【 နည်းပညာ 】League of Legends: Wild Rift အတွက် အစီအစဉ်သစ်တစ်ခုကို Riot ကြေညာ

【   နည်းပညာ  】League of Legends: Wild Rift အတွက် အစီအစဉ်သစ်တစ်ခုကို Riot ကြေညာ

၂၀၂၁ ခုနှစ်အတွင်းမှာ League of Legends: Wild Rift စမတ်ဖုန်းဂိမ်းအတွက် ကြီးမားတဲ့အစီအစဉ်တွေရှိတယ်လို့ Riot က ဆိုပါတယ်။
 
Moba ဂိမ်းတွေမှာ လူကြိုက်များနေတဲ့ ARAM mode (All Random All Mid) ကျရာ ဂိမ်း‌ဇာတ်ကောင်နဲ့ အလယ်လမ်းတစ်လမ်းတည်း တိုက်ပွဲဝင်ဆော့ကစားရမယ့် အစီအစဉ်ကို Wild Rift ဂိမ်းဆီကို ယူဆောင်လာမယ်လို့ Riot က အတည်ပြုခဲ့ပါတယ်။
 
Riot ရဲ့ အစီအစဉ်သစ်ရဲ့ ပုံစံဟာ သာမန်ဆော့ကစားတာနဲ့ တူညီမှာဖြစ်ပြီး၊ ကွဲပြားသွားတာကတော့ အလယ်လမ်းတစ်လမ်းတည်းဖြစ်ပြီး၊ ကျရာ ဂိမ်းဇာတ်ကောင်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒါ့အပြင် ARAM mode မှာ စခန်းဆီသို့ ပြန်သွားနိုင်မှာ မဟုတ်သလို၊ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း တိုက်ခိုက်နေစဉ်အတွင်း ဝယ်ယူနိုင်မှာမဟုတ်ပါဘူး။ Wild Rift ရဲ့ ARAM mode ဟာ လတ်တလော ပြည်တွင်းမှာ နာမည်ကြီးနေတဲ့ Mobile Legends Bang Bang (MLBB) ရဲ့ Brawl mode နဲ့ တူညီမှာလည်းဖြစ်ပါတယ်။
 
Riot မှ Wild Rift အတွက် ARAM mode အစီအစဉ်သစ်ကို ကြေညာပေးခဲ့သလို၊ ၂၀၂၁ ခုနှစ်ရဲ့ လတိုင်းမှာ ပျမ်းမျှ ဂိမ်းဇာတ်ကောင် ၂ ကောင် ထွက်ရှိမယ်လို့လည်း ဆိုခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း ဂိမ်းဇာတ်ကောင် ၂၄ ကောင် တိုးလာမယ်လို့လည်း အတည်ပြုခဲ့ပါသေးတယ်။
 
Damien 
 
( Zawgyi  )
 
 ၂၀၂၁ ခုႏွစ္အတြင္းမွာ League of Legends: Wild Rift စမတ္ဖုန္းဂိမ္းအတြက္ ႀကီးမားတဲ့အစီအစဥ္ေတြရွိတယ္လို႔ Riot က ဆိုပါတယ္။
 
Moba ဂိမ္းေတြမွာ လူႀကိဳက္မ်ားေနတဲ့ ARAM mode (All Random All Mid) က်ရာ ဂိမ္း‌ဇာတ္ေကာင္နဲ႔ အလယ္လမ္းတစ္လမ္းတည္း တိုက္ပြဲဝင္ေဆာ့ကစားရမယ့္ အစီအစဥ္ကို Wild Rift ဂိမ္းဆီကို ယူေဆာင္လာမယ္လို႔ Riot က အတည္ျပဳခဲ့ပါတယ္။
 
Riot ရဲ႕ အစီအစဥ္သစ္ရဲ႕ ပုံစံဟာ သာမန္ေဆာ့ကစားတာနဲ႔ တူညီမွာျဖစ္ၿပီး၊ ကြဲျပားသြားတာကေတာ့ အလယ္လမ္းတစ္လမ္းတည္းျဖစ္ၿပီး၊ က်ရာ ဂိမ္းဇာတ္ေကာင္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ဒါ့အျပင္ ARAM mode မွာ စခန္းဆီသို႔ ျပန္သြားႏိုင္မွာ မဟုတ္သလို၊ လိုအပ္တဲ့ ပစၥည္းေတြကိုလည္း တိုက္ခိုက္ေနစဥ္အတြင္း ဝယ္ယူႏိုင္မွာမဟုတ္ပါဘူး။ Wild Rift ရဲ႕ ARAM mode ဟာ လတ္တေလာ ျပည္တြင္းမွာ နာမည္ႀကီးေနတဲ့ Mobile Legends Bang Bang (MLBB) ရဲ႕ Brawl mode နဲ႔ တူညီမွာလည္းျဖစ္ပါတယ္။
 
Riot မွ Wild Rift အတြက္ ARAM mode အစီအစဥ္သစ္ကို ေၾကညာေပးခဲ့သလို၊ ၂၀၂၁ ခုႏွစ္ရဲ႕ လတိုင္းမွာ ပ်မ္းမွ် ဂိမ္းဇာတ္ေကာင္ ၂ ေကာင္ ထြက္ရွိမယ္လို႔လည္း ဆိုခဲ့ပါတယ္။ ၂၀၂၁ ခုႏွစ္အတြင္း ဂိမ္းဇာတ္ေကာင္ ၂၄ ေကာင္ တိုးလာမယ္လို႔လည္း အတည္ျပဳခဲ့ပါေသးတယ္။
 
Damien