【 နည်းပညာ 】5G modems များကို Apple ကို ရောင်းချပေးရန် Huawei အစီအစဉ်ရှိ

【  နည်းပညာ 】5G modems များကို Apple ကို ရောင်းချပေးရန် Huawei အစီအစဉ်ရှိ

Huawei မှ MCW 2019 ပွဲမှာ Mate X ကို မိတ်ဆက်ခဲ့တာ မြင်တွေ့ခဲ့ပြီးကြမှာပါ။

Huawei ကုမ္ပဏီရဲ့ ပထမဆုံး Balong 5000 platform နဲ့ 5G ကွန်ယက် အသုံးပြုနိုင်တဲ့ စမတ်ဖုန်းဖြစ်ပါတယ်။

ယခုမှာတော့ တရုတ်နည်းပညာ ကုမ္ပဏီကြီးဟာ ၎င်းတို့ရဲ့ 5G ထောက်ပံ့နိုင်တဲ့ chips တွေကို အခြားကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ကို ရောင်းချပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းဟာ ထူးဆန်းနေပေမယ့် Huawei ရဲ့ ထုတ်ကုန် smart products တွေဖြစ်တဲ့ စမတ်ဖုန်းတွေနဲ့ အခြားသော Iot technology တွေမှာ 5G ကွန်ယက် အသုံးပြုနိုင်အောင် အဆိုပါ platform က ထောက်ပံ့မှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Qualcomm နဲ့ Samsung တို့မှ Apple ကို 5G chips တွေ ရောင်းချပေးဖို့ ငြင်းဆန်ခဲ့ပြီးနောက်မှာတော့ Intel ကုမ္ပဏီမှလည်း ၎င်းရဲ့ XMM 8160 5G systems တွေကို iPhones မျိုးဆက် နှစ်ခုအတွက် ထောက်ပံ့ပေးမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

အနာဂတ်မှာ ထွက်ပေါ်လာမယ့် iPhones မျိုးဆက်သစ်တွေအတွက် 5G နည်းပညာကို Huawei ကပဲ ထောက်ပံ့ပေးမလား အခြားမည်သည့်ကုမ္ပဏီက 5G systems တွေ ရောင်းချပေးဦးမလဲ ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Damien 

(  Zawgyi  )

 Huawei မွ MCW 2019 ပြဲမွာ Mate X ကို မိတ္ဆက္ခဲ့တာ ျမင္ေတြ႕ခဲ့ၿပီးၾကမွာပါ။

Huawei ကုမၸဏီရဲ႕ ပထမဆုံး Balong 5000 platform နဲ႔ 5G ကြန္ယက္ အသုံးျပဳႏိုင္တဲ့ စမတ္ဖုန္းျဖစ္ပါတယ္။

ယခုမွာေတာ့ တ႐ုတ္နည္းပညာ ကုမၸဏီႀကီးဟာ ၎တို႔ရဲ႕ 5G ေထာက္ပံ့ႏိုင္တဲ့ chips ေတြကို အျခားကုမၸဏီတစ္ခုျဖစ္တဲ့ Apple ကို ေရာင္းခ်ေပးဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

အဆိုပါ သတင္းဟာ ထူးဆန္းေနေပမယ့္ Huawei ရဲ႕ ထုတ္ကုန္ smart products ေတြျဖစ္တဲ့ စမတ္ဖုန္းေတြနဲ႔ အျခားေသာ Iot technology ေတြမွာ 5G ကြန္ယက္ အသုံးျပဳႏိုင္ေအာင္ အဆိုပါ platform က ေထာက္ပံ့မႈေပးႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

ဒါ့အျပင္ Qualcomm နဲ႔ Samsung တို႔မွ Apple ကို 5G chips ေတြ ေရာင္းခ်ေပးဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္မွာေတာ့ Intel ကုမၸဏီမွလည္း ၎ရဲ႕ XMM 8160 5G systems ေတြကို iPhones မ်ိဳးဆက္ ႏွစ္ခုအတြက္ ေထာက္ပံ့ေပးမယ္လို႔လည္း သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။

အနာဂတ္မွာ ထြက္ေပၚလာမယ့္ iPhones မ်ိဳးဆက္သစ္ေတြအတြက္ 5G နည္းပညာကို Huawei ကပဲ ေထာက္ပံ့ေပးမလား အျခားမည္သည့္ကုမၸဏီက 5G systems ေတြ ေရာင္းခ်ေပးဦးမလဲ ဆိုတာကိုေတာ့ ဆက္လက္ေစာင့္ၾကည့္ရမွာပဲ ျဖစ္ပါတယ္။

Damien