်ပြီဖြစ်ပြီး၊ Covid-19 ကူးစက်ရောဂါကို တွန်းလှန်ရာမှာ 5G ကွန်ယက် ချိတ်ဆက်မှုရဲ့ အကူအညီကိုလည်း ရယူခဲ့ကြောင်း သိရပါတယ်။

Damien
( Zawgyi )
ကမာၻတဝန္း 5G ကြန္ယက္ေတာင္ ျပည့္ျပည့္ဝဝမရွိေသးခ်ိန္မွာ Samsung မွ 6G ကြန္ယက္စီမံကိန္းကို ႀကံဆေနတယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။

ကိုရီးယားနည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Samsung က 6G ကြန္ယက္စီမံကိန္းကို ၂၀၂၈ ခုႏွစ္မွာ ေဖာ္ေဆာင္ၿပီး ၂၀၃၀ ခုႏွစ္မွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳႏိုင္ေအာင္ ႀကိဳးပမ္းသြားမယ္လို႔ ဆိုပါတယ္။

လက္ရွိ ေနာက္ဆုံးထြက္ကြန္ယက္ 5G ဟာ စတင္အသုံးျပဳစအဆင့္သာရွိေသးၿပီး ကမာၻတဝန္းကို မလႊမ္းၿခဳံႏိုင္ေသးပါဘူး။ဒါေပမယ့္ နည္းပညာကုမၸဏီႀကီးေတြကေတာ့ 6G ကြန္ယက္ကို ႀကိဳးပမ္းေနၾကပါၿပီ။ 6G ကြန္ယက္ဟာ 5G ကြန္ယက္ထက္ အဆ ၅၀ ပိုျမန္မယ္လို႔ သတင္းေတြအရသိရၿပီး၊ Samsung ကေတာ့ ၎ႀကံဆေနတဲ့ 6G ကြန္ယက္ဟာ ၁ စကၠန႔္ကို 1000GB ျမန္ႏႈန္းထိ ျမန္ဆန္မယ္လို႔ တြက္ဆထားပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံကသာ 5G ကြန္ယက္ကို အေသအခ်ာအသုံးခ်ေနႏိုင္ၿပီျဖစ္ၿပီး၊ Covid-19 ကူးစက္ေရာဂါကို တြန္းလွန္ရာမွာ 5G ကြန္ယက္ ခ်ိတ္ဆက္မႈရဲ႕ အကူအညီကိုလည္း ရယူခဲ့ေၾကာင္း သိရပါတယ္။

Damien